သို့ဖြစ်၍ ထိုသို့ ပြောဆိုနေမည့်သူမှာ သင်တို့မဟုတ်ဘဲ သင်တို့အဖ၏ဝိညာဉ်တော်သည် သင်တို့အားဖြင့် ပြောဆိုနေမည်ဖြစ်၏။
ရောမ 8:26 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုကဲ့သို့ပင် သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့အားနည်းသောအရာ၌ ကူညီမစတော်မူ၏။ ဥပမာ ဘုရားသခင်သည် ကျွန်ုပ်တို့အား မည်သည့်ဆုကို တောင်းစေလိုသည်ကို ကျွန်ုပ်တို့မသိ။ ထိုအခါ သန့်ရှင်းသောဝိညာဉ်တော်သည် ဖော်ပြ၍ မရနိုင်အောင် နက်နဲသည့် ညည်းတွားသောစကားတို့ဖြင့် ကျွန်ုပ်တို့အတွက် ကိုယ်စားပြုဆုတောင်းပေးတော်မူ၏။ Common Language Bible ထိုနည်းအတိုင်းပင်ဝိညာဉ်တော်သည်လည်း အားနည်းသော ငါတို့အားကူမရန်ကြွလာ တော်မူ၏။ ငါတို့သည်အဘယ်သို့ဆုတောင်း ရမည်ကိုမသိကြ။ နှုတ်ဖြင့်မြွက်ဆိုဖော်ပြ ရန်မဖြစ်နိုင်သောညည်းတွားသံဖြင့် ဝိညာဉ် တော်ကိုယ်တိုင်ပင်လျှင်ငါတို့အတွက် ဘုရားသခင်ထံအသနားခံတော်မူ၏။- Garrad Bible ထို နည်း တူ မည် သို့ ပ ဌ နာ ပြု သင့် သည် ကို ငါ တို့ မ သိ ကြ သ ဖြင့် ဝိ ညာဉ် တော် လည်း ငါ တို့၏ အား နည်း ခြင်း ကို လုပ် ဆောင် ဘက် ပြု လျက် မြွက် သံ မ ပြု သော ညည်း တွား ခြင်း များ ဖြင့် ငါ တို့ အ ဖို့ အ သ နား ခံ တော် မူ ရာ၊ Judson Bible ထိုမှတစ်ပါး၊ ငါတို့ မတတ်နိုင်သောအရာမှာ ဝိညာဉ်တော်သည် မစတော်မူ၏။ ငါတို့သည် ဆုတောင်းသင့်သည်အတိုင်း အဘယ်ဆုကို တောင်းရမည်ဟုမသိကြ။ သို့ရာတွင် ငါတို့ဆုတောင်းခြင်းအမှုကို နှုတ်မမြွက်နိုင်သော ညည်းတွားခြင်းအားဖြင့် ဝိညာဉ်တော်သည် စောင့်မတော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုနည်းတူ ဝိညာဉ်တော်သည်လည်း ငါတို့၏အားနည်းခြင်းကို ဖေးမကူညီပေးတော်မူ၏။ ငါတို့သည် ဆုတောင်းသင့်သည့်အတိုင်း မည်သို့ဆုတောင်းရမည်ကို မသိကြ။ သို့သော် ဝိညာဉ်တော်ကိုယ်တော်တိုင် စကားဖြင့်ဖော်ပြ၍မရနိုင်သော ညည်းတွားသံများဖြင့် ငါတို့အတွက် အသနားခံပေးတော်မူ၏။ |
သို့ဖြစ်၍ ထိုသို့ ပြောဆိုနေမည့်သူမှာ သင်တို့မဟုတ်ဘဲ သင်တို့အဖ၏ဝိညာဉ်တော်သည် သင်တို့အားဖြင့် ပြောဆိုနေမည်ဖြစ်၏။
ယေရှုက “သင်တို့သည် မည်သည့်အရာ တောင်းသည်ကို သင်တို့မသိကြ။ ငါသောက်မည့်ဒုက္ခဝေဒနာခွက်ကို သင်တို့သောက်နိုင်မည်လော” ဟု ထိုသားနှစ်ဦးအား မေးတော်မူလျှင် သူတို့က “အကျွန်ုပ်တို့ သောက်နိုင်ပါသည်” ဟု လျှောက်ကြ၏။
ယေရှုသည် ပြင်းစွာသော ဝေဒနာကိုခံလျက် စိတ်အားပြင်းပြစွာ ဆုတောင်းသဖြင့် ချွေးစက်တော်သည် သွေးစက်သဖွယ် မြေပေါ်သို့ကျလေ၏။
