Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 21:19 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

19 သင်တို့​သည် ကြံ့ကြံ့ခံခြင်း​အားဖြင့် ကယ်တင်ခံကြရ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

19 သင်​တို့​သည်​ကြံ့​ကြံ့​ခံ​နိုင်​ရည်​ရှိ​ကြ​လော့။ သို့​ပြု​လျှင်​ကယ်​တင်​ခြင်း​ခံ​ရ​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

19 တည် ကြည် ကြ လျှင် အ သက် ချမ်း သာ ရ ကြ လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

19 သင်​တို့​သည် တည်​ကြည်​သော​အား​ဖြင့် ကယ်​တင်​ခြင်း​သို့ ရောက်​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 သင်​တို့​သည် သည်းခံ​သော​အားဖြင့် သင်​တို့​အသက်​ကို​ရရှိ​ကြ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

19 သင်​တို့​သည် တည်​ကြည်​သော​အား​ဖြင့် ကယ်​တင်​ခြင်း​သို့ ရောက်​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 21:19
26 ပူးပေါင်းရင်းမြစ်များ  

ငါ​၏​နောက်လိုက်များ​ဖြစ်​သောကြောင့် လူအပေါင်းတို့​သည် သင်တို့​ကို မုန်းတီးကြ​လိမ့်မည်။ သို့သော် အဆုံး​တိုင်အောင် ကြံ့ကြံ့ခံသော​သူ​သည် ကယ်တင်ခံရ​လိမ့်မည်။


သို့ရာတွင် အဆုံး​တိုင်အောင် ကြံ့ကြံ့ခံသော​သူ​သည် ကယ်တင်ခံရ​လိမ့်မည်။


ကောင်းသော​မြေ​၌ ကျသည့်​မျိုးစေ့​မှာ တရားစကား​ကို ကြား​သောအခါ စစ်မှန်​ကောင်းမွန်သော​စိတ်နှလုံး​နှင့် စွဲမြဲစွာ​ခံယူ​၍ တည်ကြည်​စွာ အသီး​သီးသော​သူ​ကို ဆိုလို၏။


ထိုသို့ ကျမ်းစာ​၌ ယခင်က ရေးသားခဲ့သော​အရာများ​သည် ကျွန်ုပ်တို့​ကို သွန်သင်​ရန် ရေးသားထားခြင်း​ဖြစ်ပြီး ထို​ကျမ်းစာ​မှ ရရှိသော သည်းခံခြင်း​နှင့် နှစ်သိမ့်ခြင်း​အားဖြင့် ကျွန်ုပ်တို့​တွင် မျှော်လင့်ချက်​ရှိစေရန် ဖြစ်၏။


ကောင်းမှု​ကို အစဉ်တစိုက်​ပြု​၍ ဘုန်းအသရေ၊ ဂုဏ်အသရေ​နှင့် မပျက်စီး​မယိုယွင်းသော​ဘဝ​ကို ရှာသော​သူတို့​အား ထာဝရ​အသက်​ကို ပေးတော်မူ​လိမ့်မည်။


ထိုမျှ​မက ဆင်းရဲ​ဒုက္ခများ​နှင့် ကြုံတွေ့ရ​လျှင်လည်း ကျွန်ုပ်တို့​သည် ဂုဏ်ယူ​ဝမ်းမြောက်ကြ၏။ အဘယ်ကြောင့်ဆိုသော် ထို​ဆင်းရဲဒုက္ခများ​သည် ကျွန်ုပ်တို့​အား သည်းခံခြင်း​ကို​လည်းကောင်း၊


သည်းခံခြင်း​သည် ဘုရားသခင်​နှစ်သက်တော်မူသော​စာရိတ္တ​ကို​လည်းကောင်း၊ ဘုရားသခင်​နှစ်သက်တော်မူသော​စာရိတ္တ​သည် ကယ်တင်ခြင်း​အတွက် မျှော်လင့်ခြင်း​ကို​လည်းကောင်း ဖြစ်ပေါ်စေကြောင်း ကျွန်ုပ်တို့​သိ​သောကြောင့်​ဖြစ်၏။


သို့သော် ကျွန်ုပ်တို့​မတွေ့မြင်ရသေးသော​အရာ​ကို မျှော်လင့်ကြ​လျှင်မူ ထို​အရာ​ကို သည်းခံသော​စိတ်​နှင့် စောင့်မျှော်ကြ၏။


ဘုရားသခင်​၏ ချစ်ခြင်းမေတ္တာ​ကို သင်တို့​နားလည်သဘောပေါက်​စေရန်​နှင့် ခရစ်တော်​ကဲ့သို့ သည်းခံတတ်​စေရန် သခင်ဘုရား​သည် သင်တို့​ကို လမ်းညွှန်တော်မူပါစေသော။


