သင်၏ညီအစ်ကိုမောင်နှမတစ်ဦးသည် သင့်ကို ပြစ်မှားလျှင် သူ့ထံသို့ သွား၍ သူ၏အပြစ်ကို နှစ်ကိုယ်ကြားဖော်ပြလော့။ ထိုသူသည် သင့်စကားကို နားထောင်လျှင် သင်သည် ထိုသူကို ပြန်ရရှိပြီ။
ယာကုပ် 5:19 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ညီအစ်ကိုမောင်နှမတို့… သင်တို့ထဲမှ တစ်စုံတစ်ဦးသည် သမ္မာတရားလမ်းမှ လွဲသွား၍ အခြားသူတစ်ဦးက သူ့ကို လမ်းမှန်သို့ ပြန်လည် ခေါ်ဆောင်လာလျှင် Common Language Bible ငါ့ညီအစ်ကိုတို့၊ သင်တို့အနက်တစ်စုံတစ် ယောက်သောသူသည်သမ္မာတရားလမ်းမှလွဲ မှား၍သွားသဖြင့် အခြားသူတစ်ယောက်က လမ်းမှန်သို့ပြန်လည်ပို့ဆောင်ခဲ့သည်ဆိုအံ့။- Garrad Bible ညီ အစ် ကို တို့၊ သင် တို့ အ နက် သ မ္မာ တ ရား တော် မှ လွဲ သွား မိ သူ့ ကို တစ် ဦး ဦး ပြန် လာ စေ လျှင်၊ Judson Bible ညီအစ်ကိုတို့၊ သင်တို့တွင် တစ်စုံတစ်ယောက်သောသူသည် သမ္မာတရားလမ်းမှလွဲသွား၍ သူတစ်ပါးသည် ထိုသူကို ပြန်စေလျှင်မူကား၊- မြန်မာ့စံမီသမ္မာကျမ်း ငါ့ညီအစ်ကိုတို့၊ သင်တို့တွင် တစ်စုံတစ်ယောက်သောသူသည် သမ္မာတရားလမ်းမှလွဲသွား၍ တစ်စုံတစ်ဦးက သူ့ကို ပြန်လည်ခေါ်ဆောင်လာလျှင် |
သင်၏ညီအစ်ကိုမောင်နှမတစ်ဦးသည် သင့်ကို ပြစ်မှားလျှင် သူ့ထံသို့ သွား၍ သူ၏အပြစ်ကို နှစ်ကိုယ်ကြားဖော်ပြလော့။ ထိုသူသည် သင့်စကားကို နားထောင်လျှင် သင်သည် ထိုသူကို ပြန်ရရှိပြီ။
သို့သော် သင်၏ယုံကြည်ခြင်းမပျက်သုဉ်းစေရန် သင့်အတွက် ငါဆုတောင်းပြီ။ သင်သည် အသိတရားပြန်ဝင်သောအခါ သင်၏ညီအစ်ကိုများအား ကြံ့ခိုင်စေလော့” ဟု မိန့်တော်မူ၏။
ညီအစ်ကိုမောင်နှမတို့… တစ်စုံတစ်ယောက်သည် အပြစ်ပြုမိလျှင် ဝိညာဉ်တော်၏ လမ်းပြခြင်းခံရသော သင်တို့က နူးညံ့သိမ်မွေ့သောစိတ်ဖြင့် ထိုသူကို ပြုပြင်ပေးရမည်။ သင်တို့ကိုယ်တိုင်လည်း ဖြားယောင်းသွေးဆောင်ရာသို့ မလိုက်ပါမိစေရန် သတိပြုကြလော့။
ငွေကို တပ်မက်ခြင်းသည် မကောင်းမှုအမျိုးမျိုး၏ အရင်းအမြစ်ဖြစ်၏။ လူတချို့သည် ငွေကို တပ်မက်သောကြောင့် ယုံကြည်ခြင်းတရားကို စွန့်ကာ အလွန်ဝမ်းနည်းပူဆွေးခြင်းကို နာကျင်စွာ ခံစားကြရ၏။
ဤအရာများကို လက်ခံသူတချို့သည် ယုံကြည်ခြင်းတရားလမ်းမှ လွဲချော်သွားကြပြီ။ ကျေးဇူးတော်သည် သင်တို့အားလုံးအပေါ် သက်ရောက်ပါစေသော။ တိမောသေဩဝါဒစာ ပထမစောင် ပြီးပါပြီ။
သူတို့သည် သမ္မာတရားလမ်းမှ လွဲချော်၍ သေသောသူတို့၏ ရှင်ပြန်ထမြောက်ခြင်းသည် ဖြစ်ပျက်ပြီးလေပြီဟု ပြောဆိုလျက် လူတချို့၏ ယုံကြည်ခြင်းကို နှောင့်ယှက်ဖျက်ဆီးကြ၏။
ထိုယဇ်ပုရောဟိတ်မင်းသည် ကိုယ်တိုင်အားနည်းချက် ရှိသဖြင့် မသိနားမလည်ဘဲ လမ်းမှားရောက်နေသူတို့ကို စာနာနိုင်၏။
ချစ်သော ညီအစ်ကိုမောင်နှမတို့… ဤအချက်ကို မှတ်သားကြလော့။ လူတိုင်းသည် ကြားနာရာတွင် လျင်မြန်၍ ပြောဆိုရာနှင့် ဒေါသထွက်ရာတွင် နှေးကွေးသင့်၏။
သို့သော် သင်တို့၏ နှလုံးသားထဲတွင် ခါးသီးသော မနာလိုစိတ်နှင့် တစ်ကိုယ်ကောင်းစိတ်တို့ရှိလျှင် သမ္မာတရားကို ဆန့်ကျင်၍ သင်တို့၏ ဉာဏ်ပညာအကြောင်းကို မကြွားဝါနှင့်။
အပြစ်ရှိသောသူကို မှားယွင်းသောလမ်းမှ ပြန်လည်ခေါ်ဆောင်လာသောသူသည် ထိုအပြစ်သား၏ စိတ်ဝိညာဉ်ကို သေခြင်းမှ ကယ်တင်၍ သူ၏ အပြစ်များစွာကို သခင်ဘုရားခွင့်လွှတ်ပေးတော်မူစေရန် ဆောင်ရွက်သူဖြစ်ကြောင်း သူသိမှတ်ပါစေ။ ရှင်ယာကုပ်ဩဝါဒစာ ပြီးပါပြီ။
ချစ်ရသောသူတို့… သင်တို့သည် ဤအကြောင်းအရာများကို ကြိုတင်သိထားကြပြီဖြစ်၍ တရားမဲ့သူ၏ အမှားနောက်သို့ လိုက်ပါမသွားစေရန်နှင့် သင်တို့၏တည်ငြိမ်ရင့်ကျက်မှုကို မဆုံးရှုံးစေရန် သတိပြုကြလော့။
သူတို့သည် အမင်္ဂလာရှိကြ၏။ သူတို့သည် ကာဣန၏လမ်းစဉ်သို့ လိုက်ကြပြီ။ ဗာလမ်သည် အခကြေးငွေကို ရလို၍ မှားယွင်းသကဲ့သို့ ဗာလမ်နည်းတူ အလျင်အမြန်မှားယွင်းကြပြီ။ ကောရကဲ့သို့ ပုန်ကန်သဖြင့် ပျက်စီးဆုံးရှုံးကြပြီ။