Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်မာကု 15:21 - မြန်မာ

21 အာ​လေ​ဇ​န္ဒြု​နှင့် ရု​ဖု၏​အ​ဘ ရှိ​မုန်​အ​မည်​ရှိ​သော ကု​ရေ​နေ​ပြည်​သား​တစ်​ယောက်​သည်၊ တော​ရွာ​မှ လာ၍ လမ်း၌​သွား​သည်​ကို သူ​တို့​သည်​တွေ့​လျှင်၊ အ​နိုင်​ပြု၍ လက်​ဝါး​ကပ်​တိုင်​တော်​ကို ထမ်း​စေ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

21 ထို​အ​ချိန်​၌ (အာ​လေ​ဇန္ဒြု​နှင့်​ရု​ဖု​တို့​၏​အ​ဖ၊ ကု​ရေ​နေ​ပြည်​သား) ရှိ​မုန်​သည်​ကျေး​လက်​တော ရွာ​ဘက်​မှ​လာ​၏။ စစ်​သား​တို့​သည်​သူ့​ကို​အ​တင်း အ​ကြပ်​ခေါ်​၍ ကိုယ်​တော်​၏​လက်​ဝါး​ကပ်​တိုင်​ကို ထမ်း​စေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

21 ကျေး တော မှ လာ သော ခ ရီး သည် ကု ရေ နေ ပြည် သား အ လေ ဇ န္ဒြု နှင့် ရု ဖု တို့ အ ဖ ရှိ မုန် ကို အ နိုင့် အ ထက် ကား တိုင် ထမ်း ခိုင်း လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

21 အာ​လေ​ဇ​န္ဒြု​နှင့် ရု​ဖု၏​အ​ဘ ရှိ​မုန်​အ​မည်​ရှိ​သော ကု​ရေ​နေ​ပြည်​သား​တစ်​ယောက်​သည်၊ တော​ရွာ​မှ လာ၍ လမ်း၌​သွား​သည်​ကို သူ​တို့​သည်​တွေ့​လျှင်၊ အ​နိုင်​ပြု၍ လက်​ဝါး​ကပ်​တိုင်​တော်​ကို ထမ်း​စေ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

21 ထိုစဉ် အလက်ဇန္ဒြား​နှင့်​ရုဖု​တို့​၏​ဖခင်​ဖြစ်​သည့် ကုရေနေ​မြို့သား​ရှိမုန်​သည် တောရွာ​မှ​လာ​၍ လမ်း​၌​ဖြတ်သွား​သည်​ကို သူ​တို့​တွေ့​သဖြင့် ကိုယ်တော်​၏​လက်ဝါးကပ်တိုင်​ကို သူ့​အား အတင်းအကျပ်​ထမ်း​စေ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

21 ထို​အချိန်​၌ စစ်သားများ​သည် တောရွာ​မှ ပြန်လာသော ကုရေနေမြို့သား ရှိမုန်​ကို​တွေ့​သဖြင့် သူ့​အား ယေရှု​၏ လက်ဝါးကပ်တိုင်​ကို အတင်းအကျပ်​ထမ်းစေကြ၏။ ရှိမုန်​သည် အလက်ဇန်းဒါး​နှင့် ရုဖု​တို့​၏ ဖခင်​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကု 15:21
12 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​ကို ထုတ်​သွား​ကြ​စဉ်၊ ရှိ​မုန်​အ​မည်​ရှိ​သော ကု​ရေ​နေ​ပြည်​သား​တစ်​ယောက်​သည် တော​ရွာ​မှ လာ​သည်​ကို သူ​တို့​သည်​တွေ့​လျှင်၊ ဖမ်း​ဆီး၍ ယေ​ရှု​နောက်​တော်၌ လက်​ဝါး​ကပ်​တိုင်​တော်​ကို ထမ်း​စေ​ကြ၏။-


သွား​ကြ​စဉ်​တွင် ရှိ​မုန်​အ​မည်​ရှိ​သော ကု​ရေ​နေ ပြည်​သား​တစ်​ယောက်​ကို တွေ့​လျှင်၊ အ​နိုင်​ပြု၍ လက်​ဝါး​ကပ်​တိုင်​တော်​ကို ထမ်း​စေ​ကြ၏။-


အ​ကြင်​သူ​သည် မိ​မိ​လက်​ဝါး​ကပ်​တိုင်​ကို ထမ်း၍ ငါ့​နောက်​သို့​မ​လိုက်၊ ထို​သူ​သည် ငါ့​တ​ပည့် မ​ဖြစ်​နိုင်​ရာ။-


ထို​သို့ ကိုယ်​တော်​ကို ပြက်​ရယ်​ပြု​သည်​နောက်၊ နီ​မောင်း​သော​အ​ဝတ်​ကို ချွတ်၍ အ​ဝတ်​တော်​ကို ဝတ်​ပြန်​စေ​ပြီး​လျှင်၊ လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ခြင်း​ငှာ ထုတ်​သွား​ကြ၏။


ကိုယ်​တော်​သည် မိ​မိ​လက်​ဝါး​ကပ်​တိုင်​ကို​ထမ်း​လျက် ဦး​ခေါင်း​ခွံ​အ​ရပ်​ဟူ၍ တွင်​သော​အ​ရပ်​သို့ ထွက်​တော်​မူ၏။ ထို​အ​ရပ်​ကား၊ ဟေ​ဗြဲ​စ​ကား​အား​ဖြင့် ဂေါ​လ​ဂေါ​သ​အ​မည်​ရှိ၏။-


အ​ကြင်​သူ​သည် သင့်​ကို အ​နိုင်​ပြု၍ ခ​ရီး​တစ်​တိုင်​သွား​စေ၏။ ထို​သူ​နှင့်​တ​ကွ နှစ်​တိုင်​သွား​ဦး​လော့။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