ငြိမ်းချမ်းခြင်းကို သင်တို့အတွက် ငါထားခဲ့၏။ ငါ၏ ငြိမ်းချမ်းခြင်းကို သင်တို့အား ငါပေး၏။ သင်တို့အား ငါပေးသောငြိမ်းချမ်းခြင်းသည် လောကီသားတို့ မပေးနိုင်သော ဆုလာဘ်ဖြစ်၏။ ထို့ကြောင့် စိတ်မပူပန်ကြနှင့်။ မကြောက်ကြနှင့်။
ရောမ 8:6 - ခေတ်သစ်မြန်မာ သမ္မာကျမ်း လူ့ဗီဇစိတ်နှင့်ဆိုင်သော အရာတို့ကို စွဲလမ်းသောသူသည် အသက်ဆုံးရလိမ့်မည်။ ဝိညာဉ်တော်နှင့်ဆိုင်သော အရာတို့ကို စွဲလမ်းသောသူသည် အသက်ရှင်၍ ငြိမ်းချမ်းမှုကို ရလိမ့်မည်။ Common Language Bible ဇာတိသဘောနှင့်ဆိုင်သောအရာများကိုစိတ် စွဲလမ်းသူသည်အသက်သေလိမ့်မည်။ ဝိညာဉ် တော်နှင့်ဆိုင်သောအရာများကိုစိတ်စွဲလမ်း သူကား အသက်ရှင်သန်၍ငြိမ်သက်ခြင်းကို ရရှိလိမ့်မည်။- Garrad Bible ရုပ် ခ န္ဓာ ကို စွဲ လမ်း ခြင်း လည်း သေ ခြင်း ဖြစ် သည့် နည်း တူ နာမ် ခ န္ဓာ ကို စွဲ လမ်း ခြင်း သည် အ သက် ရှင် ခြင်း နှင့် ငြိမ် သက် ခြင်း ဖြစ်၏။ Judson Bible ဇာတိပကတိစိတ်သဘောသည် သေခြင်းအကြောင်း ဖြစ်၏။ ဝိညာဉ်ပကတိစိတ်သဘောသည် အသက်ရှင်ခြင်းအကြောင်းနှင့် ငြိမ်သက်ခြင်းအကြောင်း ဖြစ်၏။- မြန်မာ့စံမီသမ္မာကျမ်း သွေးသားဇာတိနှင့်ဆိုင်သောစိတ်သဘောသည် သေခြင်းဖြစ်၏။ ဝိညာဉ်တော်နှင့်ဆိုင်သောစိတ်သဘောမူကား အသက်ရှင်ခြင်းနှင့်ငြိမ်သက်ခြင်းဖြစ်၏။ |
ငြိမ်းချမ်းခြင်းကို သင်တို့အတွက် ငါထားခဲ့၏။ ငါ၏ ငြိမ်းချမ်းခြင်းကို သင်တို့အား ငါပေး၏။ သင်တို့အား ငါပေးသောငြိမ်းချမ်းခြင်းသည် လောကီသားတို့ မပေးနိုင်သော ဆုလာဘ်ဖြစ်၏။ ထို့ကြောင့် စိတ်မပူပန်ကြနှင့်။ မကြောက်ကြနှင့်။
ယေရှုက “ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်း ဖြစ်၏။ အသက်လည်း ဖြစ်၏။ ငါ့ကို အမှီမပြုလျှင် မည်သူမျှ ခမည်းတော်ထံသို့ မရောက်ရ။
အို အဖ… ကမ္ဘာမတည်ရှိမီက ကိုယ်တော်နှင့်အတူ အကျွန်ုပ်ရရှိသော ဘုန်းအသရေဖြင့် အကျွန်ုပ်ကို ရှေ့တော်၌ ယခုဘုန်းကြီးစေတော်မူပါ။
သခင်ယေရှုခရစ်တော်ကဲ့သို့ ကျင့်ကြံပြုမူကြလော့။ လူ့ဗီဇစိတ်အလိုကို လိုက်ရန် မကြံစည်ကြနှင့်။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏နိုင်ငံတော်တွင် စားသောက်ခြင်းသည် အရေးမကြီးပေ။ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ရရှိသော ဖြောင့်မတ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ ဝမ်းမြောက်ခြင်းတို့သာ အရေးကြီး၏။
