ယခုတွင် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်းမေတ္တာ ဤသုံးပါးတို့သည် တည်လျက်ရှိ၏။ ဤသုံးပါးတို့အနက် ချစ်ခြင်းမေတ္တာသည် အမြတ်ဆုံးဖြစ်၏။
ယာကုပ် 2:17 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုနည်းတူပင် ယုံကြည်ခြင်းတစ်ပါးတည်းသာဖြစ်လျှင် လုပ်ဆောင်ခြင်းမရှိသောကြောင့် အသေဖြစ်၏။ Common Language Bible ယုံကြည်ခြင်းသည်လည်းထိုနည်းတူပင်ဖြစ် သည်။ အကျင့်အားဖြင့်မပြနိုင်သောယုံကြည် ခြင်းသည်အသေဖြစ်သည်။ Garrad Bible ထို နည်း တူ ယုံ ကြည် ခြင်း သည် ကိုယ် ကျင့် မ ပါ လျှင် ပြ က တေ့ အ သေ ဖြစ် ၏။ Judson Bible ထိုနည်းတူ၊ အကျင့်နှင့်ကင်းသော ယုံကြည်ခြင်းသည် တစ်ပါးတည်းရှိသောကြောင့် အသေဖြစ်၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုနည်းတူ ယုံကြည်ခြင်းသည်လည်း လုပ်ဆောင်မှုမပါဘဲ ၎င်းသက်သက်သာဆိုလျှင် အသေဖြစ်၏။ |
ယခုတွင် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်းမေတ္တာ ဤသုံးပါးတို့သည် တည်လျက်ရှိ၏။ ဤသုံးပါးတို့အနက် ချစ်ခြင်းမေတ္တာသည် အမြတ်ဆုံးဖြစ်၏။
ကျွန်ုပ်သည် ကိုယ်ပိုင်ဆိုင်သောဥစ္စာပစ္စည်းရှိသမျှကို ဆင်းရဲသားတို့အား လှူဒါန်းသည်သာမက ကျွန်ုပ်၏ ကိုယ်ခန္ဓာကို မီးရှို့စေရန် ပုံအပ်သော်လည်း မေတ္တာမရှိလျှင် ကျွန်ုပ်အတွက် မည်သည့်အကျိုးမျှ မရှိပေ။
အဘယ်ကြောင့်ဆိုသော် ယေရှုခရစ်တော်ကို ယုံကြည်လျှင် အရေပြားလှီးခြင်းမင်္ဂလာကို ခံယူပြီးသည်ဖြစ်စေ၊ မခံယူဘဲနေသည်ဖြစ်စေ အရေးမကြီးသောကြောင့်ဖြစ်၏။ အရေးကြီးသည့်အချက်မှာ ကျွန်ုပ်တို့သည် ခရစ်တော်ကို ယုံကြည်ခြင်းဖြစ်ပြီး သူတစ်ပါးအပေါ် မေတ္တာထားခြင်းဖြင့် ထိုသို့ယုံကြည်ကြောင်း ပေါ်လွင်ရန် ဖြစ်၏။
ဤသို့ ညွှန်ကြားရသည့် ရည်ရွယ်ချက်မှာ ဖြူစင်သောနှလုံးသား၊ စစ်မှန်သောယုံကြည်ခြင်း၊ လိပ်ပြာသန့်သောစိတ်တို့မှ ဖြစ်ပေါ်လာသော ချစ်ခြင်းမေတ္တာနှင့် အချင်းချင်းချစ်ကြရန် ဖြစ်၏။
ညီအစ်ကိုမောင်နှမတို့… တစ်စုံတစ်ယောက်က ငါ့ထံတွင် ယုံကြည်ခြင်းရှိ၏ ဟု ဆိုသော်လည်း လုပ်ဆောင်ခြင်းမရှိလျှင် မည်သည့်အကျိုး ရှိသနည်း။ ထိုသို့သောယုံကြည်ခြင်းသည် ထိုသူကို ကယ်တင်နိုင်သလော။
ဝိညာဉ်မရှိသော ကိုယ်ခန္ဓာသည် အသေဖြစ်သကဲ့သို့ လုပ်ဆောင်ခြင်းမရှိသော ယုံကြည်ခြင်းသည် အသေဖြစ်၏။