အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ရော​မ 4:1 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ဘုရားသခင်​၏​ရှေ့တော်​၌ ဖြောင့်မတ်သည်​ဟု သတ်မှတ်ခံရခြင်း​နှင့်​ပတ်သက်၍ ကျွန်ုပ်တို့​ဂျူးလူမျိုး​၏ ဘိုးဘေး​အာဗြဟံ​သည် မည်သို့​ကြုံတွေ့ခဲ့သနည်း။

အခန်းကိုကြည့်ပါ။

Common Language Bible

သို့​ဖြစ်​၍​ငါ​တို့​လူ​မျိုး​၏​အ​ဖ​ဖြစ်​သူ အာ​ဗြ​ဟံ​၏​အ​ကြောင်း​ကို​စဉ်း​စား​ကြည့် ကြ​စို့။ သူ​၏​အ​တွေ့​အ​ကြုံ​ကား​အောက်​ပါ အ​တိုင်း​ဖြစ်​သည်။-

အခန်းကိုကြည့်ပါ။

Garrad Bible

၎င်း ပြင် ရုပ် ခ န္ဓာ အ လျောက် ငါ တို့ အ မျိုး အ ဘ ဖြစ် သော အာ ဗြ ဟံ အ ကြောင်း မည် သို့ ဆို ရ အံ့ နည်း။

အခန်းကိုကြည့်ပါ။

Judson Bible

ထို​သို့​ဖြစ်​လျှင်၊ ငါ​တို့​အ​ဘ​အာ​ဗြ​ဟံ​သည် ဇာ​တိ​ပ​က​တိ​အား​ဖြင့် အ​ဘယ်​အ​ကျိုး​ကို​ရ​သ​နည်း။-

အခန်းကိုကြည့်ပါ။

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထိုသို့​ဖြစ်​လျှင် သွေးသား​ဇာတိ​အားဖြင့် ငါ​တို့​အဖ​အာဗြဟံ ခံစား​ရရှိ​သည့်​အရာ​နှင့်​ပတ်သက်၍ မည်သို့​ဆို​ရ​မည်နည်း။

အခန်းကိုကြည့်ပါ။



ရော​မ 4:1
18 ပူးပေါင်းရင်းမြစ်များ  

‘ငါတို့​သည် အာဗြဟံ​၏​မျိုးဆက်များ ဖြစ်ကြ​သောကြောင့် ဘုရားသခင်​သည် ငါတို့​ကို အပြစ်​စီရင်တော်မူမည်​မဟုတ်’ ဟူ၍ မိမိကိုယ်ကိုယ် မထင်ကြနှင့်။ သင်တို့​အား ငါ​ပြောဆိုသည်​မှာ ဘုရားသခင်​သည် အာဗြဟံ​အတွက် သားသမီးများ​ကို ဤ​ကျောက်ခဲများ​မှပင် ဖန်ဆင်းနိုင်တော်မူ၏။


အပြစ်​မှ နောင်တရ​၍ ဘုရားသခင်​ထံတော်သို့ ပြန်လာကြောင်း​ကို သင်တို့​အကျင့်​အားဖြင့် သက်သေထူကြလော့။ ‘ငါတို့​သည် အာဗြဟံ​၏​မျိုးဆက်များ ဖြစ်ကြ​သောကြောင့် ဘုရားသခင်​သည် ငါတို့​ကို အပြစ်​စီရင်တော်မူမည်​မဟုတ်’ ဟူ၍ မိမိကိုယ်ကိုယ်​မထင်ကြနှင့်။ သင်တို့​အား ငါ​ပြောဆိုသည်​မှာ ဘုရားသခင်​သည် အာဗြဟံ​အတွက် သားသမီးများ​ကို ဤ​ကျောက်ခဲများ​မှပင် ဖန်းဆင်းတော်မူနိုင်၏။


ထို​သူတို့​က “အကျွန်ုပ်တို့​သည် အာဗြဟံ​၏ မျိုးဆက်များ​ဖြစ်ကြ၏။ မည်သည့်အခါ​ကမျှ သူတစ်ပါး​ကျွန် မဖြစ်ခဲ့ကြပါ။ ထို့ကြောင့် ‘သင်တို့​ကို လွတ်မြောက်စေ​လိမ့်မည်’ ဟူ၍ အဘယ်ကြောင့်​ဆိုသနည်း” ဟု လျှောက်ကြ၏။


သင်​သည် ငါတို့​၏​ဖခင်ကြီး အာဗြဟံ​ထက် ပို​၍ ကြီးမြတ်​သလော။ သူ​သည် ကွယ်လွန်ခဲ့ပြီ။ ပရောဖက်တို့​သည်လည်း ကွယ်လွန်ကြပြီ။ သင်​သည် ကိုယ့်ကိုယ်ကိုယ် မည်သူ​ဟု ထင်မှတ်​သနည်း” ဟု ပြောဆိုကြ၏။


သင်တို့​၏ ဖခင်ကြီး​အာဗြဟံ​သည် ငါ​ကြွလာမည့် နေ့ရက်​ကို တွေ့မြင်​ရမည်​ဖြစ်​၍ ရွှင်မြူးခဲ့၏။ တွေ့မြင်​ရ​သောအခါ​၌လည်း ဝမ်းမြောက်ခဲ့၏” ဟု မိန့်တော်မူ၏။