ငါသည် ခမည်းတော်ထံ တောင်းလျှောက်သဖြင့် ခမည်းတော်သည် သင်တို့အား ကူညီမစမည့် အခြားအရှင်တစ်ပါးကို စေလွှတ်တော်မူလိမ့်မည်။ ထိုအရှင်သည် သင်တို့နှင့်အတူ အစဉ်အမြဲ ရှိလိမ့်မည်။
ယုံကြည်ခြင်းအားကြီးသော ကျွန်ုပ်တို့သည် မိမိတို့စိတ်ကြိုက်မပြုမူဘဲ အားနည်းသောသူတို့၏ အားနည်းချက်များကို ထောက်ထားညှာတာရမည်။
ဪ… စိတ်ပျက်ဖွယ်ကောင်းလေစွ။ သေခြင်းတရားကြီးစိုးသော ဤဘဝမှ ကျွန်ုပ်ကို မည်သူကယ်တင်မည်နည်း။
အဘယ်ကြောင့်ဆိုသော် သင်တို့သည် ကြောက်ရွံ့တတ်သော ကျွန်၏သဘောကို ပြန်၍ ရရှိကြသည် မဟုတ်။ သားသမီးဖြစ်ခွင့် ပေးသော ဘုရားသခင်၏ ဝိညာဉ်တော်ကို ရရှိကြခြင်း ဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်အား “အဗ္ဗ၊ အဖ” ဟု ခေါ်ကြ၏။
ကျွန်ုပ်တို့သည် ကောင်းကင်ဘုံရှိ ကိုယ်ခန္ဓာကို အဝတ်သစ်ကဲ့သို့ ဝတ်ဆင်ရမည့်နေ့အတွက် စိတ်အားထက်သန်စွာ စောင့်မျှော်၍ လက်ရှိကိုယ်ခန္ဓာ၌ ညည်းတွားလျက်နေကြ၏။
ကျွန်ုပ်တို့သည် ဤလောကီခန္ဓာတွင် ရှိနေစဉ် လေးလံသောဝန်ကို ထမ်းရသောကြောင့် ညည်းတွားကြရ၏။ ထိုသို့ ညည်းတွားကြသည်မှာ ဤလောကီခန္ဓာမှ ထွက်ခွာလိုသောကြောင့် မဟုတ်ဘဲ သေတတ်သောအရာကို ထာဝရအသက်ရှင်ခြင်းဖြင့် အစားထိုးနိုင်ရန် ကောင်းကင်ဘုံရှိ ကိုယ်ခန္ဓာကို ဝတ်ဆင်လိုသောကြောင့် ဖြစ်၏။
ကျွန်ုပ်တို့သည် ဘုရားသခင်၏ သားများဖြစ်ကြသောကြောင့် ဘုရားသခင်သည် သားတော်၏ ဝိညာဉ်တော်ကို ကျွန်ုပ်တို့၏ စိတ်နှလုံးထဲသို့ စေလွှတ်တော်မူ၍ ထိုဝိညာဉ်တော်ကြောင့် ကျွန်ုပ်တို့က “အဗ္ဗ၊ အဖ” ဟု ကြွေးကြော်ကြ၏။
ထိုသို့ဖြင့် ကျွန်ုပ်တို့ နှစ်မျိုးစလုံးသည် ခရစ်တော် ပြုခဲ့သော အမှုအားဖြင့် တစ်ပါးတည်းသော ဝိညာဉ်တော်မှတစ်ဆင့် ခမည်းတော်ထံသို့ ဝင်ရောက်ခွင့် ရကြ၏။
အမျိုးမျိုးသော ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့ဖြင့် ဝိညာဉ်တော် ညွှန်ကြားတော်မူသည့်အတိုင်း အချိန်အခါတိုင်းတွင် ဆုတောင်းကြလော့။ ထိုသို့ ဆုတောင်းနိုင်ရန် နိုးနိုးကြားကြား နေ၍ ယုံကြည်သူအပေါင်းတို့အတွက် ဇွဲမလျှော့ဘဲ ဆုတောင်းကြလော့။
အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့၏ ယဇ်ပုရောဟိတ်မင်းသည် ကျွန်ုပ်တို့၏ အားနည်းချက်များကို မစာနာမထောက်ထားနိုင်သူ မဟုတ်။ ကိုယ်တော်သည် ကျွန်ုပ်တို့နည်းတူ ဖြားယောင်းသွေးဆောင်မှုအမျိုးမျိုးကို တွေ့ကြုံခဲ့သောအရှင်ဖြစ်တော်မူ၏။ သို့သော် ကိုယ်တော်သည် အပြစ်နှင့်ကင်းလွတ်တော်မူ၏။
ထိုယဇ်ပုရောဟိတ်မင်းသည် ကိုယ်တိုင်အားနည်းချက် ရှိသဖြင့် မသိနားမလည်ဘဲ လမ်းမှားရောက်နေသူတို့ကို စာနာနိုင်၏။
တောင်းလျှောက်သောအခါ၌လည်း အပျော်အပါးလိုက်စားနိုင်ရန်အတွက် လွဲမှားစွာ တောင်းလျှောက်သောကြောင့် မရကြ။