လူသားကို လူမျိုးခြားတို့၏လက်သို့ အပ်နှံ၍ ပြက်ရယ်ပြုခြင်း၊ ရိုက်နှက်ခြင်း၊ လက်ဝါးကပ်တိုင်တွင် သတ်ခြင်း စသည်တို့ကိုပြုစေလိမ့်မည်။ သို့သော် သုံးရက်မြောက်သောနေ့တွင် သူသည် သေခြင်းမှ ထမြောက်လိမ့်မည်” ဟု မိန့်တော်မူ၏။
ရှင်မာကု 15:15 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ပိလတ်မင်းသည် လူထုကို စိတ်ကျေနပ်စေရန် ဗာရဗ္ဗကို လွှတ်ပေးလေ၏။ ယေရှုကိုမူ ကျာပွတ်ဖြင့် ရိုက်နှက်စေပြီးနောက် လက်ဝါးကပ်တိုင်ပေါ်တွင် သတ်ရန် ရောမစစ်သားများထံသို့ အပ်လိုက်၏။ Common Language Bible ပိလတ်မင်းသည်လူပရိသတ်ကိုကျေနပ်စေလို သဖြင့် ဗာရဗ္ဗကိုလွှတ်၍သခင်ယေရှုကိုကြိမ် ဒဏ်ခတ်ပြီးလျှင် လက်ဝါးကပ်တိုင်တွင်တင်၍ သတ်ရန်အပ်လိုက်၏။ Garrad Bible ပိ လတ် မင်း သည် လူ ပ ရိတ် သတ် ကို ကျေ နပ် စေ လို သည် နှင့် ဗာ ရ ဗ္ဗ ကို လွှတ်၍ ယေ ရှု ကို ရိုက် ဒဏ် ခတ် ပြီး လျှင် ကား တင် စေ ရန် အပ် လိုက် ၏။ Judson Bible ပိလတ်မင်းသည်လည်း လူများတို့၏စိတ်ကို ပြေစေခြင်းငှာ အလိုရှိ၍၊ ဗာရဗ္ဗကို သူတို့အား လွှတ်လေ၏။ ယေရှုကိုကား၊ ရိုက်ပြီးလျှင် လက်ဝါးကပ်တိုင်မှာ သတ်စေခြင်းငှာ အပ်လိုက်လေ၏။ မြန်မာ့စံမီသမ္မာကျမ်း ပိလတ်မင်းသည် လူထုပရိသတ်ကိုကျေနပ်စေလို၍ သူတို့အတွက် ဗာရဗ္ဗကိုလွှတ်ပေးလေ၏။ ယေရှုကိုမူကား ကျာပွတ်ဖြင့်ရိုက်နှက်စေပြီးနောက် လက်ဝါးကပ်တိုင်ပေါ်၌တင်ရန် အပ်နှံလိုက်လေ၏။ မြန်မာ ပိလတ်မင်းသည်လည်း လူများတို့၏စိတ်ကို ပြေစေခြင်းငှာ အလိုရှိ၍၊ ဗာရဗ္ဗကို သူတို့အား လွှတ်လေ၏။ ယေရှုကိုကား၊ ရိုက်ပြီးလျှင် လက်ဝါးကပ်တိုင်မှာ သတ်စေခြင်းငှာ အပ်လိုက်လေ၏။ |
လူသားကို လူမျိုးခြားတို့၏လက်သို့ အပ်နှံ၍ ပြက်ရယ်ပြုခြင်း၊ ရိုက်နှက်ခြင်း၊ လက်ဝါးကပ်တိုင်တွင် သတ်ခြင်း စသည်တို့ကိုပြုစေလိမ့်မည်။ သို့သော် သုံးရက်မြောက်သောနေ့တွင် သူသည် သေခြင်းမှ ထမြောက်လိမ့်မည်” ဟု မိန့်တော်မူ၏။
