Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်မာကု 10:24 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

24 တပည့်တော်တို့​သည် ယေရှု​၏​စကားတော်​ကို ကြား​လျှင် အံ့သြကြ၏။ တစ်ဖန် ယေရှု​က “ချစ်သားတို့… ဘုရားသခင်​၏​နိုင်ငံတော်​ထဲသို့ ဝင်​ရန် အလွန်​ခဲယဉ်း၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

24 တ​ပည့်​တော်​တို့​သည်​ကိုယ်​တော်​၏​စ​ကား​ကို ကြား​လျှင် လွန်​စွာ​အံ့​သြ​ကြ​၏။ တစ်​ဖန်​သ​ခင် ယေ​ရှု​က ``ငါ့​သား​တို့၊ ဘု​ရား​သ​ခင်​၏​နိုင်​ငံ တော်​သို့​ဝင်​နိုင်​ရန်​ခက်​လှ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

24 တ ပည့် တော် တို့ အံ့ သြ ကြ သ ဖြင့် ချစ် သား တို့ ဘု ရား သ ခင့် နိုင် ငံ တော် သို့ ဝင် ခဲ လှ စွာ တ ကား။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

24 တ​ပည့်​တော်​တို့​သည် ထို​စ​ကား​ကို​ကြား​လျှင်၊ မိန်း​မော​တွေ​ဝေ​ခြင်း ရှိ​ကြ၏။ တစ်​ဖန်​ယေ​ရှု​က၊ ငါ​သား​တို့၊ မိ​မိ​ဥ​စ္စာ​ကို မှီ​ခို​သော​သူ​သည် ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​သို့ အ​လွန်​ဝင်​ခဲ​လှ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

24 တပည့်​တော်​တို့​သည် ကိုယ်တော်​၏​စကား​ကို​အံ့အားသင့်​ကြ​၏။ သို့သော် ယေရှု​က“ချစ်​သား​တို့၊ ဘုရားသခင်​၏​နိုင်ငံ​တော်​သို့​ဝင်​ရန် ခဲယဉ်း​လှ​သည်​တကား။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

24 တ​ပည့်​တော်​တို့​သည် ထို​စ​ကား​ကို​ကြား​လျှင်၊ မိန်း​မော​တွေ​ဝေ​ခြင်း ရှိ​ကြ၏။ တစ်​ဖန်​ယေ​ရှု​က၊ ငါ​သား​တို့၊ မိ​မိ​ဥ​စ္စာ​ကို မှီ​ခို​သော​သူ​သည် ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​သို့ အ​လွန်​ဝင်​ခဲ​လှ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကု 10:24
28 ပူးပေါင်းရင်းမြစ်များ  

သင်​က ‘ငါ​သည် ချမ်းသာ​၍ ကြွယ်ဝ​သောကြောင့် မည်သည့်​အရာ​ကိုမျှ မလို’ ဟု ဆို၏။ သို့သော် သင်​သည် စက်ဆုပ်​ရွံရှာဖွယ်​ကောင်းသူ၊ သနားစရာ​ကောင်းသူ၊ ဆင်းရဲသောသူ၊ မျက်စိ​မမြင်သောသူ၊ အဝတ်​မပါသောသူ​ဖြစ်ကြောင်း​ကို မသိ။


ဤ​လောက​၌ ချမ်းသာကြွယ်ဝ​သူတို့​ကို ဘဝင်​မမြင့်​ရန်​နှင့် မမြဲသည့်​စည်းစိမ်ချမ်းသာ​တို့​အပေါ် ကိုးစား​မျှော်လင့်ခြင်း​မရှိ​ရန် ညွှန်ကြားလော့။ ကျွန်ုပ်တို့​ကို ဝမ်းမြောက်​စေလိုသည့်​အတွက် အရာ​အားလုံး​ကို ရက်ရော​စွာ ပေးသနားတော်မူသည့် ဘုရားသခင်​ကိုသာ ကိုးစား​မျှော်လင့်​ရန် ညွှန်ကြားလော့။


