ရှေးအခါကပင် သန့်ရှင်းသောပရောဖက်များအားဖြင့် ဘုရားသခင်မိန့်တော်မူခဲ့သည့် အရာခပ်သိမ်းတို့ကို ပြန်လည်အသစ်ပြုပြင်မည့်အချိန်အထိ ထိုအရှင်သည် ကောင်းကင်ဘုံတွင် ရှိတော်မူမည်။
ရောမ 8:21 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် ဖန်ဆင်းခံလောကသည် သေခြင်းနှင့် ပုပ်သိုးဆွေးမြည့်ခြင်း၏အနှောင်အဖွဲ့မှ ကင်းလွတ်၍ ဘုရားသခင်၏ သားသမီးများနှင့်အတူ ဘုန်းအသရေနှင့် ပြည့်သော လွတ်လပ်ခွင့် ခံစားရမည့်နေ့ရက်ကို မျှော်လင့်လျက် နေ၏။ Common Language Bible ထိုမျှော်လင့်ချက်မှာတစ်နေ့သောအခါ၌ အဖန်ဆင်းခံကမ္ဘာလောကသည်ဖောက်ပြန် ပျက်စီးခြင်းအနှောင်အဖွဲ့မှလွတ်မြောက်၍ ဘုရားသခင်၏သားသမီးများနှင့်အတူ လွတ်လပ်မှုဘုန်းအသရေကိုခံစားခွင့် ရရှိလိမ့်မည်ဖြစ်သည်။- Garrad Bible သခ်ါ ရ တ ရား၏ ကျွန် ခံ ခြင်း အ ဖြစ် နှင့် ကင်း၍ ဘု ရား သ ခင့် သား သ မီး တို့ ဘုန်း ကြီး သော လွတ် ခွင့် အ ဖြစ် ကို မျှော် လင့် ခြင်း ရှိ ကြ သ တည်း။ Judson Bible ဘုရားသခင်သားတို့၏ ထူးမြတ်သော လွှတ်ခြင်းချမ်းသာတည်းဟူသော ဖောက်ပြန်ပျက်စီးခြင်း အနှောင်အဖွဲ့မှ ကယ်လွှတ်ခြင်းချမ်းသာကို ဝင်စားမည်ဟု မျှော်လင့်ရသော အခွင့်ကိုပေး၍ အနိစ္စနိုင်ငံသို့ လိုက်စေတော်မူသောသူ၏ အလိုတော်ကြောင့်သာ လိုက်ရ၏။- မြန်မာ့စံမီသမ္မာကျမ်း ဖန်ဆင်းခံလောကကိုယ်တိုင် ပျက်စီးခြင်း၏အနှောင်အဖွဲ့မှ လွတ်မြောက်၍ ဘုရားသခင့်သားသမီးများ၏ဘုန်းအသရေနှင့်ပြည့်စုံသော လွတ်လပ်ခြင်းသို့ဝင်စားခွင့်ရမည်ဟူသည့် မျှော်လင့်ခြင်းရှိသောကြောင့်ဖြစ်၏။ |
ရှေးအခါကပင် သန့်ရှင်းသောပရောဖက်များအားဖြင့် ဘုရားသခင်မိန့်တော်မူခဲ့သည့် အရာခပ်သိမ်းတို့ကို ပြန်လည်အသစ်ပြုပြင်မည့်အချိန်အထိ ထိုအရှင်သည် ကောင်းကင်ဘုံတွင် ရှိတော်မူမည်။
ဘုရားသခင်၏ သားသမီးများမှာ မည်သူတို့ဖြစ်ကြောင်း ဖော်ပြတော်မူမည့်နေ့ရက်ကို ဖန်ဆင်းခံလောကသည် အလွန်တောင့်တမျှော်လင့်လျက် ရှိ၏။
ထိုသို့ ဘုရားသခင်သည် မိမိရွေးကောက်ထားသောသူတို့ကို ခေါ်တော်မူ၏။ ခေါ်တော်မူပြီးနောက် ဖြောင့်မတ်သည်ဟု သတ်မှတ်တော်မူ၏။ ဖြောင့်မတ်သည်ဟု သတ်မှတ်တော်မူပြီးနောက် ဘုန်းအသရေကို ပေးတော်မူ၏။
သေလွန်သောသူတို့ ပြန်ရှင်ခြင်းမှာလည်း ထိုနည်းအတိုင်းဖြစ်၏။ ကျွန်ုပ်တို့ သေဆုံးသောအခါ ကျွန်ုပ်တို့၏ ပုပ်ပျက်တတ်သောခန္ဓာသည် မြေ၌ စိုက်ပျိုးခြင်းခံရ၏။ သို့သော်လည်း ထမြောက်သောအခါ မပုပ်ပျက်နိုင်သောခန္ဓာအဖြစ် ရှိလိမ့်မည်။
“နောက်တစ်ဖန်” ဟူသော စကားမှာ ဖန်ဆင်းခံအရာအားလုံးသည် တုန်လှုပ်ပြီး ဖယ်ရှားခံရမည်ဖြစ်သောကြောင့် မတုန်လှုပ်နိုင်သော အရာများသာ ကျန်ရှိတော့မည်ဖြစ်ကြောင်းဆိုလို၏။
သို့သော် ကျွန်ုပ်တို့သည် ကိုယ်တော်၏ ကတိတော်အတိုင်း ဖြောင့်မတ်ခြင်းတရားတည်ရှိရာ ကောင်းကင်သစ်နှင့် မြေကြီးသစ်ကို စောင့်မျှော်နေကြ၏။
ထို့နောက် ကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ကျွန်ုပ်မြင်ရ၏။ ပထမကောင်းကင်နှင့် ပထမမြေကြီးသည် ကွယ်ပျောက်သွား၍ ပင်လယ်သည်လည်း မရှိတော့ပေ။