ထိုအခါ ပိလတ်မင်းသည် ဗာရဗ္ဗကို လွှတ်ပေးလေ၏။ ယေရှုကိုမူ ကျာပွတ်ဖြင့် ရိုက်နှက်စေပြီး လက်ဝါးကပ်တိုင်ပေါ်တွင် သတ်ရန် ရောမစစ်သားများထံသို့ အပ်လိုက်၏။
သူတို့သည် လူသားကို ပြက်ရယ်ပြု၍ တံတွေးနှင့် ထွေးကြလိမ့်မည်။ ကြိမ်ဒဏ်ပေး၍ ရိုက်နှက်ကြပြီး အသေသတ်ကြလိမ့်မည်။ သို့သော် သုံးရက်မြောက်သောနေ့တွင် သူသည် သေခြင်းမှ ထမြောက်လိမ့်မည်” ဟူ၍ မိမိ၌ ဖြစ်ပျက်မည့်အကြောင်းအရာတို့ကို မိန့်တော်မူ၏။
ပိလတ်မင်းက တစ်ဖန် “အဘယ်ကြောင့်နည်း။ သူသည် မည်သည့်ပြစ်မူကို ကျူးလွန်ခဲ့သနည်း” ဟု ဆက်၍ မေးပြန်သော် လူထုက “လက်ဝါးကပ်တိုင်တွင် သတ်ပါ” ဟု ပို၍ ကျယ်လောင်စွာ အော်ဟစ်ကြ၏။
ထို့နောက် သူတို့သည် လူသားကို ကြိမ်ဒဏ်ပေး၍ ရိုက်နှက်ကြပြီး သတ်ကြလိမ့်မည်။ သို့သော် သုံးရက်မြောက်သောနေ့တွင် သူသည် သေခြင်းမှ ထမြောက်လိမ့်မည်” ဟု မိန့်တော်မူ၏။
ထိုအခါ ပိလတ်မင်းသည် ယေရှုကို လက်ဝါးကပ်တိုင်တွင် သတ်ရန် ထိုသူတို့လက်သို့ အပ်လိုက်၏။ ဤသို့ဖြင့် သူတို့သည် ကိုယ်တော်ကို ခေါ်ဆောင်သွားကြ၏။
နှစ်နှစ်ကြာသော် ပေါကိဖေတ္တုမင်းသည် ဖေလဇ်မင်းနေရာကို ဆက်ခံလေ၏။ ဖေလဇ်မင်းသည် ဂျူးတို့အား ကျေးဇူးပြုလိုသဖြင့် ပေါလုကို အကျဉ်းချထားရစ်လေ၏။
ထိုအခါ ဖေတ္တုမင်းသည် ဂျူးတို့ကို ကျေးဇူးပြုလိုသဖြင့် ပေါလုအား “သင်သည် ဂျေရုဆလင်မြို့သို့ တက်သွား၍ ထိုမြို့၌ ငါ့ရှေ့တွင် ဤစွပ်စွဲချက်များနှင့်ပတ်သက်၍ စစ်ဆေးခံလိုသလော” ဟု မေးလေ၏။
သို့သော် သူနှင့် သခင်ဘုရား၏ ညီတော် ယာကုပ်မှလွဲ၍ အခြားမည်သည့် တမန်တော်ကိုမျှ ကျွန်ုပ်မတွေ့ခဲ့။
ကျွန်ုပ်တို့သည် အပြစ်မကျူးလွန်တော့ဘဲ ဖြောင့်မတ်စွာ ပြုမူနေထိုင်နိုင်ရန် ကိုယ်တော်သည် သစ်တိုင်ပေါ်၌ အသေခံခြင်းအားဖြင့် ကိုယ်ခန္ဓာတော်၌ ကျွန်ုပ်တို့၏အပြစ်များအတွက် ပြစ်ဒဏ်ခံတော်မူ၏။ ကိုယ်တော်၏ဒဏ်ရာဒဏ်ချက်များကြောင့် သင်တို့သည် အနာပျောက်ကင်းကြ၏။