ထို့ကြောင့် သူတို့သည် သင်္ချိုင်းဂူကို တံဆိပ်ခတ်နှိပ်ကြပြီးလျှင် စောင့်ကြပ်ရန် အစောင့်တပ်သားများကို ချထားကြ၏။
ရောမ 15:28 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤအမှုကိစ္စကို ဆောင်ရွက်ပြီးစီး၍ ဤအလှူကို ထိုသူတို့လက်ထဲ ပေးအပ်ပြီးနောက် သင်တို့ထံ ဝင်ရောက်လည်ပတ်ကာ စပိန်ပြည်သို့ ကျွန်ုပ်သွားမည်။ Common Language Bible သို့ဖြစ်၍ငါသည်ကောက်ခံရရှိသမျှသောအလှူ ငွေကိုထိုသူတို့အားပေးအပ်ရန်ကိစ္စပြီးစီးအောင် ဆောင်ရွက်ပြီးနောက်စပိန်ပြည်သို့ခရီးသွားမည်။ လမ်းကြုံကြိုက်၍သင်တို့ထံသို့ဝင်ရောက်လည်ပတ် မည်။- Garrad Bible ထို အ မှု ကို ငါ ဆောင် ရွက် ပြီး စီး သ ဖြင့် သူ တို့ ကောင်း ကျိုး ကို တံ ဆိပ် ခတ် ပြီး လျှင် သင် တို့ ထံ ဝင်၍ စ ပိန် ပြည် သို့ သွား မည်။ Judson Bible ထိုကြောင့်၊ ဤအမှုကို ငါဆောင်ရွက်၍ ဤအလှူလက်ဆောင်ကို လုံခြုံစေပြီးလျှင်၊ သင်တို့အနားမှာ လျှောက်၍ စပါနိပြည်သို့သွားမည်။- မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ငါသည် ဤအမှုကိစ္စကို ပြီးစီးအောင်ဆောင်ရွက်၍ ဤအလှူပစ္စည်းကို သူတို့အား သေချာစွာအပ်နှင်းပြီးမှ သင်တို့နေရာကိုဖြတ်လျက် စပိန်ပြည်သို့သွားမည်။ |
ထို့ကြောင့် သူတို့သည် သင်္ချိုင်းဂူကို တံဆိပ်ခတ်နှိပ်ကြပြီးလျှင် စောင့်ကြပ်ရန် အစောင့်တပ်သားများကို ချထားကြ၏။
ထိုအရှင်၏ သက်သေကို လက်ခံသောသူကမူ ဘုရားသခင်သည် ဖြောင့်မှန်တော်မူသည်ဟု သတ်မှတ်၏။
ဤအရာများ ဖြစ်ပျက်ပြီးနောက် ပေါလုသည် ဝိညာဉ်တော်အားဖြင့် မာကေဒေါနိပြည်နှင့် အခါယပြည်တစ်လျှောက်သွားပြီးလျှင် ဂျေရုဆလင်မြို့သို့ သွားရန် ဆုံးဖြတ်၏။ ထို့နောက် ပေါလုက “ထိုမြို့သို့သွားပြီးလျှင် ငါသည် ရောမမြို့သို့လည်း သွားရမည်” ဟု ပြောလေ၏။
စပိန်ပြည်သို့ ကျွန်ုပ်သွားသောအခါ သင်တို့ထံ ဝင်ရောက်တွေ့ဆုံမည်ဟု စီစဉ်ထား၏။ သင်တို့ထံ ဝမ်းမြောက်စွာ ခေတ္တတည်းခိုနေထိုင်ပြီးနောက် ခရီးဆက်နိုင်ရန်အတွက်လည်း သင်တို့ ကူညီမည်ဟု မျှော်လင့်ပါ၏။
ဤသို့ပြောခြင်းသည် သင်တို့ထံမှ နောက်ထပ်အလှူကို ရလို၍ မဟုတ်။ သင်တို့၏ ရက်ရောမှုအတွက်ကြောင့် အသီးအပွင့်ကို သင်တို့ ပို၍ ရရှိခံစားစေလိုသောကြောင့် ဖြစ်၏။
သင်တို့သည် ထိုသတင်းကောင်းကို ကြားနာပြီး ဘုရားသခင်၏ ကျေးဇူးတော်ကို အမှန်တကယ် နားလည်သည့်နေ့မှစ၍ သင်တို့ထဲ၌ အသီးအပွင့်များသီးပွင့်ကာ တိုးပွားသကဲ့သို့ ထိုသတင်းကောင်းသည် ကမ္ဘာတစ်ဝန်းလုံးသို့ ပျံ့နှံ့၍ တိုးပွားလျက်ရှိ၏။