သို့သော် ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် ကျမ်းတတ်ဆရာများသည် ယေရှုပြုသော အံ့ဖွယ်အမှုများကိုလည်းကောင်း၊ “ဒါဝိဒ်မင်း၏ သားတော်ကို ချီးမွမ်းကြပါစေသော” ဟု ဗိမာန်တော်၌ ကလေးငယ်များအော်ဟစ်ကြသည်ကိုလည်းကောင်း မြင်လျှင် ဒေါသထွက်ကြ၏။
ရှင်မာကု 11:18 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် ကျမ်းတတ်ဆရာများသည် ထိုအကြောင်းကို ကြားကြသောအခါ ကိုယ်တော်ကို သတ်နိုင်မည့်နည်းလမ်းကို ရှာကြ၏။ သို့သော် လူထုပရိသတ်အပေါင်းတို့သည် ကိုယ်တော်၏ သွန်သင်ချက်ကို အလွန်အံဩကြသောကြောင့် သူတို့သည် ကိုယ်တော်ကို ကြောက်ရွံ့ကြ၏။ Common Language Bible ယဇ်ပုရောဟိတ်ကြီးများနှင့်ကျမ်းတတ်ဆရာ များသည်ကြား၍ ကိုယ်တော်ကိုသတ်ရန်နည်းလမ်း ရှာကြ၏။ လူပရိသတ်အပေါင်းတို့သည်ယင်းသို့ သွန်သင်တော်မူသည်ကိုလွန်စွာအံ့သြလျက် ရှိကြသောကြောင့် ထိုသူတို့သည်ကိုယ်တော်ကို ကြောက်ရွံ့ကြ၏။ Garrad Bible ပ ရော ဟိတ် ကြီး တို့ နှင့် ကျမ်း တတ် ဆ ရာ တို့ သည် ကြား ကြ သော် ဒေ သ နာ တော် ကို လူ ပ ရိ သတ် ရှိ သ မျှ အံ့ သြ ကြ သော ကြောင့် ကိုယ် တော် ကို ကြောက် ရွံ့ သ ဖြင့် မည် သို့ ဖျက် ဆီး ရ မည့် အ ကြောင်း ရှာ ကြံ ကြ ၏။ Judson Bible ကျမ်းပြုဆရာနှင့် ယဇ်ပုရောဟိတ်အကြီးတို့သည် ကြားလျှင်၊ ကိုယ်တော်ကို သတ်ရသောအခွင့်ကို ရှာကြံကြ၏။ လူများအပေါင်းတို့သည် ဆုံးမဩဝါဒပေးတော်မူခြင်းကို အံ့ဩမိန်းမောသောကြောင့်၊ ထိုသူတို့သည် ကိုယ်တော်ကို ကြောက်ရွံ့ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် ကျမ်းပြုဆရာများသည် ထိုအကြောင်းကိုကြားသိသောအခါ ကိုယ်တော်ကို သတ်နိုင်မည့်နည်းလမ်းကို ရှာကြံကြ၏။ အကြောင်းမူကား လူထုပရိသတ်အပေါင်းတို့သည် ကိုယ်တော်၏သွန်သင်ချက်ကို အံ့ဩချီးမွမ်းကြသောကြောင့် သူတို့သည် ကိုယ်တော်ကိုကြောက်ရွံ့ကြ၏။ မြန်မာ ကျမ်းပြုဆရာနှင့် ယဇ်ပုရောဟိတ်အကြီးတို့သည် ကြားလျှင်၊ ကိုယ်တော်ကို သတ်ရသောအခွင့်ကို ရှာကြံကြ၏။ လူများအပေါင်းတို့သည် ဆုံးမဩဝါဒပေးတော်မူခြင်းကို အံ့ဩမိန်းမောသောကြောင့်၊ ထိုသူတို့သည် ကိုယ်တော်ကို ကြောက်ရွံ့ကြ၏။- |
သို့သော် ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် ကျမ်းတတ်ဆရာများသည် ယေရှုပြုသော အံ့ဖွယ်အမှုများကိုလည်းကောင်း၊ “ဒါဝိဒ်မင်း၏ သားတော်ကို ချီးမွမ်းကြပါစေသော” ဟု ဗိမာန်တော်၌ ကလေးငယ်များအော်ဟစ်ကြသည်ကိုလည်းကောင်း မြင်လျှင် ဒေါသထွက်ကြ၏။
ထိုတရားစကားများကို ဟောပြောသွန်သင်တော်မူပြီးသောအခါ ပရိသတ်တို့သည် ယေရှု၏သွန်သင်ချက်များအပေါ် အံ့သြကြ၏။
ပရိသတ်တို့သည် ကိုယ်တော်၏ ဟောပြောသွန်သင်ချက်များကို အံ့သြကြ၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် ကျမ်းတတ်ဆရာများကဲ့သို့မဟုတ်ဘဲ အခွင့်အာဏာဖြင့် ဟောပြောသွန်သင်တော်မူသောကြောင့် ဖြစ်၏။
