အပြစ်သည် လူတစ်ဦးကြောင့် ကမ္ဘာလောကသို့ ဝင်လာခဲ့၏။ အပြစ်ကြောင့် သေခြင်းတရားပေါ်ပေါက်လာသည်နှင့်အညီ လူအပေါင်းတို့သည် အပြစ်ကျူးလွန်သောကြောင့် သေခြင်းတရားနှင့် ရင်ဆိုင်ကြရ၏။
ရောမ 5:14 - ခေတ်သစ်မြန်မာ သမ္မာကျမ်း မည်သို့ပင်ဖြစ်စေ အာဒံလက်ထက်မှစ၍ မောရှေလက်ထက်တိုင်အောင် သေခြင်းတရားသည် အစိုးရ၏။ ဘုရားသခင်၏ပညတ်တော်ကို အာဒံချိုးဖောက်၍ အပြစ်ကျူးလွန်သည့်နည်းတူ မကျူးလွန်ခဲ့သောသူတို့ပင် သေကြရ၏။ အာဒံသည် နောင်အခါ ပေါ်ထွန်းလာမည့် ခရစ်တော်၏ နမူနာပုံဖြစ်၏။ Common Language Bible သို့ရာတွင်သေခြင်းတရားသည်အာဒံ၏လက် ထက်မှစ၍မောရှေ၏လက်ထက်တိုင်အောင် လူ အပေါင်းတို့အားစိုးမိုးခဲ့၏။ အာဒံကဲ့သို့ ဘုရားသခင်၏အမိန့်တော်ကိုဖီဆန်ခြင်းဖြင့် အပြစ်မကူးခဲ့သူတို့ကိုပင်သေခြင်းတရား ကစိုးမိုးခဲ့ပေသည်။ အာဒံသည်နောင်အခါပေါ်ထွန်းလတ္တံ့သော အရှင်၏ပုံကိုဆောင်ပေသည်။- Garrad Bible အာ ဒံ့ လက် ထက် မှ မော ရှေ့ လက် ထက် တိုင် အာ ဒံ လွန် ကျူး မှု အ လိုက် မ ပြစ် မှား သူ တို့ အ ပေါ် တွင် ပင် သေ ခြင်း တ ရား မင်း မူ သ တည်း။ ထို အာ ဒံ သည် ကြွ လာ လ တ္တံ့ သော အ ရှင့် ပုံ ဖြစ် ခဲ့ သော် လည်း၊ Judson Bible သို့သော်လည်း အာဒံလက်ထက်မှစ၍ မောရှေလက်ထက်တိုင်အောင် သေခြင်းတရားသည် အစိုးရ၏။ အာဒံပြစ်မှားသည်နည်းတူ မပြစ်မှားသော သူတို့ကိုပင် အစိုးရ၏။ ထိုအာဒံသည် နောက်လာလတ္တံ့သောသူ၏ ပုံပမာဖြစ်သတည်း။ မြန်မာ့စံမီသမ္မာကျမ်း မည်သို့ပင်ဖြစ်စေ အာဒံလက်ထက်မှစ၍ မောရှေလက်ထက်တိုင်အောင် သေခြင်းတရားသည် အာဒံ၏ဖောက်ဖျက်ကျူးလွန်မှုနှင့်တူညီသောအပြစ်မျိုးကို မပြုသောသူတို့ကိုပင် စိုးမိုးခဲ့၏။ အာဒံသည် ကြွလာရန်ရှိသောသူ၏ပုံပမာဖြစ်၏။ |
အပြစ်သည် လူတစ်ဦးကြောင့် ကမ္ဘာလောကသို့ ဝင်လာခဲ့၏။ အပြစ်ကြောင့် သေခြင်းတရားပေါ်ပေါက်လာသည်နှင့်အညီ လူအပေါင်းတို့သည် အပြစ်ကျူးလွန်သောကြောင့် သေခြင်းတရားနှင့် ရင်ဆိုင်ကြရ၏။
လူတစ်ဦးဖြစ်သော အာဒံ၏အပြစ်ကြောင့် လူများစွာကို သေခြင်းတရားက အုပ်စိုးလျှင် လူတစ်ဦးဖြစ်သော ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်၏ ကြွယ်ဝသောဆုကျေးဇူးတော်နှင့် ဖြောင့်မတ်ခြင်းဟူသော လက်ဆောင်ကို လက်ခံရရှိသူအပေါင်းတို့က အသက်ရှင်လျက် ပို၍ပင် အုပ်စိုးကြလိမ့်မည်။
ဤသို့ဖြင့် အပြစ်တရားသည် သေခြင်းတရားအားဖြင့် အုပ်စိုးခဲ့သကဲ့သို့ ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်အားဖြင့် ထာဝရအသက်ကို ရရှိစေရန် ဘုရားသခင်၏ ကျေးဇူးတော်သည်လည်း ဖြောင့်မတ်ခြင်းတရားအားဖြင့် အုပ်စိုးတော်မူ၏။
ဘုရားသခင်သည် ဖန်ဆင်းခံလောကကို အကျိုးမဲ့သောအဖြစ်သို့ ရောက်ရန် စီရင်တော်မူ၏။ ထိုသို့ ဖြစ်ခြင်းမှာ ဖန်ဆင်းခံလောက၏ ဆန္ဒအရ မဟုတ်။ ဘုရားသခင် စီရင်တော်မူခြင်းအားဖြင့်သာ ဖြစ်၏။
ဖန်ဆင်းခံလောကတစ်ခုလုံးသည် သားဖွားခြင်းဝေဒနာကဲ့သို့သော ဝေဒနာဖြင့် ယခုတိုင်အောင် ညည်းတွားနေသည်ကို ကျွန်ုပ်တို့သိကြ၏။
လူအပေါင်းတို့သည် အာဒံကြောင့် သေဆုံးကြရသကဲ့သို့ လူအပေါင်းတို့သည် ခရစ်တော်ကြောင့် အသက်ပြန်ရှင်ခြင်းအခွင့်ကို ရကြလိမ့်မည်။
ကျမ်းစာ၌ “ပထမဆုံးလူအာဒံသည် အသက်ရှင်သောသူဖြစ်လာ၏” ဟု ရေးသားထား၏။ နောက်ဆုံးအာဒံသည် အသက်ရှင်စေသော ဝိညာဉ်ဖြစ်၏။
လူတို့သည် တစ်ကြိမ်တည်းသာ သေရပြီးနောက် တရားစီရင်တော်မူခြင်းကို ရင်ဆိုင်ရသကဲ့သို့