Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရော​မ 4:15 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

15 ပညတ်တရား​ကို မနာခံသော​သူတို့​သည် ပြစ်ဒဏ်ပေးခြင်း​ခံရ၏။ ပညတ်တရား​မရှိ​လျှင်မူ ချိုးဖောက်စရာ​လည်း မရှိပေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

15 ပ​ညတ်​တ​ရား​သည်​ဘု​ရား​သ​ခင်​၏​အ​မျက် တော်​ကို​ဖြစ်​ပွား​စေ​၏။ သို့​ရာ​တွင်​တ​ရား ဥ​ပ​ဒေ​မ​ရှိ​လျှင်​တ​ရား​ဥ​ပ​ဒေ​ကို​ချိုး ဖောက်​ခြင်း​လည်း​မ​ရှိ​နိုင်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

15 ပ ညတ် တ ရား မ ရှိ လျှင် လွန် ကျူး မှု မ ရှိ ဖြစ်၍ ပ ညတ် တ ရား အား ဖြင့် အ မျက် တော် ဒဏ် ဖြစ် ပွား ရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 ပ​ညတ်​တ​ရား​သည်​ကား အ​မျက်​ဒေါ​သ​နှင့် စပ်​ဆိုင်၏။ ပ​ညတ်​တ​ရား​မ​ရှိ​လျှင်၊ လွန်​ကျူး​ခြင်း အ​ပြစ်​မ​ရှိ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 ပညတ်​တရား​သည် အမျက်​တော်​ကို​ဖြစ်ပေါ်​စေ​၏။ သို့သော် ပညတ်​တရား​မ​ရှိ​သော​နေရာ​၌ ဖောက်ဖျက်​ကျူးလွန်​မှု​လည်း​မ​ရှိ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရော​မ 4:15
26 ပူးပေါင်းရင်းမြစ်များ  

ငါ​သည် လာ​၍ ထို​သူတို့​ကို မဟောပြောခဲ့​လျှင် သူတို့​၌ အပြစ်​ရှိမည်​မဟုတ်။ ယခု​မှာမူ သူတို့​သည် သူတို့​၏​အပြစ်များ​အတွက် ဆင်ခြေ​မပေးနိုင်တော့ပေ။


သားတော်​ကို ယုံကြည်သော​သူ​သည် ထာဝရ​အသက်​ကို ရ၏။ သားတော်​၏​စကား​ကို နားမထောင်သော​သူ​မှာမူ ထာဝရ​အသက်​ကို မရဘဲ ဘုရားသခင်​၏ အမျက်တော်​သည်​သာ ထို​သူ​အပေါ်​၌ တည်နေမည်​ဖြစ်၏” ဟု ဟောလေ၏။


ဘုရားသခင်​သည် ကျွန်ုပ်တို့​ကို မည်သို့​ဖြောင့်မတ်​စေတော်မူကြောင်း ထို​သတင်းကောင်း​က ဖော်ပြ၏။ ထိုသို့​ဖြောင့်မတ်​ရန် ယုံကြည်ခြင်း​နှင့် စတင်​၍ ယုံကြည်ခြင်း​နှင့် အဆုံးသတ်၏။ ဤ​အရာ​သည် ကျမ်းစာ​၌ “ဖြောင့်မတ်သောသူ​သည် ယုံကြည်ခြင်း​အားဖြင့် အသက်ရှင်​လိမ့်မည်” ဟု ဖော်ပြထားသည့်​အတိုင်း ဖြစ်၏။


ပညတ်တရား​မပေါ်​မီ​ကပင် လူတို့​သည် အပြစ်ကျူးလွန်ကြ၏။ သို့သော် ချိုးဖောက်စရာ ပညတ်တရား​မရှိသေး​သောကြောင့် ထို​ကျူးလွန်ခြင်း​ကို အပြစ်​ဟူ၍ မသတ်မှတ်ခဲ့ကြပေ။


သေမင်း​၏ အစွယ်​သည် အပြစ်​ဖြစ်၏။ အပြစ်​သည် ပညတ်တရား​မှ တန်ခိုး​ကို ရရှိ၏။


ကျမ်းစာ​တွင် “ဘုရားသခင်​ရှေ့တော်​၌ ဖြောင့်မတ်သည်​ဟု သတ်မှတ်ခံရ​ရန်အတွက်” ဟူ၍ ရေးသားထား၏။ ထို့ကြောင့် ဖြောင့်မတ်သည်​ဟု သတ်မှတ်​ခံရ​ရန်အတွက် ပညတ်တရား​ကို လိုက်နာခြင်း​ကို အားကိုးသော သူတို့​သည် ကျိန်ဆိုခြင်း​ကို​ခံရ၏။


သို့ဖြစ်လျှင် ပညတ်တရား​ကို အဘယ်ကြောင့် ပေးထားသနည်း။ ပညတ်တရား​ကို ပေးထားရခြင်း​မှာ အပြစ်​၏ သဘောသဘာဝ​ကို ဖော်ပြ​ရန်​ဖြစ်ပြီး ကတိတော်​ကို ရရှိသော အမျိုးအနွယ် မပေါ်မီ​ကာလ​တိုင်အောင် ထားရှိမည်​ဖြစ်၏။ ဘုရားသခင်​သည် ထို​ပညတ်တရား​ကို ကောင်းကင်တမန်များ​ဖြင့် ကြားဝင်​စေ့စပ်သူ မောရှေ​ထံမှ​တစ်ဆင့် ပေးအပ်တော်မူ၏။


အချည်းနှီးသော စကားများ​ဖြင့် မည်သူမျှ သင်တို့​ကို မလှည့်ဖြားစေနှင့်။ ထိုသို့သော အပြစ်များ​ကြောင့် မနာခံသော​သူတို့​အပေါ် ဘုရားသခင်​၏ အမျက်တော် ကျရောက်၏။


ထိုသို့သော​အကျင့်များ​ကြောင့် ဘုရားသခင်​၏​အမျက်တော်​သည် မနာခံသော​သူတို့​အပေါ် သက်ရောက်၏။


အပြစ်​ကျူးလွန်သောသူ​သည် ပညတ်တရား​ကို ချိုးဖောက်၏။ အပြစ်​ဟူသည်​မှာ ပညတ်တရား​ကို ချိုးဖောက်ခြင်း​ဖြစ်၏။


ဘုရားသခင်​ကို ဆန့်ကျင်သော​လူမျိုးတို့​ကို နှိမ်နင်း​ရန် ထက်သော​သန်လျက်​သည် သူ​၏​ခံတွင်း​မှ ထွက်၏။ သူ​သည် ထို​သူတို့​ကို သံ​လှံတံ​ဖြင့် အုပ်စိုးတော်မူ​လိမ့်မည်။ သူ​သည် အနန္တ​တန်ခိုးရှင်​ဘုရားသခင်​၏ ကြီးမားသော​အမျက်တော်​ဟူသော စပျစ်သီးနယ်ရာ​ကျင်း​ကို နင်းတော်မူ​လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