ခေါင်းမာသောလူမျိုးတို့… သင်တို့၏နားများသည် မည်သည့်အခါမျှ နားမထောင်။ သင်တို့၏စိတ်နှလုံးသည်လည်း မည်သည့်အခါမျှ နောင်တမရ။ သင်တို့သည် သင်တို့၏ဘိုးဘေးများ ပြုခဲ့သည့်အတိုင်း သန့်ရှင်းသောဝိညာဉ်တော်ကို အမြဲတစေ ဆန့်ကျင်လျက်ရှိ၏။
ရောမ 2:25 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်၏ ပညတ်တရားကို သင်လိုက်နာကျင့်သုံးလျှင် ဂျူးဓလေ့ထုံးတမ်းဖြစ်သော အရေပြားလှီးခြင်းမင်္ဂလာသည် အကျိုးရှိ၏။ သို့သော် ပညတ်တရားကို ချိုးဖောက်ပါက သင်၏ အရေပြားလှီးခြင်းသည် အရေပြားမလှီးသကဲ့သို့ပင်ဖြစ်၏။ Common Language Bible သင်သည်ပညတ်တရားကိုစောင့်ထိန်းသူဖြစ် ပါမူ သင်၏အရေဖျားလှီးခြင်းမင်္ဂလာသည် အဋ္ဌိပ္ပါယ်ရှိ၏။ သို့ရာတွင်အကယ်၍ပညတ် တရားကိုချိုးဖောက်သူဖြစ်ပါက အရေဖျား လှီးခြင်းမင်္ဂလာမခံခဲ့လျှင်ပို၍ကောင်းလိမ့် မည်။- Garrad Bible သင် သည် ပ ညတ် တ ရား အ တိုင်း ပြု ကျင့် လျှင် လှီး ဖြတ် ခြင်း မင်္ဂ လာ အား ဖြင့် အ ကျိုး ရှိ သည် မှန်၏။ ပ ညတ် တ ရား ကို ကျူး လွန် သူ ဖြစ် မူ သင် ခံ သော မင်္ဂ လာ သည် မ ခံ သ ကဲ့ သို့ ဖြစ် ၏။ Judson Bible သင်သည် ပညတ်တရားကို ကျင့်လျှင်၊ အရေဖျားလှီးခြင်းအားဖြင့် အကျိုးရှိ၏။ ပညတ်တရားကို လွန်ကျူးလျှင်၊ သင်၏အရေဖျားလှီးခြင်းသည် အရေဖျားမလှီးဘဲ ဖြစ်ပြန်၏။- မြန်မာ့စံမီသမ္မာကျမ်း သင်သည် ပညတ်တရားကိုကျင့်သုံးလျှင် အရေဖျားလှီးခြင်းသည် အမှန်ပင်အကျိုးရှိ၏။ သို့သော် သင်သည် ပညတ်တရားကိုဖောက်ဖျက်ကျူးလွန်သူဖြစ်ပါက သင်၏အရေဖျားလှီးခြင်းသည် အရေဖျားမလှီးခြင်းဖြစ်သွား၏။ |
ခေါင်းမာသောလူမျိုးတို့… သင်တို့၏နားများသည် မည်သည့်အခါမျှ နားမထောင်။ သင်တို့၏စိတ်နှလုံးသည်လည်း မည်သည့်အခါမျှ နောင်တမရ။ သင်တို့သည် သင်တို့၏ဘိုးဘေးများ ပြုခဲ့သည့်အတိုင်း သန့်ရှင်းသောဝိညာဉ်တော်ကို အမြဲတစေ ဆန့်ကျင်လျက်ရှိ၏။
အဘယ်ကြောင့်ဆိုသော် ပညတ်တရားကို ကြားနာရုံမျှကြားနာသောသူသည် ဘုရားသခင်ရှေ့တော်၌ မဖြောင့်မတ်ဘဲ ပညတ်တရားကို လိုက်နာကျင့်သုံးသောသူသာလျှင် ဖြောင့်မတ်သောကြောင့်ဖြစ်၏။
သင်သည် ပညတ်တရားကို သိသည်ဟူ၍ အလွန်ကြွားဝါလျက်နှင့် ထိုတရားကို ချိုးဖောက်ခြင်းအားဖြင့် ဘုရားသခင်ကို မရိုမသေပြုသလော။
အရေပြားလှီးခြင်းမင်္ဂလာကိုမခံယူသော လူမျိုးခြားတို့သည် ပညတ်တရား၏ပြဋ္ဌာန်းချက်တို့ကို လိုက်နာကျင့်သုံးပါက သူတို့၏ အရေပြားမလှီးခြင်းကို အရေပြားလှီးခြင်းအဖြစ် ဘုရားသခင်မှတ်ယူတော်မူမည်မဟုတ်လော။
သင်သည် ပညတ်ကျမ်းနှင့် အရေပြားလှီးခြင်းမင်္ဂလာကို ရရှိခံယူထားလျက်နှင့် ထိုပညတ်တရားကိုချိုးဖောက်၏။ သို့ဖြစ်လျှင် အရေပြားလှီးခြင်းမင်္ဂလာကို မခံယူသော်လည်း ပညတ်တရားကို လိုက်နာကျင့်သုံးသောလူမျိုးခြားတို့သည် သင်တို့ကို အပြစ်တင်ကြလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ဂျူးလူမျိုးမိဘများမှ မွေးဖွားရုံနှင့် ဂျူးလူမျိုးအစစ်ဖြစ်သည်မဟုတ်သောကြောင့်ပင်။ အပြင်ပန်းလက္ခဏာအားဖြင့် အရေပြားလှီးခြင်းမင်္ဂလာကို ကျင့်ထုံးနှင့်အညီ ခံယူထားရုံနှင့်လည်း အရေပြားလှီးခြင်း အစစ်ဖြစ်သည်မဟုတ်။
အဘယ်ကြောင့်ဆိုသော် အရေပြားလှီးခြင်းမင်္ဂလာကို ခံယူသည်ဖြစ်စေ မခံယူဘဲနေသည်ဖြစ်စေ ထိုအရာသည် အဓိကမကျ။ ဘုရားသခင်၏ ပညတ်တော်ကို လိုက်နာဆောင်ရွက်ခြင်းသည်သာ အဓိကကျ၏။
အရေပြားလှီးခြင်းမင်္ဂလာကို ခံယူသောသူတို့ပင်လျှင် ကိုယ်တိုင် ပညတ်တရားကို လိုက်နာကျင့်သုံးကြသည်မဟုတ်။ ထိုသူတို့သည် သင်တို့၏ အသွေးအသား၌ အရေပြားလှီးခြင်းအပေါ် ကြွားဝါနိုင်ရန် သင်တို့အား အရေပြားလှီးခြင်းမင်္ဂလာကို ခံယူစေလိုကြခြင်း ဖြစ်၏။
အရေပြားလှီးခြင်းမင်္ဂလာကို ခံယူသည်ဖြစ်စေ၊ မခံယူဘဲနေသည်ဖြစ်စေ အရေးမကြီးပေ။ အရေးကြီးသည့်အချက်မှာ အသစ်ဖန်ဆင်းခံရခြင်း ဖြစ်၏။