ထို့ကြောင့် ရိတ်သိမ်းသူများကို လယ်သို့ စေလွှတ်ပေးရန် လယ်ရှင်ထံ တောင်းလျှောက်ကြလော့” ဟု မိန့်တော်မူ၏။
ရောမ 1:15 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် ရောမမြို့၌ရှိသော သင်တို့ထံသို့လည်း လာ၍ သတင်းကောင်းကို ဟောပြောရန် ကျွန်ုပ်စိတ်အားထက်သန်လျက်ရှိ၏။ Common Language Bible သတင်းကောင်းကိုရောမမြို့ရှိသင်တို့အား လည်းကြေညာရန် ငါသည်စိတ်အားထက် သန်လျက်ရှိ၏။ Garrad Bible ရော မ မြို့ ရှိ သင် တို့ အား လည်း သ တင်း တော် မြတ် ကို ကြား ပြော ရန် အ ခွင့် ရ တိုင်း စိတ် စေ တ နာ ရှိ ၏။ Judson Bible သို့ဖြစ်လျှင်၊ ငါတတ်နိုင်သမျှအတိုင်း ရောမမြို့သားဖြစ်သော သင်တို့အား ဧဝံဂေလိတရားကို ဟောခြင်းငှာ စေတနာစိတ်ရှိ၏။ မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ငါ့အနေဖြင့် ရောမမြို့၌ရှိသော သင်တို့အားလည်း ဤကောင်းမြတ်သောသတင်းကိုဟောပြောရန် စိတ်အားထက်သန်လျက်ရှိ၏။ |
ထို့ကြောင့် ရိတ်သိမ်းသူများကို လယ်သို့ စေလွှတ်ပေးရန် လယ်ရှင်ထံ တောင်းလျှောက်ကြလော့” ဟု မိန့်တော်မူ၏။
ဤအမျိုးသမီးသည် သူတတ်နိုင်သမျှကို ပြုပြီ။ ငါ့ကို သင်္ဂြိုဟ်ရန်အတွက် ငါ့ကိုယ်ခန္ဓာပေါ်၌ ကြိုတင်၍ ဆီမွှေးလိမ်းပြီ။
ယေရှုက “ငါ့ကို စေလွှတ်တော်မူသောဘုရားသခင်၏ အလိုတော်ကို လိုက်နာ၍ ထိုအရှင်၏ အမှုတော်ကို ပြီးဆုံးသည်အထိ ဆောင်ရွက်ခြင်းသည် ငါ့စားစရာဖြစ်၏။
သို့ရာတွင် ပေါလုက “သင်တို့သည် ငိုကြွေးလျက် ကျွန်ုပ်စိတ်နှလုံးကို ပူဆွေးဝမ်းနည်းစေရန် အဘယ်ကြောင့် ပြုကြသနည်း။ ကျွန်ုပ်သည် ဂျေရုဆလင်မြို့၌ ထောင်ကျခံရန်မျှသာမက သခင်ယေရှု၏အမည်နာမအတွက် အသေခံရန်ပင် အသင့်ရှိပါ၏” ဟု ပြန်ပြောလေ၏။
ဟောပြောရန် စေလွှတ်ခြင်း မခံရလျှင် မည်သို့ ဟောပြောနိုင်မည်နည်း။ ကျမ်းစာ၌ “သတင်းကောင်းကို ယူဆောင်လာသောသူတို့၏ ခြေတို့သည် အလွန်တင့်တယ်ပေ၏” ဟု ရေးသားထား၏။
ကျွန်ုပ်၏ ပြင်းပြသောဆန္ဒမှာ အခြားတစ်ဦးတည်ထောင်ထားသော အသင်းတော်ရှိရာ ဒေသထက် ခရစ်တော်၏အမည်နာမကို မကြားဖူးသေးသော ဒေသ၌ သတင်းကောင်းကို ဟောပြောရန်ဖြစ်၏။
ကျွန်ုပ်သည် ဤအမှုကို မိမိအလိုဆန္ဒကြောင့် ဆောင်ရွက်ခြင်းဖြစ်လျှင် ဆုလာဘ်ကို ရသင့်၏။ သို့သော် ဘုရားသခင်က ဤတာဝန်ကို ကျွန်ုပ်ထံ ယုံယုံကြည်ကြည်အပ်နှံထားသောကြောင့် ဝတ္တရားရှိ၍ ဆောင်ရွက်ရခြင်းဖြစ်၏။
သင်တို့လှူဒါန်းရန် စေတနာစိတ်ရှိလျှင် ဘုရားသခင်သည် သင်တို့၌ မရှိသောအရာကို မထောက်ဘဲ ရှိသောအရာကို ထောက်၍ သင်တို့၏ လှူဒါန်းခြင်းကို လက်ခံတော်မူလိမ့်မည်။