မြွေဆိုးများကို ကိုင်ဖမ်းသော်လည်း ဘေးအန္တရာယ်ကင်းကြလိမ့်မည်။ သေစေတတ်သောအဆိပ်ကို သောက်မိသော်လည်း ဘေးအန္တရာယ်ကင်းကြလိမ့်မည်။ ဖျားနာသူများအပေါ်၌ လက်ကို တင်၍ ကျန်းမာစေကြလိမ့်မည်” ဟု မိန့်တော်မူ၏။
ယာကုပ် 5:14 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့တွင် အလွန်နာမကျန်းဖြစ်သောသူ ရှိလျှင် အသင်းတော်အကြီးအကဲများကို ခေါ်စေ။ သူတို့သည်လည်း သခင်ဘုရား၏ နာမတော်ကို အမှီပြု၍ လူနာအား ဆီလိမ်းကာ ဆုတောင်းပေးကြစေ။ Common Language Bible ဖျားနာသူသည်အသင်းတော်ကိုအုပ်ထိန်းသူ လူကြီးများအားဖိတ်ခေါ်စေ။ သူတို့သည်သခင် ဘုရား၏နာမတော်ကိုအမှီပြု၍ လူနာ အားဆီဖြင့်လူး၍ဆုတောင်းကြစေ။- Garrad Bible ရော ဂါ စွဲ လျှင် အ သင်း တော့် ဥ က္က ဋ္ဌ တို့ ကို ပင့် ခေါ် ပြီး မှ အ ရှင် ဘု ရား၏ နာ မ တော် ကို အ မှီ ပြု လျက် ဆီ လူး ၍ ပ ဌ နာ ပြု ကြ စေ။ Judson Bible နာသောသူရှိလျှင်၊ သင်းအုပ်ကိုခေါ်၍ သူတို့သည် သခင်ဘုရား၏ နာမတော်ကို အမှီပြုလျက်၊ လူနာကိုဆီနှင့်လူး၍ သူ့အပေါ်မှာ ဆုတောင်းကြစေ။- မြန်မာ့စံမီသမ္မာကျမ်း သင်တို့တွင် နာမကျန်းဖြစ်သူရှိလျှင် သူသည် အသင်းတော်အကြီးအကဲများကိုဖိတ်ခေါ်စေ။ သူတို့သည်လည်း သခင်ဘုရား၏နာမတော်၌ သူ့ကိုဆီလိမ်း၍ သူ့အတွက်ဆုတောင်းပေးကြစေ။ |
မြွေဆိုးများကို ကိုင်ဖမ်းသော်လည်း ဘေးအန္တရာယ်ကင်းကြလိမ့်မည်။ သေစေတတ်သောအဆိပ်ကို သောက်မိသော်လည်း ဘေးအန္တရာယ်ကင်းကြလိမ့်မည်။ ဖျားနာသူများအပေါ်၌ လက်ကို တင်၍ ကျန်းမာစေကြလိမ့်မည်” ဟု မိန့်တော်မူ၏။
နတ်ဆိုးများစွာကို နှင်ထုတ်၍ ဖျားနာသူများစွာကိုလည်း သံလွင်ဆီဖြင့် လိမ်းကာ ကျန်းမာစေကြ၏။
ထိုသို့ဆုံးဖြတ်ခဲ့သည့်အတိုင်း ထိုထောက်ပံ့ငွေကို ဗာနဗနှင့် ရှောလုမှတစ်ဆင့် အသင်းတော်အကြီးအကဲများထံသို့ ပို့လိုက်ကြ၏။
အသင်းတော်တိုင်းတွင် အကြီးအကဲများကိုခန့်ထားကြ၏။ ထို့နောက် အစာရှောင်ဆုတောင်း၍ ထိုအကြီးအကဲများကို သူတို့ယုံကြည်သော သခင်ဘုရားထံ အပ်နှံကြ၏။
ဂျေရုဆလင်မြို့သို့ ရောက်သောအခါ အသင်းတော်၊ တမန်တော်များနှင့် အသင်းတော်အကြီးအကဲများက လက်ခံကြိုဆိုကြ၏။ ပေါလုနှင့် ဗာနဗတို့သည် မိမိတို့အားဖြင့် ဘုရားသခင်ပြုတော်မူသည့်အမှုအားလုံးကို ပြန်ပြောပြကြ၏။
ပုဗလိ၏ဖခင်သည် ဖျားနာ၍ ဝမ်းကိုက်သဖြင့် အိပ်ရာ၌လဲလျောင်းနေ၏။ ပေါလုသည် သူ့ထံသို့သွား၍ ဆုတောင်းပေးပြီးမှ သူ့အပေါ်လက်ကိုတင်၍ ကျန်းမာစေ၏။
ပေတရုသည် ထိုသူအားလုံးတို့ကို အပြင်သို့ထွက်စေပြီး ဒူးထောက်လျက် ဆုတောင်းလေ၏။ အလောင်းရှိရာသို့ လှည့်၍ “တဗိသ… ထလော့” ဟု ဆို၏။ တဗိသသည်လည်း မျက်စိကိုဖွင့်ရာ ပေတရုကိုတွေ့မြင်သဖြင့် ထထိုင်လေ၏။
သင့်ကို ကရေတေကျွန်း၌ ကျွန်ုပ်ချန်ထားခဲ့ရခြင်းမှာ ကျွန်ုပ်ညွှန်ကြားထားသည့်အတိုင်း မပြီးဆုံးသေးသော ကိစ္စများကို စီမံဆောင်ရွက်ရန်နှင့် မြို့တိုင်းတွင် သင်းအုပ်များကို ခန့်ထားစေရန် ဖြစ်၏။