ဘုရားသခင်သည် မိမိအကြောင်း သိသင့်သိထိုက်သမျှတို့ကို ဖွင့်ပြထားတော်မူပြီးဖြစ်သောကြောင့် ထိုအကြောင်းကို သူတို့သိကြ၏။
ရောမ 1:18 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်သည် သမ္မာတရားကို မတရားမှုဖြင့် ဖုံးကွယ်တားဆီးကြသော ဘုရားတရားမဲ့သူများနှင့် ဆိုးယုတ်သူများအား မိမိ၏ အမျက်တော်ကို ကောင်းကင်ဘုံမှ ဖော်ပြတော်မူ၏။ Common Language Bible အမှန်တရားကိုလူတို့မသိစေရန်ဆီးတား ပိတ်ပင်သော၊ ဆိုးညစ်မှုကိုပြုကျင့်သောဘုရား မဲ့သူတို့၏အပြစ်နှင့်ဆိုးညစ်မှုအပေါင်းတို့ အပေါ်သို့ ကောင်းကင်မှဘုရားသခင်၏အမျက် တော်သည်သက်ရောက်လျက်ရှိကြောင်းပေါ်လွင် ထင်ရှားလာပြီ။- Garrad Bible ဘု ရား သ ခင် ဖော် ပြ တော် မူ သည့် အ လျောက် ကိုယ် တော့် အ ကြောင်း သိ အပ် သ မျှ ထင် ရှား ပြီး ဖြစ်၍၊ သ မ္မာ တ ရား ကို မ တ ရား သ ဖြင့် ဖိ စီး သူ တို့၏ ဘု ရား မဲ့ နေ ခြင်း နှင့် တ ရား မဲ့ နေ ခြင်း ခပ် သိမ်း အ ပေါ် တွင် မူ ကား ဘု ရား သ ခင့် အ မျက် တော် သည် ကောင်း ကင် မှ ထင် ရှား လျက် ရှိ၏။ Judson Bible သမ္မာတရားကိုအဓမ္မဖြင့် ဆီးတားနှိပ်စက်သောသူတို့ ပြုတတ်သော ဘုရားမဲ့နေခြင်းအမှု၊ တရားကို လွန်ကျူးခြင်း အမှုအမျိုးမျိုးတို့ တစ်ဖက်၌ ဘုရားသခင်၏ အမျက်တော်သည် ကောင်းကင်မှ ထင်ရှားလျက်ရှိ၏။- မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်၏အမျက်တော်သည် ကောင်းကင်မှထင်ရှားလျက် သမ္မာတရားကို မတရားမှုဖြင့်တားဆီးပိတ်ပင်သောသူတို့၏ဘုရားတရားမဲ့ခြင်းနှင့် မတရားမှုအလုံးစုံတို့အပေါ်သို့ သက်ရောက်၏။ |
ဘုရားသခင်သည် မိမိအကြောင်း သိသင့်သိထိုက်သမျှတို့ကို ဖွင့်ပြထားတော်မူပြီးဖြစ်သောကြောင့် ထိုအကြောင်းကို သူတို့သိကြ၏။
ထို့ပြင် ဘုရားသခင်ကို အသိအမှတ်ပြုခြင်းသည် မိုက်မဲသည်ဟု သူတို့ထင်မှတ်သောကြောင့် ဘုရားသခင်သည် သူတို့ကို ပညာမဲ့စွာတွေးခေါ်ခြင်းလက်သို့ အပ်လိုက်တော်မူ၏။ ထို့ကြောင့် သူတို့သည် မပြုအပ်သောအမှုတို့ကို ပြုကြ၏။
ထိုသို့ပြုကျင့်သောသူတို့သည် သေဒဏ်ခံထိုက်သည်ဟု ဘုရားသခင်သတ်မှတ်ပြဋ္ဌာန်းထားကြောင်းကို သိလျက်နှင့်ပင် မိမိတို့ကိုယ်တိုင်ပြုကျင့်သည်သာမက ထိုသို့ပြုကျင့်သောအခြားသူတို့ကိုလည်း အားပေးအားမြှောက်ပြုကြသေး၏။