သို့ဖြစ်၍ ကျွန်ုပ်တို့သည် ယုံကြည်၍ ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရသောကြောင့် ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်လုပ်ဆောင်ပေးခဲ့သောအမှုအားဖြင့် ဘုရားသခင်နှင့် ငြိမ်းချမ်းမှုကို ရရှိကြပြီ။
ဘုရားသခင်၏ ရန်သူဖြစ်စဉ်ကပင် ဘုရားသခင်၏ သားတော်အသေခံတော်မူခြင်းအားဖြင့် ဘုရားသခင်နှင့် ပြန်လည်သင့်မြတ်ခွင့်ကို ကျွန်ုပ်တို့ရရှိလျှင် ပြန်လည်သင့်မြတ်ခွင့်ကို ရရှိပြီးသော ကျွန်ုပ်တို့သည် သားတော်အသက်ရှင်ခြင်းအားဖြင့် ပို၍ပင် ကယ်တင်ခြင်းခံရလိမ့်မည်။
ထိုစဉ်က ပြုကျင့်ခဲ့သောအရာမှ မည်သည့် အကျိုးကို ရသနည်း။ သင်တို့သည် ယခင်က ကျူးလွန်ခဲ့ဖူးသောအရာများအတွက် ယခုရှက်ကြောက်ရ၏။ ထိုအရာတို့သည် သေခြင်း၌ လမ်းဆုံး၏။
အပြစ်၏အဖိုးအခသည် သေခြင်းဖြစ်၏။ ဘုရားသခင် အခမဲ့ပေးတော်မူသောဆုကျေးဇူးမှာ ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်အားဖြင့် ရရှိသောထာဝရအသက်ဖြစ်၏။
အပြစ်တရားသည် ပညတ်တော်အားဖြင့် အခွင့်ကောင်းယူ၍ ကျွန်ုပ်ကို လှည့်ဖြား၏။ ထိုပညတ်တော်ကို အသုံးပြု၍ ကျွန်ုပ်ကို သေစေ၏။
လူ့ဗီဇစိတ်အတိုင်း ကျွန်ုပ်တို့ ကျင်လည်ခဲ့စဉ်က ပညတ်တရား၏ လှုံ့ဆော်မှုအားဖြင့် ပေါ်ပေါက်လာသော အပြစ်ပြုလိုစိတ်သည် ကျွန်ုပ်တို့အတွင်း၌ သက်ဝင်လှုပ်ရှား၍ သေခြင်းသို့ပို့ဆောင်သည့်အကျင့်ဆိုးကို ဖြစ်စေကြ၏။
သင်တို့သည် လူ့ဗီဇစိတ်၏ အလိုအတိုင်း အသက်ရှင်လျှင် သေကြရလိမ့်မည်။ သို့သော် လူ့ဗီဇစိတ်၏ အကျင့်တို့ကို ဝိညာဉ်တော်အားဖြင့် အဆုံးသတ်လျှင်မူ အသက်ရှင်ကြလိမ့်မည်။
စိတ်နှလုံးကို ဆန်းစစ်တော်မူသော ဘုရားသခင်သည် ဝိညာဉ်တော် တောင်းလျှောက်နေသောအရာကို သိမြင်တော်မူ၏။ အဘယ်ကြောင့်ဆိုသော် ဝိညာဉ်တော်သည် ယုံကြည်သူများဖြစ်သည့် ကျွန်ုပ်တို့အတွက် ဘုရားသခင်၏ အလိုတော်အတိုင်း ကိုယ်စားပြုဆုတောင်းတော်မူသောကြောင့် ဖြစ်၏။
လူ့ဗီဇစိတ်နှင့်ဆိုင်သော အရာတို့ကို စွဲလမ်းသောသူသည် ဘုရားသခင်ကို အစဉ် ဆန့်ကျင်၏။ ထိုသို့ စွဲလမ်းသောသူသည် ဘုရားသခင်၏ ပညတ်တရားကို မလိုက်နာ။ လိုက်နာနိုင်စွမ်းလည်း မရှိ။
သို့သော် ဝိညာဉ်တော်က ဖြစ်စေသော အသီးအပွင့်မှာ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်းချမ်းခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်သိခြင်း၊
လူ့ဗီဇစိတ်ကို အလိုလိုက်၍ စိုက်ပျိုးသောသူသည် ဗီဇစိတ်မှ ပျက်စီးခြင်းကို ရိတ်သိမ်းရလိမ့်မည်။ ဝိညာဉ်တော်၏ အလိုတော်အတိုင်း စိုက်ပျိုးသောသူသည် ဝိညာဉ်တော်ထံမှ ထာဝရအသက်ကို ရိတ်သိမ်းရလိမ့်မည်။