ထိုအခါ ယေရှုက ထိုအမျိုးသမီးအား “ငါသည် ဘုရားသခင်၏ ပျောက်သောသိုးများဖြစ်သည့် အစ္စရေးလူမျိုးထံသို့သာ စေလွှတ်ခြင်းခံရသည်” ဟု မိန့်တော်မူ၏။
ရောမ 15:8 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ခရစ်တော်သည် ဂျူးလူမျိုးတို့၏ အစေခံအဖြစ် ကြွလာရခြင်းမှာ ဘုရားသခင်သည် ဘိုးဘေးတို့အား ပေးတော်မူသောကတိကို တည်တော်မူသောအရှင်ဖြစ်ကြောင်း ပြသရန် ဖြစ်၏။ Common Language Bible ဘုရားသခင်သည်ကတိတည်တော်မူသော အရှင်ဖြစ်ကြောင်းကိုပြသရန်၊ တစ်နည်းအား ဖြင့်ဘိုးဘေးတို့အားဘုရားသခင်ထားတော် မူသောကတိတော်ကိုအကောင်အထည်ဖော်ရန် ခရစ်တော်သည်ယုဒအမျိုးသားတို့၏အကျိုး ငှာဆောင်ရွက်တော်မူသည်ဟုငါဆို၏။ လူမျိုး ခြားတို့ပင်လျှင်ဘုရားသခင်၏ကရုဏာ တော်ကိုချီးကူးနိုင်ကြစေရန်အတွက်လည်း ဆောင်ရွက်တော်မူ၏။ ကျမ်းစာတော်တွင်၊ ``ထို့ကြောင့်အကျွန်ုပ်သည်လူမျိုးခြားတို့အထဲတွင် ကိုယ်တော်၏ဂုဏ်တော်ကိုချီးကူးပါမည်။ ကိုယ်တော်အားထောမနာသီချင်းဆိုပါမည်'' ဟုဖော်ပြပါရှိသည့်အတိုင်းပင်ဖြစ်ပေ သည်။- Garrad Bible ထို သို့ ဆို သော် ဘု ရား သ ခင့် သ စ္စာ တော် ကို ထောက်၍ ခ ရစ် တော် သည် ဘိုး ဘေး တို့ အား ထား တော် မူ ခဲ့ သော က တိ တော် များ ကို အ တည် ပြု ခြင်း ငှါ လည်း ကောင်း၊ ဘု ရား သ ခင်၏ က ရု ဏာ တော် အ တွက် ဘုန်း တော် ကို လူ မျိုး ခြား တို့ ချီး မြှောက် ခွင့် ရှိ စေ ခြင်း ငှါ လည်း ကောင်း၊ လှီး ဖြတ် ခြင်း မင်္ဂ လာ ဆိုင် ရာ အ မှု တော် ဆောင် ဖြစ် တော် မူ၏။ ထို အ တိုင်း ပင် ကိုယ် တော်၏ ကျေး ဇူး တော် ကို လူ မျိုး ခြား တို့ ဘောင် တွင် အ ကျွန်ုပ် ချီး မွမ်း ပါ မည်။ နာ မ တော် ဂုဏ် ကို သီ ချင်း ဖွဲ့ ဆို ပါ မည် ဟူ၍ လည်း ကောင်း၊ Judson Bible တစ်ဖန် ငါဆိုသည်ကား၊ ယေရှုခရစ်သည် ဘုရားသခင်၏ သစ္စာတော်ကိုထောက်၍၊ ဘိုးဘေးများခံရသော ကတိတော်တို့ကို တည်စေခြင်းငှာ၊- မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ငါဆိုသည်ကား ခရစ်တော်သည် ဘုရားသခင်၏သမ္မာတရားကိုထင်ရှားစေရန် အရေဖျားလှီးထားသောသူတို့၏အစေခံဖြစ်တော်မူ၏။ ထိုသို့ဖြစ်တော်မူခြင်းမှာ ရှေးဘိုးဘေးတို့အား ပေးထားသောကတိတော်တို့ကို တည်မြဲစေရန်နှင့် |
