ယခုအခါ၌ ယုံကြည်သောသူရှိသမျှတို့သည် တစ်စိတ်တစ်ဝမ်းတည်းရှိကြသဖြင့် မည်သူမျှ မိမိဥစ္စာပစ္စည်းများကို မိမိပိုင်သည်ဟု မဆိုဘဲ ရှိသမျှဥစ္စာတို့ကို မျှဝေအသုံးပြုကြ၏။
ရောမ 15:5 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သည်းခံခြင်းနှင့် နှစ်သိမ့်ခြင်းကို ပေးသနားတော်မူသော ဘုရားသခင်သည် ယေရှုခရစ်တော်၏ အလိုတော်နှင့်အညီ အချင်းချင်း တစ်စိတ်တစ်ဝမ်းတည်းရှိသော စိတ်သဘောထားကို သင်တို့အား ပေးသနားတော်မူပါစေ။ Common Language Bible သင်တို့အပေါင်းသည်ခရစ်တော်ယေရှု၏စံန မူနာကိုလိုက်၍တစ်စိတ်တစ်ဝမ်းတည်းရှိကြ စေရန် သည်းခံမှုနှင့်နှစ်သိမ့်မှု၏အရှင်ဘုရား သခင်သည်သင်တို့အားကူမတော်မူပါစေ သော။- Garrad Bible ငါ တို့ အ ရှင် ယေ ရှု ခ ရစ်၏ ခ မည်း တော် ဘု ရား သ ခင် ဘုန်း တော် ကို တစ် စိတ် တည်း၊ တစ် သံ တည်း ချီး မွမ်း ခွင့် ရှိ စေ ခြင်း ငှါ တည် ကြည် ခြင်း နှင့် နှစ် သိမ့် ခြင်း အ ရှင် ဘု ရား သ ခင် သည် သင် တို့ အား ခ ရစ် တော် ယေ ရှု၏ ပုံ စံ တော် အ လိုက် တစ် သ ဘော တည်း အ ဖြစ် ကို သ နား တော် မူ ပါ စေ သော။ Judson Bible သင်တို့သည် ငါတို့ သခင်ယေရှုခရစ်၏ ခမည်းတော်တည်းဟူသော ဘုရားသခင်ကို တညီတညွတ်တည်း နှုတ်မြွက်၍ ချီးမွမ်းစေခြင်းငှာ၊- မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် ငါတို့သခင်ယေရှုခရစ်တော်၏ခမည်းတော်တည်းဟူသော ဘုရားသခင်၏ဘုန်းတော်ကို တစ်သံတည်းဖြင့် တညီတညွတ်တည်းချီးမွမ်းနိုင်ရန် သည်းခံခြင်းနှင့်နှစ်သိမ့်ခြင်းတို့၏အရှင်ဘုရားသခင်သည် သင်တို့အား ခရစ်တော်ယေရှု၏အလိုတော်အတိုင်း အချင်းချင်းတစ်စိတ်တစ်သဘောတည်းရှိနိုင်သောအခွင့်ကို ပေးတော်မူပါစေသော။ |
ယခုအခါ၌ ယုံကြည်သောသူရှိသမျှတို့သည် တစ်စိတ်တစ်ဝမ်းတည်းရှိကြသဖြင့် မည်သူမျှ မိမိဥစ္စာပစ္စည်းများကို မိမိပိုင်သည်ဟု မဆိုဘဲ ရှိသမျှဥစ္စာတို့ကို မျှဝေအသုံးပြုကြ၏။
တစ်ဦးနှင့် တစ်ဦး စည်းလုံးညီညွတ်စွာ နေကြလော့။ နိမ့်ပါးသောသူတို့နှင့် မာနမထောင်လွှားဘဲ ပေါင်းသင်းဆက်ဆံကြလော့။ မိမိကိုယ်ကိုယ် ငါသည် ပို၍ ပညာရှိသည်ဟု မထင်မှတ်နှင့်။
ဘုရားသခင်ကို သင်တို့ယုံကြည်သောကြောင့် မျှော်လင့်ခြင်း၏ အရှင် ထိုဘုရားသခင်သည် သင်တို့အား ဝမ်းမြောက်ခြင်းနှင့် ငြိမ်းချမ်းခြင်းတို့ကို ပေးသနားတော်မူပါစေသော။ ထိုသို့အားဖြင့် သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးကြောင့် မျှော်လင့်ခြင်းအပြည့်အဝ ရှိလိမ့်မည်။
ကျမ်းစာ၌ “ကိုယ်တော်ကို ကဲ့ရဲ့သောသူတို့၏ ကဲ့ရဲ့ခြင်းသည် ကျွန်ုပ်အပေါ်၌လည်း သက်ရောက်ပါ၏” ဟု ရေးသားထားသည့်အတိုင်း ခရစ်တော် ကိုယ်တိုင်ပင်လျှင် မိမိစိတ်ကြိုက် ပြုတော်မမူခဲ့ပေ။
ညီအစ်ကိုမောင်နှမတို့… သင်တို့အချင်းချင်း စည်းလုံးကြရန် သခင်ယေရှုခရစ်တော်၏ အခွင့်အာဏာဖြင့် ကျွန်ုပ်တိုက်တွန်းနှိုးဆော်လို၏။ သဘောထားမကွဲလွဲကြနှင့်။ တူညီသောစိတ်၊ တူညီသောရည်ရွယ်ချက်တို့ဖြင့် စည်းလုံးကြလော့။
