အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် မိမိပေးသနားတော်မူသော ဆုကျေးဇူးများနှင့် ခေါ်ယူခြင်းတို့ကို ပြန်၍ရုပ်သိမ်းတော်မမူတတ်သောကြောင့် ဖြစ်၏။
ရောမ 11:30 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယခင်က သင်တို့သည် ဘုရားသခင်ကို မနာခံခဲ့ကြသော်လည်း ယခုတွင်မူ အစ္စရေးလူမျိုးတို့၏ မနာခံခြင်းကြောင့် သင်တို့သည် ဘုရားသခင်၏သနားကြင်နာခြင်းကို ခံရကြ၏။ Common Language Bible လူမျိုးခြားဖြစ်သူသင်တို့သည်အခါတစ်ပါး ကဘုရားသခင်၏စကားတော်ကိုမနာခံခဲ့ ကြ။ သို့သော်လည်းယခုအခါကရုဏာတော် ကိုသင်တို့ခံစားခွင့်ရရှိကြသည်မှာ ယုဒ အမျိုးသားတို့သည်ကိုယ်တော်၏စကား တော်ကိုမနာခံခဲ့ကြသောကြောင့်ဖြစ်၏။- Garrad Bible အ ထက် က ဘု ရား သ ခင့် ဗျာ ဒိတ် တော် ကို နား မ ထောင် သော သင် တို့ သည် ထို သူ တို့ နား မ ထောင် ခြင်း အား ဖြင့် က ရု ဏာ တော် ကို ယ ခု ခံ စား ခွင့် ရ ကြ သည့် နည်း တူ၊ Judson Bible သင်တို့သည် အထက်က၊ ဘုရားသခင်၏ စကားတော်ကို နားမထောင်ဘဲနေသော်လည်း၊ ယခုတွင် သူတို့ နားမထောင်ခြင်းအမှုအားဖြင့်၊ သနားတော်မူခြင်းကို ခံရသကဲ့သို့၊- မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် တစ်ချိန်က ဘုရားသခင်ကိုမနာခံခဲ့ကြသော်လည်း ယခုအခါ ထိုသူတို့၏မနာခံမှုကြောင့် ကရုဏာတော်ကိုခံစားရကြသကဲ့သို့ |
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် မိမိပေးသနားတော်မူသော ဆုကျေးဇူးများနှင့် ခေါ်ယူခြင်းတို့ကို ပြန်၍ရုပ်သိမ်းတော်မမူတတ်သောကြောင့် ဖြစ်၏။
ယခုအခါ သူတို့သည် မနာခံသောသူများဖြစ်ကာ ဘုရားသခင်၏သနားကြင်နာခြင်းသည် သင်တို့ထံ ရောက်လာခြင်းအားဖြင့် သူတို့သည်လည်း ထိုသနားကြင်နာခြင်းကို မျှဝေခံယူကြရန် ဖြစ်၏။
ထို့ပြင် လူမျိုးခြားတို့သည်လည်း မိမိတို့အား ကရုဏာထားတော်မူသော ဘုရားသခင်၏ ဘုန်းတော်ကို ချီးမွမ်းနိုင်ရန် ဖြစ်၏။ ဤအရာသည် ကျမ်းစာ၌ “ထို့ကြောင့် အကျွန်ုပ်သည် ကိုယ်တော်ကို လူမျိုးခြားများအလယ်၌ ချီးမွမ်း၍ အမည်နာမတော်ကိုလည်း သီဆိုချီးမွမ်းပါမည်” ဟု ရေးသားထားသည့်အတိုင်း ဖြစ်၏။
အိမ်ထောင်မပြုသေးသူများနှင့်ပတ်သက်၍ သခင်ဘုရားထံမှ လာသောပညတ်ကို ကျွန်ုပ်မရသော်လည်း သခင်ဘုရား၏ ကျေးဇူးတော်ကို ခံစားရသည့် ယုံကြည်ထိုက်သူတစ်ဦးအနေဖြင့် ကျွန်ုပ်၏ ထင်မြင်ချက်ကို ပေးပါမည်။
ထို့ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ ကရုဏာတော်ကို ခံစားရသည်နှင့်အညီ ဤအမှုတော်ကို ဆောင်ရွက်ရသောကြောင့် စိတ်ပျက်အားလျော့ခြင်းမရှိကြပေ။
ယခင်က သင်တို့သည်လည်း ထိုအကျင့်များ ကျင့်လျက် ထိုဘဝမျိုးဖြင့် ပြုမူနေထိုင်ခဲ့ကြ၏။
ကျွန်ုပ်၏သား တိမောသေ… ယခင်က သင့်ကို ရည်စူး၍ ပရောဖက်တို့ဟောပြောခဲ့သော အရာများကို အခြေခံ၍ သင့်ကို ကျွန်ုပ်ညွှန်ကြားလိုက်၏။ ထိုဟောပြောချက်များကို လိုက်နာခြင်းဖြင့် တိုက်ပွဲကို ကောင်းစွာ တိုက်ခိုက်နိုင်ရန် ဖြစ်၏။
ဘုရားသခင်သည် သူ၏စံမြန်းနားခိုရာထဲသို့ မဝင်ရဟု မည်သူ့ကို ကျိန်ဆိုခဲ့သနည်း။ သူတို့သည် မနာခံ ငြင်းဆန်သူများ မဟုတ်လော။
တစ်ချိန်က သင်တို့သည် ဘုရားသခင်၏လူမျိုးမဟုတ်သော်လည်း ယခု သင်တို့သည် ဘုရားသခင်၏လူမျိုးဖြစ်ကြပြီ။ တစ်ချိန်က သင်တို့သည် ကရုဏာတော်ကို မခံစားရသော်လည်း ယခုတွင် ကရုဏာတော်ကို ခံစားကြရပြီ။