ထိုအခါ ယေရှုက ထိုအမျိုးသမီးအား “ငါသည် ဘုရားသခင်၏ ပျောက်သောသိုးများဖြစ်သည့် အစ္စရေးလူမျိုးထံသို့သာ စေလွှတ်ခြင်းခံရသည်” ဟု မိန့်တော်မူ၏။
လူသားပင်လျှင် သူတစ်ပါးကိုစေခိုင်းရန် ကြွလာသည်မဟုတ်။ သူတစ်ပါးအား အစေခံရန်နှင့် မိမိအသက်ကို စွန့်၍ လူများအား ရွေးနုတ်ရန် ကြွလာသည်” ဟု မိန့်တော်မူ၏။
ထိုအရှင်သည် မိမိလူမျိုးများထံသို့ ကြွလာသော်လည်း မိမိလူမျိုးများက ထိုအရှင်ကို လက်မခံကြပေ။
ဤသိုးခြံမှ မဟုတ်သော အခြားသိုးတို့ကိုလည်း ငါပိုင်သေး၏။ ထိုသိုးတို့ကိုလည်း ငါခေါ်ဆောင်လာရမည်။ ထိုသိုးတို့သည် ငါ့စကားသံကို နားထောင်ကြလိမ့်မည်။ သို့ဖြစ်၍ သိုးတစ်အုပ်တည်းနှင့် သိုးထိန်းတစ်ပါးတည်း ဖြစ်လာလိမ့်မည်။
ထိုအခါ ပေါလုနှင့် ဗာနဗတို့သည် ရဲရင့်စွာ ဟောပြောကြသည်မှာ “ဘုရားသခင်၏နှုတ်ကပတ်တရားတော်ကို သင်တို့ထံဦးစွာ ဟောပြောရ၏။ သို့သော် ထိုအရာကိုသင်တို့သည် ငြင်းပယ်၍ ထာဝရအသက်သည် သင်တို့နှင့်မထိုက်တန်ကြောင်း မှတ်ယူဆုံးဖြတ်သောကြောင့် ယခုကျွန်ုပ်တို့သည် လူမျိုးခြားများဆီသို့ ဦးတည်ကြ၏။
ထို့ကြောင့် ဘုရားသခင်သည် မည်မျှကျေးဇူးပြုတော်မူတတ်ကြောင်းနှင့် မည်မျှပြင်းထန်စွာ စီရင်တော်မူတတ်ကြောင်းကို သိမှတ်ကြလော့။ မနာခံသောသူတို့အပေါ် ပြင်းထန်စွာ စီရင်တော်မူ၏။ သို့သော် သင်သည် ဘုရားသခင်၏ ကျေးဇူးပြုခြင်းကို ဆက်၍ ယုံကြည်လျှင် သင့်အပေါ် ကျေးဇူးပြုတော်မူလိမ့်မည်။ ဆက်၍ မယုံကြည်လျှင်မူ သင်သည်လည်း ခုတ်ဖြတ်ခြင်းခံရလိမ့်မည်။
ယခင်က သင်တို့သည် ဘုရားသခင်ကို မနာခံခဲ့ကြသော်လည်း ယခုတွင်မူ အစ္စရေးလူမျိုးတို့၏ မနာခံခြင်းကြောင့် သင်တို့သည် ဘုရားသခင်၏သနားကြင်နာခြင်းကို ခံရကြ၏။
ထိုအခွင့်ထူးမှာ လူမျိုးခြားတို့ထံ ယေရှုခရစ်တော်၏ အမှုတော်ကို ထမ်းဆောင်ရခြင်းအခွင့် ဖြစ်၏။ လူမျိုးခြားတို့သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဘုရားသခင်ရှေ့တော်၌ သန့်ရှင်းသည့် နှစ်သက်ဖွယ်ပူဇော်စရာကဲ့သို့ ဖြစ်လာရန် ကျွန်ုပ်သည် ယဇ်ပုရောဟိတ်တာဝန်ကို ထမ်းဆောင်လျက် ဘုရားသခင်၏ သတင်းကောင်းကို ဟော၏။
သို့သော် ယခုအချိန်တွင် ဘုရားသခင်သည် မိမိ၏ဖြောင့်မတ်ခြင်းကို ပြသရန် လူတို့ကျူးလွန်သောအပြစ်များကို ပြစ်ဒဏ်ပေးတော်မူ၏။ ဤသို့ဖြင့် ဘုရားသခင်သည် မိမိကိုယ်တိုင်က ဖြောင့်မတ်တော်မူ၍ ယေရှုကို ယုံကြည်သောသူတို့ကိုလည်း ဖြောင့်မတ်စေတော်မူမည့်အကြောင်းကို ဖော်ပြတော်မူ၏။