နိဂုံးချုပ်စကားဆိုရလျှင် ညီအစ်ကိုမောင်နှမတို့… ဝမ်းမြောက်ကြလော့။ သင်တို့၌ အပြစ်ဆိုဖွယ်မရှိသည်အထိ ဘုရားသခင်က ပြုပြင်ပေးတော်မူရန် အခွင့်ပေးကြလော့။ ကျွန်ုပ်၏ နှိုးဆော်ချက်ကို နားထောင်ကြလော့။ တစ်စိတ်တစ်ဝမ်းတည်းရှိလျက် သင့်မြတ်စွာနေကြလော့။ မေတ္တာတရားနှင့် ငြိမ်းချမ်းခြင်းတို့၏ အရှင်ဖြစ်တော်မူသော ဘုရားသခင်သည် သင်တို့နှင့်အတူ ရှိတော်မူလိမ့်မည်။
သို့သော်လည်း အားငယ်သောသူတို့ကို နှစ်သိမ့်ပေးတော်မူသော ဘုရားသခင်သည် တိတုရောက်လာခြင်းအားဖြင့် ကျွန်ုပ်တို့ကို နှစ်သိမ့်ပေးတော်မူ၏။
ခရစ်တော်သည် ကျွန်ုပ်တို့ကို ချစ်တော်မူ၍ ကျွန်ုပ်တို့အတွက် မိမိကိုယ်ကိုယ် မွှေးကြိုင်သောပူဇော်စရာယဇ်အဖြစ် ဘုရားသခင်ထံ ဆက်သတော်မူသကဲ့သို့ သင်တို့သည်လည်း မေတ္တာပွားလျက် ပြုမူနေထိုင်ကြလော့။
မည်သို့ပင်ဖြစ်စေ ခရစ်တော်၏ သတင်းကောင်းနှင့် ထိုက်တန်စွာ ပြုမူနေထိုင်ကြလော့။ ထိုသို့ပြုမူနေထိုင်လျှင် သင်တို့ထံသို့ ကျွန်ုပ်လာသည်ဖြစ်စေ၊ မလာသည်ဖြစ်စေ သင်တို့သည် တစ်စိတ်တစ်ဝမ်းတည်း အခိုင်အမာ ရပ်တည်ကြောင်းနှင့် သတင်းကောင်းနှင့်ဆိုင်သောယုံကြည်ချက်အတွက် တညီတညွတ်တည်း ဆောင်ရွက်ကြောင်း ကျွန်ုပ်သိရလိမ့်မည်။
သင်တို့သည် တစ်စိတ်တစ်ဝမ်းတည်းရှိခြင်း၊ အချင်းချင်း ချစ်ခင်ခြင်း၊ စိတ်သဘောထားတူညီခြင်း၊ ရည်ရွယ်ချက်တစ်ခုတည်း ရှိခြင်းတို့ဖြင့် ကျွန်ုပ်ကို အကြွင်းမဲ့ဝမ်းမြောက်စေကြလော့။
မည်သို့ပင်ဖြစ်စေ ကျွန်ုပ်တို့သည် မိမိတို့ ရောက်ရှိနေသည့်အခြေအနေနှင့်အညီ သင့်လျော်စွာ နေထိုင်ကြပါစို့။
ဧဝေါဒိနှင့် သုန္တုတ်တို့… သင်တို့သည် သခင်ဘုရား၏ တပည့်တော်မများ ဖြစ်သောကြောင့် တစ်စိတ်တစ်ဝမ်းတည်းရှိကြရန် ကျွန်ုပ်တိုက်တွန်းနှိုးဆော်ပါ၏။
ထိုဝိညာဉ်များမှာ နောဧသည် သင်္ဘောဆောက်စဉ် ဘုရားသခင် စိတ်ရှည်စွာ စောင့်ဆိုင်းတော်မူသော်လည်း နောင်တမရသည့် မယုံကြည်သောသူများဖြစ်ကြ၏။ ထိုအချိန်တွင် သင်္ဘောထဲမှ အနည်းငယ်ဖြစ်သော လူရှစ်ဦးသာ ရေလွှမ်းမိုးခြင်းမှ ကယ်တင်ခံခဲ့ကြ၏။
အချုပ်ဆိုရလျှင် သင်တို့အားလုံး တစ်စိတ်တစ်ဝမ်းတည်းရှိကြလော့။ စာနာစိတ်ထား၍ တစ်ဦးကိုတစ်ဦး ညီအစ်ကိုမောင်နှမသဖွယ် ချစ်ကြလော့။ သနားကြင်နာစိတ်ထား၍ နှိမ့်ချကြလော့။
ကျွန်ုပ်တို့၏ ချစ်ရသောညီအစ်ကိုပေါလုသည်လည်း ကျွန်ုပ်တို့၏သခင်ဘုရားပေးတော်မူသော ဉာဏ်ပညာဖြင့် သင်တို့ထံ စာရေးခဲ့သည့်အတိုင်း ကျွန်ုပ်တို့၏သခင်ဘုရား၏ စိတ်ရှည်တော်မူခြင်းသည် သင်တို့ကယ်တင်ခံရရန် ဖြစ်ကြောင်း မှတ်ယူကြလော့။
လူတချို့ ထင်မှတ်သကဲ့သို့ ထာဝရဘုရားသည် မိမိကတိတော်အတိုင်းပြုရန် နှောင့်နှေးတော်မူသည်မဟုတ်။ ကိုယ်တော်သည် မည်သူမျှ မပျက်စီးဘဲ လူတိုင်း နောင်တရစေရန် အလိုတော်ရှိ၍ သင်တို့အပေါ် စိတ်ရှည်တော်မူခြင်းသာဖြစ်၏။