ငါ့ကိုချစ်သည်ထက် မိမိ၏ဖခင်၊ သို့မဟုတ် မိခင်ကို ပို၍ချစ်သောသူသည် ငါ့တပည့်ဖြစ်ရန် မထိုက်တန်ပါ။ ငါ့ကိုချစ်သည်ထက် မိမိ၏သားသမီးကို ပို၍ချစ်သောသူသည်လည်း ငါ့တပည့်ဖြစ်ရန် မထိုက်တန်ပါ။
ရှင်မာကု 12:29 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက “ ‘အစ္စရေးလူမျိုးတို့… နားထောင်ကြလော့။ ငါတို့၏ ဘုရားသခင် ထာဝရဘုရားသည် တစ်ဆူတည်းသောထာဝရဘုရား ဖြစ်၏။ Common Language Bible သခင်ယေရှုက `အို ဣသရေလအမျိုးသားတို့၊ နားထောင်ကြလော့။ ငါတို့၏ဘုရားသခင် ထာဝရဘုရားသည် တစ်ဆူတည်းသောဘုရား ဖြစ်တော်မူ၏။- Garrad Bible ယေ ရှု က အို ဣ သ ရေ လ လူ မျိုး၊ နား ထောင် ကြ ဦး။ ငါ တို့၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည် တစ် ဆူ တည်း သော ထာ ဝ ရ ဘုရား ပေ တည်း။ Judson Bible ယေရှုက၊ ပညတ်တကာတို့တွင် အမြတ်ဆုံးသောပညတ် ဟူမူကား၊ အိုဣသရေလအမျိုး၊ နားထောင်လော့။ ငါတို့၏ဘုရားသခင် ထာဝရဘုရားသည် တစ်ဆူတည်းသောထာဝရဘုရား ဖြစ်တော်မူ၏။ ထာဝရဘုရားသည် တစ်ပါးတည်းဖြစ်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ယေရှုက“ပထမပညတ်ချက်မှာ ‘အို အစ္စရေးအမျိုး၊ နားထောင်လော့။ ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် တစ်ဆူတည်းသောထာဝရဘုရားဖြစ်တော်မူ၏။ မြန်မာ ယေရှုက၊ ပညတ်တကာတို့တွင် အမြတ်ဆုံးသောပညတ် ဟူမူကား၊ အိုဣသရေလအမျိုး၊ နားထောင်လော့။ ငါတို့၏ဘုရားသခင် ထာဝရဘုရားသည် တစ်ဆူတည်းသောထာဝရဘုရား ဖြစ်တော်မူ၏။ ထာဝရဘုရားသည် တစ်ပါးတည်းဖြစ်တော်မူ၏။- |
ငါ့ကိုချစ်သည်ထက် မိမိ၏ဖခင်၊ သို့မဟုတ် မိခင်ကို ပို၍ချစ်သောသူသည် ငါ့တပည့်ဖြစ်ရန် မထိုက်တန်ပါ။ ငါ့ကိုချစ်သည်ထက် မိမိ၏သားသမီးကို ပို၍ချစ်သောသူသည်လည်း ငါ့တပည့်ဖြစ်ရန် မထိုက်တန်ပါ။
ဤကမ္ဘာမြေပေါ်၌ မည်သူ့ကိုမျှ အဖဟု မခေါ်ကြနှင့်။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်ဘုံတွင် သင်တို့၏ အဖတစ်ပါးတည်းရှိတော်မူသောကြောင့်ဖြစ်၏။
ထိုသူကလည်း “ ‘သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်တစ်ခုလုံး၊ ကိုယ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်းရှိသမျှနှင့် ချစ်လော့။ ထိုမျှမက ကိုယ်နှင့်သက်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့’ ဟူ၍ ပါရှိပါသည်” ဟု ဖြေလေ၏။
ဘုရားသခင် တစ်ဆူတည်းသာ ရှိတော်မူ၏။ ဂျူးလူမျိုးဖြစ်စေ၊ လူမျိုးခြားဖြစ်စေ ကိုယ်တော်ကို ယုံကြည်သောသူတို့ကို ဖြောင့်မတ်သည်ဟု သတ်မှတ်တော်မူ၏။
ထို့ကြောင့် ရုပ်တုအား ပူဇော်ထားသောအစားအစာကို စားသောက်ခြင်းနှင့်ပတ်သက်၍ ဆိုရလျှင် ရုပ်တုသည် ဤလောကတွင် သက်ရှိမဟုတ်ကြောင်းနှင့် ဘုရားသခင်တစ်ဆူတည်းမှလွဲ၍ အခြားဘုရားမရှိကြောင်းကို ကျွန်ုပ်တို့သိကြ၏။
ကြားဝင်စေ့စပ်သူဟု ဆိုသော် နှစ်ဖက်နှင့် ဆိုင်၏။ သို့သော် အာဗြဟံနှင့် ပဋိညာဉ်ဖွဲ့ရာတွင် ကတိပြုသူမှာ ဘုရားသခင်တစ်ပါးတည်းဖြစ်တော်မူ၏။
ဤသို့ ညွှန်ကြားရသည့် ရည်ရွယ်ချက်မှာ ဖြူစင်သောနှလုံးသား၊ စစ်မှန်သောယုံကြည်ခြင်း၊ လိပ်ပြာသန့်သောစိတ်တို့မှ ဖြစ်ပေါ်လာသော ချစ်ခြင်းမေတ္တာနှင့် အချင်းချင်းချစ်ကြရန် ဖြစ်၏။
ဘုရားသခင် တစ်ဆူတည်း ရှိတော်မူပြီး ဘုရားသခင်နှင့် လူတို့ကြားတွင် ကြားဝင်စေ့စပ်သူလည်း တစ်ပါးတည်း ရှိတော်မူ၏။ ထိုအရှင်သည် လူသားဖြစ်သော ယေရှုခရစ်တော်ပင် ဖြစ်တော်မူ၏။
ဘုရားသခင်တစ်ဆူတည်းရှိသည်ဟု သင်ယုံကြည်၏။ ကောင်းပေ၏။ နတ်ဆိုးများပင် ယုံကြည်၍ ကြောက်ရွံ့ထိတ်လန့်ကြ၏။
ကျွန်ုပ်တို့၏ကယ်တင်ရှင်၊ တစ်ဆူတည်းသောဘုရားသခင်သည် ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်အားဖြင့် ယခင်ကာလအစဉ်အဆက်၊ ယခုကာလနှင့် နောင်ကာလအစဉ်အဆက် ဘုန်းအသရေတော်၊ ဘုန်းတန်ခိုးတော်၊ အစွမ်းသတ္တိနှင့် အာဏာစက်တို့ရှိတော်မူပါစေသော။ အာမင်။ ရှင်ယုဒဩဝါဒစာ ပြီးပါပြီ။