အကယ်၍ သူတို့ထဲမှ တချို့သည် မယုံကြည်လျှင် မည်သို့ဆိုမည်နည်း။ သူတို့၏ မယုံကြည်ခြင်းသည် ဘုရားသခင်၏ သစ္စာတော်ကို ပျက်ပြယ်စေနိုင်သလော။
ထို့ကြောင့် ဘုရားသခင်၏ကတိတော်ကို ယုံကြည်ခြင်းအားဖြင့် လက်ခံရရှိ၏။ ထိုကတိတော်ကို ကျေးဇူးတော်အားဖြင့် အာဗြဟံ၏ မျိုးဆက်အားလုံး လက်ခံရရှိမည်မှာ အမှန်ပင်ဖြစ်၏။ ပညတ်တရားကို လိုက်နာကျင့်သုံးသောသူတို့ဖြစ်စေ၊ မကျင့်သုံးသောသူတို့ဖြစ်စေ အာဗြဟံ၌ရှိသည့် ယုံကြည်ခြင်းမျိုး ရှိသောသူမှန်လျှင် လက်ခံရရှိမည်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် အာဗြဟံသည် ယုံကြည်သောသူတို့၏ ဖခင်ကြီးဖြစ်သောကြောင့်ပင်ဖြစ်၏။
သင်တို့ထဲမှ တချို့က “ငါသည် ပေါလု၏တပည့်ဖြစ်၏၊” တချို့က “ငါသည် အာပေါလု၏တပည့်ဖြစ်၏၊” တချို့က “ငါသည် ပေတရု၏တပည့်ဖြစ်၏၊” တချို့က “ငါသည် ခရစ်တော်၏တပည့်ဖြစ်၏” ဟူ၍ အသီးသီးက ပြောဆိုနေကြသောကြောင့် ဤစကားကို ကျွန်ုပ်ပြောရခြင်းဖြစ်၏။
သို့ဖြစ်လျှင် မည်သည့်အရာကို ကျွန်ုပ် ဆိုလိုသနည်း။ ရုပ်တုအား ပူဇော်ထားသောအစားအစာသည် အရေးပါသည်ဟု ဆိုလိုသလော။ ထိုရုပ်တုများသည် အရေးပါသည်ဟု ဆိုလိုသလော။
အသိစိတ်ဟု ဆိုရာတွင် သင်တို့၏ အသိစိတ်ကို မဆိုလို။ အခြားသူ၏ အသိစိတ်ကို ဆိုလို၏။ ကျွန်ုပ်၏ လွတ်လပ်ခွင့်သည် အခြားသူတစ်ယောက်၏ အသိစိတ်အားဖြင့် အဘယ်ကြောင့် အပြစ်တင်ခံရမည်နည်း။
ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်ဆိုလိုသည်မှာ အသွေးအသားဖြင့်ဖွဲ့စည်းထားသောလူ့ခန္ဓာသည် ဘုရားသခင်၏ နိုင်ငံတော်ကို အမွေမခံနိုင်ပေ။ ပုပ်ပျက်တတ်သောအရာသည် မပုပ်ပျက်နိုင်သောအဖြစ်ကို အမွေဆက်ခံနိုင်မည်မဟုတ်ပေ။
ဘုရားသခင်၏ ကတိတော်ရှိသမျှတို့သည် ထိုအရှင်၌ “ဟုတ်၏” ဟူ၍ ဖြစ်ကြ၏။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေရန် ခရစ်တော်အားဖြင့် “အာမင်” ဟူ၍ ဆိုကြ၏။
တစ်ချိန်က သင်တို့သည် ခရစ်တော်နှင့် ကင်းကွာခဲ့ကြ၍ အစ္စရေးလူမျိုးတွင် ပါဝင်ခွင့် မရ၊ ကတိတော်နှင့်ဆိုင်သော ပဋိညာဉ်များနှင့် သက်ဆိုင်ခွင့် မရှိ၊ မျှော်လင့်ချက် မရှိ၊ ဤလောကတွင် ဘုရားသခင်ကို မသိဘဲ နေခဲ့ကြသည်ကို သတိရကြလော့။