လူအပေါင်းတို့သည် မနာခံကြသောကြောင့် ပြစ်ဒဏ်ခံထိုက်ကြောင်း ဘုရားသခင်ပြသတော်မူ၏။ ဤသို့ ပြသတော်မူရခြင်းမှာ လူအပေါင်းတို့အပေါ် ကရုဏာထားလိုသောကြောင့်ပင် ဖြစ်၏။
ရောမ 5:19 - ခေတ်သစ်မြန်မာ သမ္မာကျမ်း လူတစ်ဦး၏ မနာခံခြင်းကြောင့် လူများစွာတို့သည် အပြစ်သားများအဖြစ် သတ်မှတ်ခြင်းခံကြရသကဲ့သို့ လူတစ်ဦး၏ နာခံခြင်းကြောင့် လူများစွာတို့သည် ဖြောင့်မတ်သူများအဖြစ် သတ်မှတ်ခြင်းခံကြရ၏။ Common Language Bible လူတစ်ဦးသည်ဘုရားစကားကိုနားမထောင် သောအားဖြင့်လူအပေါင်းတို့အပြစ်ကူးသူ များဖြစ်ရကြသည်နည်းတူ အခြားလူတစ်ဦး သည်ဘုရားစကားကိုနာခံသောအားဖြင့်လူ အပေါင်းတို့သည်ဘုရားသခင်နှင့်မှန်ကန်စွာ ဆက်သွယ်ရကြလိမ့်မည်။ Garrad Bible တစ် နည်း တစ် ဦး၏ နား မ ထောင် ခြင်း ကြောင့် အ များ သည် အ ပြစ် သား အ ဖြစ် ရောက် သည့် နည်း တူ ပင်၊ တစ် ပါး သူ၏ နား ထောင် ခြင်း ကြောင့် အ များ သည် ဖြောင့် မတ် သူ့ အ ဖြစ် ရောက် ရ ကြ လိမ့် မည်။ Judson Bible အကြောင်းမူကား၊ တစ်ယောက်သောသူသည် နားမထောင်သောအားဖြင့်၊ လူများတို့သည် အပြစ်ရောက်သည်နည်းတူ၊ တစ်ယောက်သောသူသည် နားထောင်သောအားဖြင့်၊ လူများတို့သည် ဖြောင့်မတ်ရာသို့ ရောက်ရကြ၏။- မြန်မာ့စံမီသမ္မာကျမ်း တစ်နည်းဆိုသော် လူတစ်ယောက်၏မနာခံမှုကြောင့် များစွာသောလူတို့သည် အပြစ်သားအဖြစ် သတ်မှတ်ခြင်းခံရကြသည့်နည်းတူ တစ်ယောက်သောသူ၏နာခံမှုကြောင့် များစွာသောလူတို့သည် ဖြောင့်မတ်သောသူအဖြစ် သတ်မှတ်ခြင်းခံရကြလိမ့်မည်။ |
လူအပေါင်းတို့သည် မနာခံကြသောကြောင့် ပြစ်ဒဏ်ခံထိုက်ကြောင်း ဘုရားသခင်ပြသတော်မူ၏။ ဤသို့ ပြသတော်မူရခြင်းမှာ လူအပေါင်းတို့အပေါ် ကရုဏာထားလိုသောကြောင့်ပင် ဖြစ်၏။
အပြစ်သည် လူတစ်ဦးကြောင့် ကမ္ဘာလောကသို့ ဝင်လာခဲ့၏။ အပြစ်ကြောင့် သေခြင်းတရားပေါ်ပေါက်လာသည်နှင့်အညီ လူအပေါင်းတို့သည် အပြစ်ကျူးလွန်သောကြောင့် သေခြင်းတရားနှင့် ရင်ဆိုင်ကြရ၏။
သို့ရာတွင် အာဒံ၏အပြစ်နှင့် ဘုရားသခင်၏ ဆုကျေးဇူးသည် အလွန်ကွာခြား၏။ ဤလူတစ်ဦးဖြစ်သော အာဒံ၏ အပြစ်ကြောင့် လူများစွာသည် သေကြရ၏။ သို့သော် အခြားသူတစ်ဦးဖြစ်သော ယေရှုခရစ်တော်အားဖြင့် လူများစွာက ရရှိသောဘုရားသခင်၏ကျေးဇူးတော်နှင့် ခွင့်လွှတ်ခြင်းဟူသည့်လက်ဆောင်သည် ပို၍ ကြီးမား၏။
သို့ဖြစ်၍ အာဒံ၏ အပြစ်တစ်ခုကြောင့် လူအပေါင်းတို့သည် ပြစ်ဒဏ်ချမှတ်ခံရသကဲ့သို့ ခရစ်တော်၏ ဖြောင့်မတ်ခြင်းတစ်ခုကြောင့် လူအပေါင်းတို့သည် ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရပြီး အသက်ရှင်ခွင့်ကိုရကြ၏။
ဘုရားသခင်သည် ကျွန်ုပ်တို့အတွက် အပြစ်ကင်းသောအရှင်ကို အပြစ်ဖြစ်စေတော်မူ၏။ ဤသို့ ဖြစ်စေတော်မူခြင်းမှာ ထိုအရှင်အားဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရရန်ဖြစ်၏။
ထို့ကြောင့် ချစ်တော်မူသော သားတော်အားဖြင့် ကျွန်ုပ်တို့ကို ရက်ရောစွာ ပေးသနားတော်မူသည့် ဘုန်းကြီးသောကျေးဇူးတော်အတွက် ကျွန်ုပ်တို့သည် ဘုရားသခင်ကို ချီးမွမ်းကြရမည်ဖြစ်၏။
လူသားအဖြစ် ရှိနေချိန် မိမိကိုယ်ကိုယ် နှိမ့်ချ၍ လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံသည့်တိုင်အောင် ဘုရားသခင်ကို နာခံတော်မူ၏။