ထိုသူတို့က ‘ကျွန်ုပ်တို့အား ငှားမည့်သူမရှိသောကြောင့် ဖြစ်ပါသည်’ ဟု ဖြေကြ၏။ မြေရှင်က ထိုသူတို့အား ‘သင်တို့သည်လည်း ငါ့စပျစ်ခြံသို့သွား၍ အလုပ်လုပ်ကြ’ ဟု ဆို၏။
ရောမ 10:14 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် ထိုအရှင်ကို မယုံကြည်လျှင် ထိုအရှင်ထံ မည်သို့ ဆုတောင်းနိုင်မည်နည်း။ ထိုအရှင်၏ အကြောင်းကို မကြားဖူးလျှင် ထိုအရှင်ကို မည်သို့ ယုံကြည်နိုင်မည်နည်း။ ဟောပြောသောသူ မရှိလျှင် မည်သို့ ကြားနိုင်မည်နည်း။ Common Language Bible သို့ရာတွင်ထိုသူတို့သည်ကိုယ်တော်ကိုယုံကြည် မှုမရှိလျှင် အဘယ်သို့ကိုယ်တော်ထံသို့ပတ္ထနာ ပြုနိုင်မည်နည်း။ နှုတ်ကပတ်တရားတော်ကို မကြားလျှင်အဘယ်သို့ယုံကြည်နိုင်မည်နည်း။ နှုတ်ကပတ်တရားတော်ကိုဟောပြောကြေညာ သူမရှိလျှင်အဘယ်သို့ကြားနိုင်မည်နည်း။- Garrad Bible သို့ ဖြစ် လျက် မ ယုံ ကြည် သော အ ရှင့် ထံ မည် သို့ ပ ဌ နာ ပြု ကြ အံ့ နည်း။ မ ကြား နာ သေး သော အ ရှင် ကို မည် သို့ ယုံ ကြည် ကြ အံ့ နည်း။ ဟော ပြော သူ မ ရှိ လျှင် မည် သို့ ကြား နာ ကြ အံ့ နည်း။ စေ လွှတ် တော် မူ ခြင်း မ ခံ ရ က မည် သို့ ဟော ပြော ကြ အံ့ နည်း ဟု မေး လျှင်၊ Judson Bible သို့ရာတွင်၊ မယုံကြည်လျှင် အဘယ်သို့ ပတ္ထနာပြုနိုင်မည်နည်း။ သတင်းမကြားလျှင် အဘယ်သို့ ယုံကြည်နိုင်မည်နည်း။ ဟောပြောသောသူမရှိလျှင် အဘယ်သို့ ကြားနိုင်မည်နည်း။- မြန်မာ့စံမီသမ္မာကျမ်း သို့ရာတွင် မိမိမယုံကြည်သောအရှင်ထံ မည်သို့ပတ္ထနာပြုနိုင်မည်နည်း။ မိမိမကြားဖူးသောအရှင်ကို မည်သို့ယုံကြည်နိုင်မည်နည်း။ ဟောပြောသောသူမရှိလျှင် မည်သို့ကြားနိုင်မည်နည်း။ |
ထိုသူတို့က ‘ကျွန်ုပ်တို့အား ငှားမည့်သူမရှိသောကြောင့် ဖြစ်ပါသည်’ ဟု ဖြေကြ၏။ မြေရှင်က ထိုသူတို့အား ‘သင်တို့သည်လည်း ငါ့စပျစ်ခြံသို့သွား၍ အလုပ်လုပ်ကြ’ ဟု ဆို၏။
သို့သော် ယေရှုသည် ဘုရားသခင်၏ သားတော် ခရစ်တော်ဖြစ်ကြောင်း သင်တို့ယုံကြည်ကြစေရန်နှင့် ထိုသို့ ယုံကြည်၍ နာမတော်၏တန်ခိုးအားဖြင့် အသက်ကို ရရှိကြစေရန် ဤကျမ်းစာကို ရေးသားရခြင်းဖြစ်၏။