ဘုရားသခင်​၏​အလိုတော်​ကို ဆောင်ရွက်​နိုင်ရန်​နှင့် ကတိထားသော​အရာ​ကို ရရှိ​နိုင်ရန် သင်တို့​သည် သည်းခံစိတ်​မွေး​ရမည်။


သင်တို့​တစ်ဦးစီ​တိုင်း​သည် အဆုံး​တိုင်အောင် စိတ်အားထက်သန်မှု​ကို ယခု​အတိုင်း ပြသနိုင်​ရန် ကျွန်ုပ်တို့​အလို​ရှိ၏။ သို့မှသာ သင်တို့​မျှော်လင့်သည့်​အရာ​ကို အသေအချာ ရရှိ​နိုင်​လိမ့်မည်။


ထိုသို့ အာဗြဟံ​သည် စိတ်ရှည်​စွာ စောင့်ဆိုင်း​ပြီးနောက် ဘုရားသခင်​ကတိထားတော်မူသော​အရာ​ကို ရရှိခဲ့၏။


အဘယ်ကြောင့်ဆိုသော် သင်တို့​၏​ယုံကြည်ခြင်း​ကို စမ်းသပ်ခြင်း​သည် သည်းခံခြင်း​ကို ဖြစ်ပေါ်စေကြောင်း သင်တို့​သိကြ​သောကြောင့်​ဖြစ်၏။


သင်တို့​သည် မည်သည့်​ချို့တဲ့မှု​မျှ မရှိဘဲ ရင့်ကျက်​လျက် ပြီးပြည့်စုံ​နိုင်ရန်​အတွက် အဆုံး​တိုင်အောင် သည်းခံ​ရမည်။


အသိပညာ​၌ မိမိကိုယ်ကိုယ်​ချုပ်တည်းခြင်း​ကို​လည်းကောင်း၊ မိမိကိုယ်ကိုယ်​ချုပ်တည်းခြင်း​၌ သည်းခံခြင်း​ကို​လည်းကောင်း၊ သည်းခံခြင်း​၌ ဘုရားတရား​ကိုင်းရှိုင်းခြင်း​ကို​လည်းကောင်း၊


သင်တို့​၏​ညီအစ်ကို​ဖြစ်သော ကျွန်ုပ်​ယောဟန်​သည် သင်တို့​နည်းတူ ယေရှု​၏​နောက်လိုက်​ဖြစ်သည်​နှင့်အညီ ဆင်းရဲဒုက္ခ​ကို​လည်းကောင်း၊ ဘုရားသခင်​၏​နိုင်ငံတော်သား​ဖြစ်ခွင့်​ကို​လည်းကောင်း၊ စိတ်ရှည်​သည်းခံရခြင်း​ကို​လည်းကောင်း မျှဝေခံစားသည့် သင်တို့​၏​လုပ်ဖော်ကိုင်ဖက်​ဖြစ်၏။ ကျွန်ုပ်​သည် ဘုရားသခင်​၏ နှုတ်ကပတ်တော်​ကို ဟောပြောပြီး သခင်​ယေရှု​အကြောင်း​ကို သက်သေခံ​သောကြောင့် ပတ်မုကျွန်း​သို့ ရောက်နေ၏။


ထောင်​ကျမည့် သူ​သည် ထောင်ချ​ခံရ​လိမ့်မည်။ ဓား​ဖြင့် အသတ်ခံရမည့် သူ​သည်​လည်း ဓား​ဖြင့် အသတ်ခံရ​လိမ့်မည်။ ဤ​အကြောင်း​ကြောင့် ဘုရားသခင်​၏ သန့်ရှင်းသူတို့​သည် သည်းခံ​၍ ယုံကြည်​ရန် ဖြစ်၏။


ဤ​အကြောင်း​ကြောင့် ဘုရားသခင်​၏​ပညတ်တော်တို့​ကို လိုက်နာ​၍ ယေရှု​ကို စွဲမြဲ​စွာ ယုံကြည်သည့် သန့်ရှင်းသူတို့​သည် သည်းခံ​ရန် လို၏။


သင်​သည် ငါ​သွန်သင်သည့်​အတိုင်း သည်းခံ​လျက်​နေခဲ့၏။ ထို့ကြောင့် ကမ္ဘာလောက​၌ နေထိုင်ကြသောသူတို့​ကို စစ်ဆေး​ရန်အတွက် ကမ္ဘာတစ်ဝန်းလုံး​အပေါ် ကျရောက်မည့်​စုံစမ်း​နှောင့်ယှက်ခြင်း​ကာလ​မှ သင်တို့​ကို ငါ​ကယ်တင်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