“ငါအမှန်ဆိုရလျှင် သင်တို့သည် ပြောင်းလဲ၍ ကလေးငယ်ကဲ့သို့ မဖြစ်လျှင် ကောင်းကင်နိုင်ငံတော်သို့ မည်သည့်အခါမျှ ဝင်ရလိမ့်မည်မဟုတ်။
ရှင်မာကု 10:23 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ယေရှုသည် တပည့်တော်တို့ရှိရာပတ်ပတ်လည်လည် ကြည့်တော်မူပြီးလျှင် “ချမ်းသာသောသူသည် ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ ဝင်ရန် ခဲယဉ်းလှ၏” ဟု မိန့်တော်မူ၏။ Common Language Bible သခင်ယေရှုသည်တပည့်တော်တို့ကိုလှည့်ကြည့် တော်မူပြီးနောက် ``ဥစ္စာကြွယ်ဝသူများသည်ဘုရား သခင်၏နိုင်ငံတော်သို့ဝင်နိုင်ရန်ခက်လှ၏'' ဟု မိန့်တော်မူ၏။ Garrad Bible ထို အ ခါ ယေ ရှု သည် လှည့် ကြည့်၍ တ ပည့် တော် တို့ အား ဥ စ္စာ ပ စ္စည်း ကြွယ် ဝ သူ တို့ သည် ဘု ရား သ ခင့် နိုင် ငံ တော် သို့ ဝင် ခဲ လှ စွာ တ ကား ဟု မိန့် တော် မူ သော်၊ Judson Bible ယေရှုကလည်း၊ ဥစ္စာရတတ်သောသူသည် ဘုရားသခင်၏နိုင်ငံတော်သို့ အလွန်ဝင်ခဲလှ၏ဟု ပတ်လည်သို့ကြည့်ရှု၍ တပည့်တော်တို့အား မိန့်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ယေရှုသည် ပတ်ပတ်လည်သို့ကြည့်ရှုလျက်“ငွေကြေးချမ်းသာသောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်သို့ဝင်ရန် ခဲယဉ်းလှသည်တကား”ဟု တပည့်တော်တို့အား မိန့်တော်မူ၏။ မြန်မာ ယေရှုကလည်း၊ ဥစ္စာရတတ်သောသူသည် ဘုရားသခင်၏နိုင်ငံတော်သို့ အလွန်ဝင်ခဲလှ၏ဟု ပတ်လည်သို့ကြည့်ရှု၍ တပည့်တော်တို့အား မိန့်တော်မူ၏။- |
“ငါအမှန်ဆိုရလျှင် သင်တို့သည် ပြောင်းလဲ၍ ကလေးငယ်ကဲ့သို့ မဖြစ်လျှင် ကောင်းကင်နိုင်ငံတော်သို့ မည်သည့်အခါမျှ ဝင်ရလိမ့်မည်မဟုတ်။
သင်တို့အား ငါအမှန်ဆို၏။ ဘုရားသခင်၏နိုင်ငံတော်ကို ကလေးငယ်ကဲ့သို့ မခံယူသောသူသည် ထိုနိုင်ငံတော်သို့ မည်သည့်အခါမျှ ဝင်ရလိမ့်မည်မဟုတ်” ဟု မိန့်တော်မူ၏။
သို့သော် ထိုသူသည် ဥစ္စာပစ္စည်းကြွယ်ဝသူဖြစ်သောကြောင့် မျက်နှာညိုး၍ စိတ်မသက်မသာဖြင့် ထွက်သွားလေ၏။
ယေရှုသည် အမျက်တော်ဖြင့် ထိုသူတို့ပတ်လည်သို့ ကြည့်ပြီးမှ သူတို့၏ ခေါင်းမာမှုအတွက် ဝမ်းနည်းတော်မူ၏။ ထို့နောက် လက်တစ်ဖက်သေသောသူအား “သင်၏လက်ကို ဆန့်လော့” ဟု မိန့်တော်မူ၏။ ထိုသူသည် လက်ကိုဆန့်သောအခါ သူ၏လက်သည် အကောင်းပကတိအတိုင်း ဖြစ်လေ၏။
သို့သော်လည်း ယေရှုသည် မည်သူတို့ထိသည်ကို သိရှိနိုင်ရန် ဘေးပတ်လည်သို့ ကြည့်တော်မူ၏။
ထိုသို့ ဝမ်းနည်းသည်ကို ယေရှုမြင်တော်မူလျှင် “ချမ်းသာသောသူသည် ဘုရားသခင်၏နိုင်ငံတော်ထဲသို့ ဝင်ရန် ခဲယဉ်းလှ၏။
ယေရှုက “သင့်အား ငါအမှန်ဆို၏။ ရေဖြင့်လည်းကောင်း၊ ဝိညာဉ်တော်ဖြင့်လည်းကောင်း အသစ်တစ်ဖန်မွေးဖွားခြင်း မခံရသောသူသည် ဘုရားသခင်၏ နိုင်ငံတော်သို့ မဝင်နိုင်။
ချစ်သော ညီအစ်ကိုမောင်နှမတို့… သင်တို့ကို ဘုရားသခင်ရွေးချယ်တော်မူစဉ်က ရှိခဲ့သော သင်တို့၏ အခြေအနေကို ပြန်လည်ဆင်ခြင်ကြည့်လော့။ လူတို့အမြင်အရဆိုလျှင် သင်တို့ထဲတွင် ပညာရှင်များစွာ မပါခဲ့ကြ။ ဩဇာကြီးသူများစွာ မပါခဲ့ကြ။ မြင့်မြတ်သူဟူ၍ များစွာ မပါခဲ့ကြ။
ချစ်ခင်ရသော ညီအစ်ကိုမောင်နှမတို့… နားထောင်ကြလော့။ ဘုရားသခင်သည် ဤလောကတွင် ဆင်းရဲသောသူတို့ကို ယုံကြည်ခြင်း၌ ကြွယ်ဝစေ၍ မိမိကိုချစ်သောသူတို့အတွက် ကတိထားတော်မူသည့် နိုင်ငံတော်ကို အမွေဆက်ခံသူများဖြစ်စေရန် ရွေးချယ်တော်မူသည်မဟုတ်လော။
သစ္စာမရှိသောသူတို့… လောကနှင့်မိတ်သဟာယဖွဲ့ခြင်းသည် ဘုရားသခင်နှင့် ရန်ဘက်ပြုခြင်းဖြစ်ကြောင်း နားမလည်ကြသလော။ ထို့ကြောင့် လောကနှင့် မိတ်ဆွေဖြစ်လိုသောသူသည် ဘုရားသခင်၏ ရန်သူဖြစ်၏။
ထို့နောက် ဘုရားသခင်သည် သင်တို့အား ကျွန်ုပ်တို့၏ သခင်နှင့် ကယ်တင်ရှင် ဖြစ်တော်မူသော ယေရှုခရစ်တော်၏ ထာဝရနိုင်ငံတော်ထဲသို့ ဝင်ရောက်ခွင့်ကို အပြည့်အဝပေးသနားတော်မူလိမ့်မည်။