ထိုသူက “သခင်… အကျွန်ုပ်ယုံကြည်လိုပါ၏။ ထိုသူ မည်သူဖြစ်သည်ကို ပြောပြပေးပါ” ဟု လျှောက်လေ၏။
ပေါလုက “သင်တို့သည် ယုံကြည်သူများ ဖြစ်လာကြသောအခါ သန့်ရှင်းသောဝိညာဉ်တော်ကို လက်ခံရရှိကြသလော” ဟု မေး၏။ ထိုသူတို့က “မရကြပါ။ သန့်ရှင်းသောဝိညာဉ်တော်ဟူ၍ ရှိသည်ကိုပင် ကျွန်ုပ်တို့မကြားဖူးသေးပါ” ဟု ပြန်ဖြေကြ၏။
ထိုသူက “ဦးဆောင်ရှင်းပြမည့်သူမရှိလျှင် မည်ကဲ့သို့နားလည်နိုင်ပါမည်နည်း” ဟု ဖြေ၍ ဖိလိပ္ပုအား မြင်းရထားပေါ်သို့ တက်၍ မိမိနှင့်အတူ ထိုင်ရန် ဖိတ်ခေါ်လေ၏။
ကျွန်ုပ်တို့သည် ထိုသားတော်အားဖြင့် တမန်တော်ဖြစ်ခြင်း အခွင့်ထူးကို ရရှိကြ၏။ ဤသည်မှာ ထိုသခင်၏ နာမတော်အတွက် ယုံကြည်ခြင်းကြောင့် ဖြစ်လာသော နာခံခြင်းအကြောင်းကို လူမျိုးခြားအပေါင်းတို့ထဲတွင် ဟောပြောရန် ဖြစ်၏။
ကိုယ်တော်သည် ကြွလာ၍ ဘုရားသခင်နှင့် ဝေးကွာသော လူမျိုးခြား သင်တို့ကိုလည်းကောင်း၊ နီးသော ဂျူးလူမျိုးတို့ကိုလည်းကောင်း ငြိမ်းချမ်းခြင်းနှင့်ဆိုင်သော သတင်းကောင်းကို ဟောပြောတော်မူ၏။
ယေရှု၌ သမ္မာတရား ရှိသည့်အတိုင်း သင်တို့သည် ခရစ်တော်အကြောင်းကို အမှန်ပင် ကြားသိရပြီး ကိုယ်တော်၏ အကြောင်းကို သင်ယူခဲ့ပြီ ဖြစ်၏။
သို့သော်လည်း ကျွန်ုပ်သည် လူမျိုးခြားတို့အား သတင်းကောင်းကို ပြည့်စုံစွာ ဟောပြောရန်အတွက် သခင်ဘုရားသည် ကျွန်ုပ်ဘက်မှ ရပ်တည်၍ ခွန်အားပေးတော်မူခဲ့၏။ ဤသို့ဖြင့် ကိုယ်တော်သည် ကျွန်ုပ်ကို ခြင်္သေ့ခံတွင်းမှ ကယ်နှုတ်တော်မူ၏။
ဘုရားသခင်သည် အချိန်တန်သောအခါ လူ၏ဟောပြောခြင်းနည်းဖြင့် တရားတော်ကို ထင်ရှားစေတော်မူ၏။ ကျွန်ုပ်သည် ကယ်တင်ရှင်ဘုရားသခင်၏ အမိန့်တော်ဖြင့် ဤတရားတော်ကို ဟောပြော၏။
ယုံကြည်ခြင်းမရှိလျှင် ဘုရားသခင်၏ စိတ်တော်နှင့် မတွေ့နိုင်။ ဘုရားသခင်ထံသို့ ချဉ်းကပ်သောသူသည် ဘုရားသခင်ရှိတော်မူကြောင်း ယုံကြည်ရမည်။ ကိုယ်တော်ကို ကြိုးစားရှာသောသူအား ဆုလာဘ်ပေးတော်မူကြောင်း ယုံကြည်ရမည်။
ယုံကြည်ခြင်းဖြင့် ဆုတောင်းခြင်းသည် လူနာကို ကျန်းမာစေ၍ သခင်ဘုရားသည် သူ့ကို နာလန်ထစေတော်မူလိမ့်မည်။ ထိုသူသည် အပြစ်ကျူးလွန်ခဲ့မိလျှင်လည်း ခွင့်လွှတ်တော်မူခြင်းကို ခံရလိမ့်မည်။