ငွေ​မက်သော ဖာရိရှဲတို့​သည် ထို​စကား​ကို ကြား​သောအခါ ယေရှု​ကို ပြက်ရယ်ပြုကြ၏။


ကျွန်ုပ်​၏​သား​သမီးတို့… သင်တို့ အပြစ်​မကျူးလွန်​စေရန် ဤ​အကြောင်းအရာများ​ကို ကျွန်ုပ်​ရေးလိုက်၏။ သို့သော် တစ်စုံတစ်ယောက်​အပြစ်ကျူးလွန်​လျှင် ခမည်းတော်​ထံတွင် ကျွန်ုပ်တို့​အတွက် ကူညီမစမည့်သူ​ဖြစ်သည့် ဖြောင့်မတ်သော​အရှင် ယေရှု​ခရစ်တော်​ရှိ၏။


ချစ်သားတို့… ငါ​သည် သင်တို့​နှင့်အတူ ခဏမျှ​သာ​နေရတော့မည်။ သင်တို့​သည် ငါ့​ကို ရှာကြ​လိမ့်မည်။ သို့ရာတွင် ‘ငါ​သွားမည့်​အရပ်​သို့ သင်တို့​လိုက်နိုင်ကြမည်​မဟုတ်’ ဟု ဂျူး​ဘာသာရေး​ခေါင်းဆောင်တို့​အား ငါ​ပြောနှင့်ခဲ့ပြီးသည့်​အတိုင်း သင်တို့​အား ယခု​ငါ​ပြော၏။


ချစ်သော​သားသမီးတို့… ရုပ်တုများ​ကို ရှောင်ကြဉ်ကြလော့။ ရှင်ယောဟန်​ဩဝါဒစာ​ပထမစောင် ပြီးပါပြီ။


သားသမီးတို့… သင်တို့​သည် ဘုရားသခင်​၏​သားသမီးများ​ဖြစ်​၍ ထို​သူတို့​ကို အောင်နိုင်ကြပြီ။ အဘယ်ကြောင့်ဆိုသော် သင်တို့​ထဲ၌ ကိန်းအောင်းသော​ဝိညာဉ်တော်​သည် လောကီသားတို့​ထဲ၌ ကိန်းအောင်းသော​ဝိညာဉ်​ထက် ပို​၍ ကြီးမြတ်​သောကြောင့် ဖြစ်၏။


ကျွန်ုပ်​ချစ်သော သားသမီးတို့… သင်တို့​သည် ခရစ်တော်​ကဲ့သို့ ဖြစ်မလာ​မီ အချိန်​ထိ ကျွန်ုပ်​သည် သင်တို့​အတွက် သားဖွားသည့် ဝေဒနာ​ကို ခံစားရ​သကဲ့သို့ ပြန်​၍ ခံစား​လျက် နေရ၏။


ထိုအခါ ယေရှု​က “မိတ်ဆွေတို့… ငါး​ရကြသလော” ဟု မေးတော်မူ​လျှင် တပည့်တော်တို့​က “မရကြပါ” ဟု ပြန်လျှောက်ကြ၏။


တပည့်တော်​အများအပြား​သည် ထို​အကြောင်း​ကို ကြား​လျှင် “ဤ​သွန်သင်ချက်​သည် အလွန်​ခက်ခဲလှ၏။ မည်သူ ခံယူ​နိုင်မည်နည်း” ဟု ပြောဆိုကြ၏။


တပည့်တော်တို့​သည် ထို​စကား​ကို ကြား​သောအခါ အလွန်​အံ့အားသင့်​လျက် “သို့ဖြစ်လျှင် မည်သူ​သည် ကယ်တင်ခြင်း​ခံရပါမည်နည်း” ဟု မေးလျှောက်ကြ၏။


လူ​အပေါင်းတို့​သည် အံ့အားသင့်​လျက် “ဤ​သွန်သင်မှု​အသစ်​သည် မည်သို့နည်း။ အာဏာ​ပါသည့် သွန်သင်မှု​ပါတကား။ နတ်ဆိုးများ​ပင် သူ​၏ အမိန့်​ကို နာခံကြသည်” ဟု အချင်းချင်း​ပြောဆိုကြ၏။


ထိုအခါ ယေရှု​သည် တပည့်တော်တို့​ရှိရာ​ပတ်ပတ်လည်လည် ကြည့်တော်မူ​ပြီးလျှင် “ချမ်းသာသော​သူ​သည် ဘုရားသခင်​၏ နိုင်ငံတော်​ထဲသို့ ဝင်​ရန် ခဲယဉ်းလှ၏” ဟု မိန့်တော်မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