သူတို့ထွက်သွားကြစဉ် လမ်းတွင် ရှိမုန်ဟု ခေါ်သော ကုရေနေမြို့သားတစ်ဦးကို တွေ့သဖြင့် သူ့အား ယေရှု၏ လက်ဝါးကပ်တိုင်ကို အတင်းအကျပ်ထမ်းစေကြ၏။
ရှင်မာကု 15:21 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအချိန်၌ စစ်သားများသည် တောရွာမှ ပြန်လာသော ကုရေနေမြို့သား ရှိမုန်ကိုတွေ့သဖြင့် သူ့အား ယေရှု၏ လက်ဝါးကပ်တိုင်ကို အတင်းအကျပ်ထမ်းစေကြ၏။ ရှိမုန်သည် အလက်ဇန်းဒါးနှင့် ရုဖုတို့၏ ဖခင်ဖြစ်၏။ Common Language Bible ထိုအချိန်၌ (အာလေဇန္ဒြုနှင့်ရုဖုတို့၏အဖ၊ ကုရေနေပြည်သား) ရှိမုန်သည်ကျေးလက်တော ရွာဘက်မှလာ၏။ စစ်သားတို့သည်သူ့ကိုအတင်း အကြပ်ခေါ်၍ ကိုယ်တော်၏လက်ဝါးကပ်တိုင်ကို ထမ်းစေ၏။- Garrad Bible ကျေး တော မှ လာ သော ခ ရီး သည် ကု ရေ နေ ပြည် သား အ လေ ဇ န္ဒြု နှင့် ရု ဖု တို့ အ ဖ ရှိ မုန် ကို အ နိုင့် အ ထက် ကား တိုင် ထမ်း ခိုင်း လျက်၊ Judson Bible အာလေဇန္ဒြုနှင့် ရုဖု၏အဘ ရှိမုန်အမည်ရှိသော ကုရေနေပြည်သားတစ်ယောက်သည်၊ တောရွာမှ လာ၍ လမ်း၌သွားသည်ကို သူတို့သည်တွေ့လျှင်၊ အနိုင်ပြု၍ လက်ဝါးကပ်တိုင်တော်ကို ထမ်းစေကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုစဉ် အလက်ဇန္ဒြားနှင့်ရုဖုတို့၏ဖခင်ဖြစ်သည့် ကုရေနေမြို့သားရှိမုန်သည် တောရွာမှလာ၍ လမ်း၌ဖြတ်သွားသည်ကို သူတို့တွေ့သဖြင့် ကိုယ်တော်၏လက်ဝါးကပ်တိုင်ကို သူ့အား အတင်းအကျပ်ထမ်းစေကြ၏။ မြန်မာ အာလေဇန္ဒြုနှင့် ရုဖု၏အဘ ရှိမုန်အမည်ရှိသော ကုရေနေပြည်သားတစ်ယောက်သည်၊ တောရွာမှ လာ၍ လမ်း၌သွားသည်ကို သူတို့သည်တွေ့လျှင်၊ အနိုင်ပြု၍ လက်ဝါးကပ်တိုင်တော်ကို ထမ်းစေကြ၏။- |
သူတို့ထွက်သွားကြစဉ် လမ်းတွင် ရှိမုန်ဟု ခေါ်သော ကုရေနေမြို့သားတစ်ဦးကို တွေ့သဖြင့် သူ့အား ယေရှု၏ လက်ဝါးကပ်တိုင်ကို အတင်းအကျပ်ထမ်းစေကြ၏။
တစ်စုံတစ်ဦးသည် သင့်ကို အတင်းအကျပ်ပြု၍ ခရီးတစ်မိုင်သွားစေလျှင် ထိုသူနှင့်အတူ ခရီးနှစ်မိုင်သွားလော့။
ထိုသို့ ပြက်ရယ်ပြုကြပြီးနောက် ခရမ်းရောင်ဝတ်ရုံကို ချွတ်၍ အဝတ်တော်ကို ပြန်ဝတ်ပေးကြ၏။ ထို့နောက် လက်ဝါးကပ်တိုင်ပေါ်တွင် သတ်ရန် ခေါ်ဆောင်သွားကြ၏။
မိမိလက်ဝါးကပ်တိုင်ကို ထမ်း၍ ငါ့နောက်သို့ မလိုက်သောသူသည်လည်း ငါ့တပည့်မဖြစ်နိုင်ပါ။
ယေရှုအား ခေါ်ဆောင်သွားစဉ် စစ်သားတို့သည် ကျေးလက်ဒေသမှလာသော ကုရေနေမြို့သား ရှိမုန်ကိုဖမ်းဆီး၍ လက်ဝါးကပ်တိုင်ကိုထမ်းစေပြီးလျှင် ယေရှု၏နောက်တော်မှလိုက်စေကြ၏။
ကိုယ်တော်သည် လက်ဝါးကပ်တိုင်ကို ကိုယ်တိုင်ထမ်း၍ ဦးခေါင်းခွံဟု ခေါ်ဆိုသောအရပ်သို့ ကြွတော်မူ၏။ ထိုအရပ်ကို ဟေဗြဲဘာသာဖြင့် “ဂေါလဂေါသ” ဟု ခေါ်ဆို၏။
သို့သော် ထိုသူတို့အထဲတွင် ဆိုက်ပရပ်ကျွန်းနှင့် ကုရေနေမြို့သားတချို့ပါရှိ၍ အန္တိအုတ်မြို့သို့သွားကြပြီးလျှင် ဂရိစကားပြောသောလူတို့အား သခင်ယေရှုအကြောင်းကို ဟောပြောကြလေ၏။
ဆီးရီးယားပြည် အန္တိအုတ်မြို့ရှိ အသင်းတော်တွင် ပရောဖက်များနှင့် ဆရာများ ရှိကြ၏။ ထိုသူတို့မှာ ဗာနဗ၊ လူမည်းဟု ခေါ်သောရှိမောင်၊ ကုရေနေမြို့သား လုကိ၊ နယ်စားဟေရုဒ်၏ငယ်ပေါင်း မာနင်နှင့် ရှောလုတို့ဖြစ်ကြ၏။
ဖြူဂိပြည်နှင့် ပံဖုလိပြည်၊ အီဂျစ်ပြည်နှင့် ကုရေနေမြို့ပိုင်သော လိဗုပြည်၏နယ်မြေဒေသများမှ လာကြသူများ၊ ရောမမြို့မှ ခရီးသွားများ၊ ဂျူးလူမျိုးနှင့် ဂျူးဘာသာဝင်ဖြစ်လာသူများ၊
ထို့နောက် “လိဗေရတိန်” ဟု ခေါ်သော ဂျူးဝတ်ပြုဆောင်မှ လူတချို့သည် သတေဖန်နှင့်ငြင်းခုံပြောဆိုကြ၏။ ထိုသူတို့မှာ ကုရေနေမြို့သားများ၊ အလက်ဇန်းဒါးမြို့သားများမှစ၍ ဆီလီဆီးယားပြည်နှင့် အာရှပြည်တို့မှ လာသောသူများဖြစ်ကြ၏။
သခင်ဘုရား၏ အမှုတော်အတွက် သခင်ဘုရားကိုယ်တိုင် ရွေးကောက်တော်မူသော ရုဖုနှင့် ကျွန်ုပ်အတွက် မိခင်သဖွယ်ဖြစ်သောသူ၏မိခင်ကို နှုတ်ဆက်ပေးကြလော့။