ရောမ 8:25 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် ကျွန်ုပ်တို့မတွေ့မြင်ရသေးသောအရာကို မျှော်လင့်ကြလျှင်မူ ထိုအရာကို သည်းခံသောစိတ်နှင့် စောင့်မျှော်ကြ၏။ Common Language Bible သို့ရာတွင်ငါတို့သည်မိမိတို့မမြင်ရသည့် အရာကိုမျှော်လင့်ကြလျှင် ထိုအရာကိုစိတ် ရှည်စွာစောင့်မျှော်ကြ၏။ Garrad Bible မျက် မှောက် မ ရှိ ရာ ကို ငါ တို့ မျှော် လင့် လျှင် မူ ကား တည် ကြည် စွာ စောင့် မျှော် လျက် နေ ရ ကြ ၏။ Judson Bible ငါတို့သည် မတွေ့မမြင်သောအရာကို မျှော်လင့်လျှင်မူကား၊ ထိုအရာကို သည်းခံသောစိတ်နှင့် ငံ့လင့်၍ နေကြ၏။- မြန်မာ့စံမီသမ္မာကျမ်း မမြင်သေးသောအရာကို ငါတို့မျှော်လင့်ကြလျှင်မူကား ထိုအရာကို သည်းခံသောစိတ်နှင့်စောင့်မျှော်ကြ၏။ |
ကောင်းသောမြေ၌ ကျသည့်မျိုးစေ့မှာ တရားစကားကို ကြားသောအခါ စစ်မှန်ကောင်းမွန်သောစိတ်နှလုံးနှင့် စွဲမြဲစွာခံယူ၍ တည်ကြည်စွာ အသီးသီးသောသူကို ဆိုလို၏။
မျှော်လင့်လျက် ဝမ်းမြောက်ကြလော့။ ဆင်းရဲဒုက္ခရောက်သောအခါ၌ သည်းခံ၍ မပျက်မကွက်ဆုတောင်းကြလော့။
ကောင်းမှုကို အစဉ်တစိုက်ပြု၍ ဘုန်းအသရေ၊ ဂုဏ်အသရေနှင့် မပျက်စီးမယိုယွင်းသောဘဝကို ရှာသောသူတို့အား ထာဝရအသက်ကို ပေးတော်မူလိမ့်မည်။
ဖန်ဆင်းခံလောကသာ ညည်းတွားနေသည်မဟုတ်။ ဘုရားသခင်၏ အဦးဆုံးဆုကျေးဇူးဖြစ်သည့် ဝိညာဉ်တော်ကို ရရှိသော ကျွန်ုပ်တို့သည်လည်း ခန္ဓာရွေးနုတ်ခြင်းဟူသော သားသမီးဖြစ်ခွင့်ကို စောင့်မျှော်၍ ညည်းတွားနေကြ၏။
ထို့ပြင် သင်တို့သည် ကိုယ်တော်၏ ဘုန်းတန်ခိုးတော်နှင့်အညီ တန်ခိုးတော်အပေါင်းတို့ဖြင့် ခွန်အားဖြည့်ခံရသဖြင့် ဝမ်းမြောက်သောစိတ်ဖြင့် အလွန်စိတ်ရှည်စွာ အရာရာကို သည်းခံနိုင်ရန် ကျွန်ုပ်တို့ဆုတောင်းပေးကြ၏။
ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို သင်တို့နားလည်သဘောပေါက်စေရန်နှင့် ခရစ်တော်ကဲ့သို့ သည်းခံတတ်စေရန် သခင်ဘုရားသည် သင်တို့ကို လမ်းညွှန်တော်မူပါစေသော။
ဘုရားသခင်၏အလိုတော်ကို ဆောင်ရွက်နိုင်ရန်နှင့် ကတိထားသောအရာကို ရရှိနိုင်ရန် သင်တို့သည် သည်းခံစိတ်မွေးရမည်။
ဤသို့ဖြင့် သင်တို့သည် ပျင်းရိသောသူများမဖြစ်ဘဲ ကတိထားတော်မူသောအရာကို ယုံကြည်ခြင်းနှင့် စိတ်ရှည်ခြင်းတို့ဖြင့် ရရှိသောသူတို့အား အတုယူရန်ဖြစ်၏။
ထိုသို့ အာဗြဟံသည် စိတ်ရှည်စွာ စောင့်ဆိုင်းပြီးနောက် ဘုရားသခင်ကတိထားတော်မူသောအရာကို ရရှိခဲ့၏။
သင်တို့၏ညီအစ်ကိုဖြစ်သော ကျွန်ုပ်ယောဟန်သည် သင်တို့နည်းတူ ယေရှု၏နောက်လိုက်ဖြစ်သည်နှင့်အညီ ဆင်းရဲဒုက္ခကိုလည်းကောင်း၊ ဘုရားသခင်၏နိုင်ငံတော်သားဖြစ်ခွင့်ကိုလည်းကောင်း၊ စိတ်ရှည်သည်းခံရခြင်းကိုလည်းကောင်း မျှဝေခံစားသည့် သင်တို့၏လုပ်ဖော်ကိုင်ဖက်ဖြစ်၏။ ကျွန်ုပ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဟောပြောပြီး သခင်ယေရှုအကြောင်းကို သက်သေခံသောကြောင့် ပတ်မုကျွန်းသို့ ရောက်နေ၏။
ထောင်ကျမည့် သူသည် ထောင်ချခံရလိမ့်မည်။ ဓားဖြင့် အသတ်ခံရမည့် သူသည်လည်း ဓားဖြင့် အသတ်ခံရလိမ့်မည်။ ဤအကြောင်းကြောင့် ဘုရားသခင်၏ သန့်ရှင်းသူတို့သည် သည်းခံ၍ ယုံကြည်ရန် ဖြစ်၏။
ဤအကြောင်းကြောင့် ဘုရားသခင်၏ပညတ်တော်တို့ကို လိုက်နာ၍ ယေရှုကို စွဲမြဲစွာ ယုံကြည်သည့် သန့်ရှင်းသူတို့သည် သည်းခံရန် လို၏။