အို အာဗြဟံ​၏​မျိုးဆက် ညီအစ်ကို​မောင်နှမတို့​မှစ၍ ဘုရားသခင်​ကို ကိုးကွယ်ကြသော​လူမျိုးခြားတို့… ဘုရားသခင်​သည် ဤ​ကယ်တင်ခြင်း​တရားတော်​ကို ငါတို့​ထံ ပေးပို့တော်မူ၏။


ဘုရားသခင်​၏​သားတော်​အကြောင်း ဖြစ်၏။ ထို​သားတော်​သည် လူသား​အဖြစ် ဒါဝိဒ်မင်း​၏​မျိုးနွယ်​မှ မွေးဖွား​လာတော်မူခဲ့၏။


သို့သော်လည်း ကျွန်ုပ်တို့​၏ မတရားမှု​သည် ဘုရားသခင်​၏ ဖြောင့်မတ်ခြင်း​ကို ပေါ်လွင်​ထင်ရှားစေ​လျှင် မည်သို့​ဆိုမည်နည်း။ ကျွန်ုပ်တို့​အပေါ် အမျက်တော်​ကျရောက်စေတော်မူသော ဘုရားသခင်​သည် မဖြောင့်မတ်သော​အရှင်​ဖြစ်သလော။ ဤ​အရာ​ကို လူသား​တစ်ယောက်​အနေဖြင့် ကျွန်ုပ်​ပြောဆိုခြင်း​ဖြစ်၏။


ထို့ကြောင့် ဘုရားသခင်​၏​ကတိတော်​ကို ယုံကြည်ခြင်း​အားဖြင့် လက်ခံရရှိ၏။ ထို​ကတိတော်​ကို ကျေးဇူးတော်​အားဖြင့် အာဗြဟံ​၏ မျိုးဆက်​အားလုံး လက်ခံရရှိမည်​မှာ အမှန်​ပင်​ဖြစ်၏။ ပညတ်တရား​ကို လိုက်နာကျင့်သုံးသော​သူတို့​ဖြစ်စေ၊ မကျင့်သုံးသော​သူတို့​ဖြစ်စေ အာဗြဟံ​၌​ရှိသည့် ယုံကြည်ခြင်း​မျိုး ရှိသောသူ​မှန်​လျှင် လက်ခံရရှိမည်​ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် အာဗြဟံ​သည် ယုံကြည်သော​သူတို့​၏ ဖခင်ကြီး​ဖြစ်​သောကြောင့်​ပင်​ဖြစ်၏။


သို့ဖြစ်လျှင် ကျွန်ုပ်တို့​သည် ဘုရားသခင်​၏ အံ့ဖွယ်​ကျေးဇူးတော်​ကို ပိုမို ခံစား​နိုင်ရန် ဆက်​၍ အပြစ်ကျူးလွန်​နေရမည်လော။


သို့ဖြစ်လျှင် မည်သို့​ဆိုမည်နည်း။ ပညတ်တရား​သည် အပြစ်လော။ အပြစ်​မဟုတ်။ အမှန်​တွင်မူ ပညတ်တရား​မရှိ​လျှင် အပြစ်​ကို ကျွန်ုပ်​သိမည်​မဟုတ်။ ပညတ်တရား​က “မတပ်မက်နှင့်” ဟု မဆိုထား​လျှင် တပ်မက်ခြင်း​သည် အပြစ်​ဖြစ်ကြောင်း​ကို ကျွန်ုပ်​သိမည်​မဟုတ်။


သို့ဖြစ်လျှင် ဤသို့သော အံ့ဖွယ်​အကြောင်းအရာများ​ကို ထောက်​၍ မည်သို့​ဆိုရမည်နည်း။ ဘုရားသခင်​သည် ကျွန်ုပ်တို့​ဘက်​၌ ရှိတော်မူ​လျှင် မည်သူ​သည် ကျွန်ုပ်တို့​ကို ဆန့်ကျင်​နိုင်မည်နည်း။


သူတို့​သည် ဟေဗြဲလူမျိုး​ဖြစ်ကြသလော။ ကျွန်ုပ်​သည်လည်း​ဖြစ်၏။ သူတို့​သည် အစ္စရေးလူမျိုး​ဖြစ်ကြသလော။ ကျွန်ုပ်​သည်လည်း​ဖြစ်၏။ သူတို့​သည် အာဗြဟံ​၏ မျိုးဆက်​ဖြစ်ကြသလော။ ကျွန်ုပ်​သည်လည်း​ဖြစ်၏။


ထို့ပြင် ကျွန်ုပ်တို့​သည် မိမိတို့​အား ပဲ့ပြင်ဆုံးမသည့် လူ့​ဖခင်များ​ကို ရိုသေ​လေးစားကြ​လျှင် ဝိညာဉ်​ဖခင်​၏ ပဲ့ပြင်ဆုံးမခြင်း​ကို ပို​၍ နာခံ​လျက် အသက်ရှင်​နေထိုင်ရမည်​မဟုတ်လော။