သို့သော်လည်း ငါတို့က ‘လူ့ထံမှလာသည်’ ဟု ဖြေလျှင်လည်း မဖြစ်” ဟူ၍ အချင်းချင်း တိုင်ပင်ဆွေးနွေးကြ၏။ သူတို့သည် လူထုပရိသတ်ကို ကြောက်ကြ၏။ အဘယ်ကြောင့်ဆိုသော် လူအပေါင်းတို့က ယောဟန်သည် ပရောဖက်တစ်ပါးဖြစ်ကြောင်း ယုံကြည်ထားကြ၏။
ယဇ်ပုရောဟိတ်ခေါင်းဆောင်များ၊ ကျမ်းတတ်ဆရာများနှင့် အကြီးအကဲများက ယေရှုသည် မိမိတို့ကို ရည်ညွှန်း၍ ဤပုံဥပမာကို ပြောဆိုကြောင်း သဘောပေါက်ကြ၏။ ထို့ကြောင့် သူတို့သည် ကိုယ်တော်ကို ဖမ်းဆီးလိုကြ၏။ သို့သော်လည်း လူတို့ကို ကြောက်ရွံ့သောကြောင့် ကိုယ်တော်ထံမှ ထွက်သွားကြ၏။
ဖာရိရှဲတို့သည် ထွက်သွား၍ ကိုယ်တော်ကို သတ်ရန် မည်သို့လုပ်ကြံရမည်ကို ဟေရုဒ်ဘက်တော်သားများနှင့် ချက်ချင်းတိုင်ပင်ကြ၏။
ဟေရုဒ်မင်းသည် ယောဟန်ကို ဖြောင့်မတ်သူနှင့် သန့်ရှင်းသူတစ်ဦး ဖြစ်ကြောင်း သိမြင်၍ ရိုသေလေးစားသောကြောင့် အကာအကွယ်ပေး၏။ ယောဟန်၏ စကားကို ကြားသောအခါ စိတ်အနှောင့်အယှက်ဖြစ်ရသော်လည်း လိုလားစွာပင် နားထောင်လေ့ရှိ၏။
ထို့နောက် ယေရှုသည် ဗိမာန်တော်၌ နေ့စဉ်ဟောပြောသွန်သင်တော်မူ၏။ သို့သော် ယဇ်ပုရောဟိတ်ခေါင်းဆောင်များ၊ ကျမ်းတတ်ဆရာများနှင့် လူထုခေါင်းဆောင်များက ယေရှုကို သတ်ရန် ကြံစည်လျက် နေကြ၏။
ယေရှု၏စကားကို ကြားသောသူအပေါင်းတို့သည် သူ၏ဉာဏ်ပညာနှင့် ဖြေကြားချက်များကို အံ့သြကြ၏။
ကျမ်းတတ်ဆရာများနှင့် ယဇ်ပုရောဟိတ်ခေါင်းဆောင်များက ယေရှုသည် မိမိတို့အား ရည်ညွှန်း၍ ဤပုံဥပမာကို ပြောဆိုကြောင်း သဘောပေါက်ကြ၏။ ထို့ကြောင့် သူတို့သည် ကိုယ်တော်ကို ချက်ချင်းဖမ်းဆီးလိုကြ၏။ သို့သော်လည်း လူတို့ကို ကြောက်ရွံ့ကြ၏။
လူအပေါင်းတို့သည် ယေရှုကို ချီးကျူး၍ ချိုသာသောစကားတော်တို့ကို အံ့ဩလျက် “ဤသူသည် ယောသပ်၏သား မဟုတ်လော” ဟူ၍ မေးကြ၏။
ထို့နောက် ယေရှုသည် ဂါလိလဲပြည်၌ လှည့်လည်တော်မူ၏။ ဂျူးခေါင်းဆောင်တို့သည် ကိုယ်တော်ကို သတ်ရန် ရှာကြံလျက်ရှိသောကြောင့် ကိုယ်တော်သည် ယုဒပြည်၌ လှည့်လည်ရန် အလိုရှိတော်မမူပေ။
မောရှေသည် သင်တို့အား ပညတ်တရားကို ပေးခဲ့သည်မဟုတ်လော။ သို့သော် သင်တို့ထဲမှ မည်သူကမျှ ထိုပညတ်ကျမ်းကို မလိုက်နာကြ။ သင်တို့သည် အဘယ်ကြောင့် ငါ့ကို သတ်ရန်သာ ရှာကြံကြသနည်း” ဟု မိန့်တော်မူ၏။
ဗိမာန်တော်အစောင့်များက “ထိုသူ ဟောပြောသကဲ့သို့ မည်သူမျှ မဟောပြောဖူးပါ” ဟု ဖြေကြ၏။
သို့သော် ပေါလုသည် ဖြောင့်မတ်ခြင်းတရားအကြောင်း၊ မိမိကိုယ်ကိုယ်ချုပ်တည်းခြင်းအကြောင်းနှင့် ရောက်လာမည့်တရားစီရင်ခြင်းအကြောင်းစသည်တို့ကို ပြောဆိုသောအခါ ဖေလဇ်မင်းသည် ကြောက်လန့်၍ “ယခု သင်ပြန်လော့။ နောက်မှ အချိန်အလျဉ်းသင့်သည့်အခါ သင့်ကို ငါခေါ်မည်” ဟု ဆို၏။