ထို့နောက် ယေရှုက “သင်တို့ ကြားနာရသည့်အရာကို အာရုံစိုက်ကြလော့။ သူတစ်ပါးကို ပေးသောစံနှုန်းနှင့်အညီ သင်တို့သည်လည်း ပြန်ရလိမ့်မည်။ ထိုထက်မက သင်တို့လက်ခံရရှိလိမ့်မည်။
ရောမ 10:17 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် ယုံကြည်ခြင်းသည် သတင်းကောင်းဟူသော ခရစ်တော်၏ အကြောင်းကို ကြားနာခြင်းမှ ဖြစ်လာ၏။ Common Language Bible သို့ဖြစ်၍နှုတ်ကပတ်တရားတော်ကိုကြား နာခြင်းကြောင့်ယုံကြ၏။ ခရစ်တော်အကြောင်း ဟောပြောခြင်းကြောင့်နှုတ်ကပတ်တရားတော် ကိုကြားနာရ၏။ Garrad Bible သို့ နှင့် အ ညီ ယုံ ကြည် ခွင့် သည် ကြား နာ ခြင်း ကြောင့်၊ ကြား နာ ခွင့် လည်း ခ ရစ် တော် သ တင်း ကြောင့် သာ ဖြစ် ၏။ Judson Bible သို့ဖြစ်၍၊ ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့် ဖြစ်၏။ ကြားနာခြင်းသည်လည်း၊ ဘုရားသခင်၏ စကားတော်အားဖြင့် ဖြစ်၏။- မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့်ဖြစ်ပြီး ကြားနာခြင်းသည် ခရစ်တော်၏စကားတော်အားဖြင့်ဖြစ်၏။ |
ထို့နောက် ယေရှုက “သင်တို့ ကြားနာရသည့်အရာကို အာရုံစိုက်ကြလော့။ သူတစ်ပါးကို ပေးသောစံနှုန်းနှင့်အညီ သင်တို့သည်လည်း ပြန်ရလိမ့်မည်။ ထိုထက်မက သင်တို့လက်ခံရရှိလိမ့်မည်။
ယေရှုကလည်း “ဘုရားသခင်၏နှုတ်ကပတ်တရားတော်ကို ကြား၍ လိုက်နာသောသူသည် ပို၍ မင်္ဂလာရှိ၏” ဟု မိန့်တော်မူ၏။
ယေရှုက “ဘုရားသခင်၏တရားစကားကို ကြား၍ လိုက်နာဆောင်ရွက်သောသူသည် ငါ့မိခင်၊ ငါ့ညီများဖြစ်သည်” ဟု မိန့်တော်မူ၏။
ယောဟန်၏ တပည့်နှစ်ဦးတို့သည် ထိုစကားကို ကြားသော် ယေရှုနောက်တော်သို့ လိုက်ကြ၏။
ကျွန်ုပ်သည် ခရစ်တော်၏ သတင်းကောင်းအတွက် မရှက်ကြောက်။ အဘယ်ကြောင့်ဆိုသော် ထိုသတင်းကောင်းသည် ယုံကြည်သောသူများဖြစ်သည့် ဦးစွာ ဂျူးလူမျိုးများ၊ ထို့နောက် လူမျိုးခြားများကို ကယ်တင်သော ဘုရားသခင်၏ တန်ခိုးတော်ဖြစ်သောကြောင့်ပင်။
သို့သော် ထိုအရှင်ကို မယုံကြည်လျှင် ထိုအရှင်ထံ မည်သို့ ဆုတောင်းနိုင်မည်နည်း။ ထိုအရှင်၏ အကြောင်းကို မကြားဖူးလျှင် ထိုအရှင်ကို မည်သို့ ယုံကြည်နိုင်မည်နည်း။ ဟောပြောသောသူ မရှိလျှင် မည်သို့ ကြားနိုင်မည်နည်း။
ကျွန်ုပ်တို့သည် လူများစွာကဲ့သို့ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို မိမိကိုယ်ကျိုးအတွက် လှည့်လည်ရောင်းစားသောသူများမဟုတ်ကြပါ။ ကျွန်ုပ်တို့သည် ဘုရားသခင်ထံမှ စေလွှတ်ခံရသူများအဖြစ် ဘုရားသခင်ရှေ့တော်၌ ခရစ်တော်၏ အခွင့်နှင့် ရိုးသားစွာ ဟောပြောကြ၏။