ထိုသို့သောဆိုးယုတ်မှုများကို ကိုယ်တိုင် ပြုကျင့်လျက်နှင့်ပင် ထိုသို့ပြုကျင့်သည့်တစ်ပါးသူကို အပြစ်တင်သောသင်သည် ဘုရားသခင်၏ စီရင်တော်မူခြင်းနှင့် ကင်းလွတ်မည်ဟု ထင်သလော။
သို့ဖြစ်လျှင် ကျွန်ုပ်တို့ဂျူးလူမျိုးသည် အခြားလူမျိုးတို့ထက် သာလွန်ကောင်းမွန်သည်ဟု ဆိုနိုင်မည်လော။ ထိုသို့ လုံးဝ မဆိုနိုင်ပါ။ ဂျူးလူမျိုးဖြစ်စေ လူမျိုးခြားဖြစ်စေ လူအပေါင်းတို့သည် အပြစ်တရားလက်အောက်၌ရှိကြောင်းကို အထက်က ကျွန်ုပ်ဖော်ပြခဲ့ပြီးဖြစ်၏။
ပညတ်တရားကို မနာခံသောသူတို့သည် ပြစ်ဒဏ်ပေးခြင်းခံရ၏။ ပညတ်တရားမရှိလျှင်မူ ချိုးဖောက်စရာလည်း မရှိပေ။
ကျွန်ုပ်တို့အားကိုးရာမဲ့ ဖြစ်လျက်ရှိနေကြစဉ် အချိန်တန်၍ ခရစ်တော်သည် ဘုရားတရားမဲ့သူများအတွက် အသေခံတော်မူ၏။
ခရစ်တော်၏ အသွေးတော်အားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရသောကျွန်ုပ်တို့သည် ထိုခရစ်တော်အားဖြင့် ဘုရားသခင်၏ အမျက်တော်မှ ပို၍ပင် ကယ်တင်ခံရလိမ့်မည်။
သင်တို့၏ ကိုယ်ခန္ဓာအစိတ်အပိုင်းများကို ဒုစရိုက်လက်နက်အဖြစ် အပြစ်တရားအား မဆက်သကြနှင့်။ ထိုသို့ပြုမည့်အစား သင်တို့သည် သေရာမှ ပြန်ရှင်လာသောသူများဖြစ်ကြသောကြောင့် မိမိကိုယ်မိမိ ဘုရားသခင်ထံသို့ ဆက်သကြလော့။ သို့ဖြစ်၍ သင်တို့၏ ကိုယ်ခန္ဓာအစိတ်အပိုင်းများကို ဘုရားသခင်၏ ဘုန်းတော်အတွက် ဖြောင့်မတ်စွာ လုပ်ဆောင်နိုင်မည့်လက်နက်အဖြစ် ဆက်သကြလော့။
အချည်းနှီးသော စကားများဖြင့် မည်သူမျှ သင်တို့ကို မလှည့်ဖြားစေနှင့်။ ထိုသို့သော အပြစ်များကြောင့် မနာခံသောသူတို့အပေါ် ဘုရားသခင်၏ အမျက်တော် ကျရောက်၏။
ထိုသို့သောအကျင့်များကြောင့် ဘုရားသခင်၏အမျက်တော်သည် မနာခံသောသူတို့အပေါ် သက်ရောက်၏။
ထို့နောက် ပျက်စီးတော့မည့်သူတို့ကို မတရားသော နည်းပရိယာယ်အမျိုးမျိုးဖြင့် လှည့်ဖြားလိမ့်မည်။ သူတို့ပျက်စီးတော့မည့် အကြောင်းအရင်းသည် ကယ်တင်ခံရရန် သမ္မာတရားကို နှစ်သက်လက်ခံခြင်း မရှိသောကြောင့်ဖြစ်၏။
ထိုသူသည် အချိန်ကျသောအခါ ပေါ်လာစေရန် ယခု မည်သည့်အရာက သူ့ကို တားဆီးနေကြောင်း သင်တို့သိကြ၏။