သင်တို့ထံမှ ကျွန်ုပ်သိလိုသောအရာ တစ်ခုသာ ရှိ၏။ သင်တို့သည် ဝိညာဉ်တော်ကို ခံယူရရှိရာတွင် ပညတ်တရားကို လိုက်နာခြင်းအားဖြင့် ခံယူရရှိသလော။ သို့မဟုတ် ကြားနာရသော သတင်းကောင်းကို ယုံကြည်ခြင်းအားဖြင့် ခံယူရရှိသလော။
ထပ်မံ၍ မေးလိုသည်မှာ ဘုရားသခင်သည် သင်တို့အား ဝိညာဉ်တော်ကို ပေးတော်မူ၍ သင်တို့အလယ်၌ အံ့ဖွယ်တန်ခိုးတို့ကို ပြတော်မူသည်မှာ ပညတ်တရားကို သင်တို့လိုက်နာသောကြောင့်လော။ သို့မဟုတ် ကြားနာရသော သတင်းကောင်းကို သင်တို့ယုံကြည်သောကြောင့်လော။
ခရစ်တော်၏ တရားတော်ကို သင်တို့အထဲ၌ ပြည့်ပြည့်ဝဝတည်စေကြလော့။ တစ်ဦးကိုတစ်ဦး ဉာဏ်ပညာအမျိုးမျိုးဖြင့် သွန်သင်၍ သတိပေးဆုံးမကြလော့။ ကျေးဇူးတင်သောစိတ်နှင့် ဆာလံသီချင်းများ၊ ဓမ္မသီချင်းများ၊ ဝိညာဉ်ရေးရာသီချင်းများကို ဘုရားသခင်ထံ လှိုက်လှိုက်လှဲလှဲသီဆိုကြလော့။
သင်တို့သည် ကျွန်ုပ်တို့ထံမှ ကြားနာသော ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို လူ့စကားအဖြစ် မဟုတ်ဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်အဖြစ် လက်ခံသောကြောင့် ဘုရားသခင်ကို ကျွန်ုပ်တို့ အစဉ်အမြဲကျေးဇူးတင်ကြ၏။ ထိုနှုတ်ကပတ်တော်သည် အမှန်ပင်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်၍ ခရစ်တော်ကို ယုံကြည်သောသင်တို့အထဲတွင် သက်ဝင်လှုပ်ရှားတော်မူ၏။
အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည် ထိုသူတို့နည်းတူ သတင်းကောင်းကို ကြားရသောကြောင့်ဖြစ်၏။ သူတို့မှာမူ ကြားရသော်လည်း မယုံကြည်သောကြောင့် သူတို့အတွက် အကျိုးမရှိ။
သင်တို့သည် ပျက်စီးတတ်သောမျိုးစေ့အားဖြင့်မဟုတ်ဘဲ မပျက်စီးနိုင်သောမျိုးစေ့ဖြစ်သည့် အသက်ရှင်၍ ထာဝရတည်မြဲသော ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့် အသစ်တစ်ဖန်မွေးဖွားလာကြ၏။
သင်တို့၏ညီအစ်ကိုဖြစ်သော ကျွန်ုပ်ယောဟန်သည် သင်တို့နည်းတူ ယေရှု၏နောက်လိုက်ဖြစ်သည်နှင့်အညီ ဆင်းရဲဒုက္ခကိုလည်းကောင်း၊ ဘုရားသခင်၏နိုင်ငံတော်သားဖြစ်ခွင့်ကိုလည်းကောင်း၊ စိတ်ရှည်သည်းခံရခြင်းကိုလည်းကောင်း မျှဝေခံစားသည့် သင်တို့၏လုပ်ဖော်ကိုင်ဖက်ဖြစ်၏။ ကျွန်ုပ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဟောပြောပြီး သခင်ယေရှုအကြောင်းကို သက်သေခံသောကြောင့် ပတ်မုကျွန်းသို့ ရောက်နေ၏။