Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယာ​ကုပ် 2:17 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 ထိုနည်းတူ ယုံကြည်​ခြင်း​သည်​လည်း လုပ်ဆောင်​မှု​မ​ပါ​ဘဲ ၎င်း​သက်သက်​သာ​ဆို​လျှင် အသေ​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

17 ယုံ​ကြည်​ခြင်း​သည်​လည်း​ထို​နည်း​တူ​ပင်​ဖြစ် သည်။ အ​ကျင့်​အား​ဖြင့်​မ​ပြ​နိုင်​သော​ယုံ​ကြည် ခြင်း​သည်​အ​သေ​ဖြစ်​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

17 ထို နည်း တူ ယုံ ကြည် ခြင်း သည် ကိုယ် ကျင့် မ ပါ လျှင် ပြ က တေ့ အ သေ ဖြစ် ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

17 ထို​နည်း​တူ၊ အ​ကျင့်​နှင့်​ကင်း​သော ယုံ​ကြည်​ခြင်း​သည် တစ်​ပါး​တည်း​ရှိ​သော​ကြောင့် အ​သေ​ဖြစ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

17 ထို​နည်းတူ​ပင် ယုံကြည်ခြင်း​တစ်ပါးတည်း​သာ​ဖြစ်လျှင် လုပ်ဆောင်ခြင်း​မရှိ​သောကြောင့် အသေ​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယာ​ကုပ် 2:17
9 ပူးပေါင်းရင်းမြစ်များ  

ယခု​တွင် ယုံကြည်​ခြင်း၊ မျှော်လင့်​ခြင်း​နှင့် ချစ်​ခြင်း​မေတ္တာ ဤ​သုံး​ပါး​တို့​သည် တည်​လျက်​ရှိ​၏။ ဤ​သုံး​ပါး​တို့​တွင် ချစ်​ခြင်း​မေတ္တာ​သည် အမြတ်ဆုံး​ဖြစ်​၏။


ငါ​သည် မိမိ​ဥစ္စာ​ပစ္စည်း​ရှိသမျှ​တို့​ကို စွန့်ကြဲ​သည်​သာမက ငါ​၏​ကိုယ်ခန္ဓာ​ကို​မီးရှို့​စေရန် အပ်နှံ​သော်လည်း မေတ္တာ​မ​ရှိ​လျှင် ငါ​၌​မည်သည့်​အကျိုး​မျှ​မ​ရှိ။


ခရစ်တော်​ယေရှု​၌​မူကား အရေဖျား​လှီး​ခြင်း​ဖြစ်စေ၊ အရေဖျား​မ​လှီး​ခြင်း​ဖြစ်စေ မည်သည့်​အရာ​ကို​မျှ မ​စွမ်းဆောင်​နိုင်။ မေတ္တာ​အားဖြင့်​လုပ်ဆောင်​သော ယုံကြည်​ခြင်း​က​သာ စွမ်းဆောင်​နိုင်​၏။


သင်​တို့​၏​ယုံကြည်​ခြင်း​နှင့်ဆိုင်သော​လုပ်ဆောင်​မှု၊ မေတ္တာ​ဖြင့်​ကြိုးပမ်း​အားထုတ်​မှု​နှင့် ငါ​တို့​သခင်​ယေရှု​ခရစ်တော်​ကို မျှော်လင့်​ခြင်း​အားဖြင့်​ဖြစ်ပေါ်​သော​သည်းခံ​မှု​တို့​ကို ငါ​တို့​အဖ​ဖြစ်​တော်မူ​သော​ဘုရားသခင်​ရှေ့​တော်​၌ အမြဲမပြတ်​အောက်မေ့​ကြ​၏။


ဤ​ညွှန်ကြားချက်​၏​ရည်ရွယ်ချက်​ပန်းတိုင်​ကား စင်ကြယ်​သော​စိတ်နှလုံး၊ ကြည်လင်​သော​အသိစိတ်​နှင့် ဟန်ဆောင်​မှု​ကင်း​သော​ယုံကြည်​ခြင်း​တို့​မှ​ဖြစ်ပေါ်​လာ​သည့် ချစ်​ခြင်း​မေတ္တာ​ဖြစ်​၏။


ငါ့​ညီအစ်ကို​တို့၊ တစ်စုံတစ်ယောက်​သော​သူ​သည် ငါ​၌​ယုံကြည်​ခြင်း​ရှိ​၏​ဟု​ဆို​သော်လည်း လုပ်ဆောင်​မှု​မ​ပါ​လျှင် မည်သည့်​အကျိုး​ရှိ​သနည်း။ ထို​ယုံကြည်​ခြင်း​သည် သူ့​ကို​ကယ်တင်​နိုင်​သလော။


အကြောင်းမူကား ဝိညာဉ်​ကင်း​သော​ကိုယ်ခန္ဓာ​သည် အသေ​ဖြစ်​သကဲ့သို့ လုပ်ဆောင်​မှု​ကင်း​သော​ယုံကြည်​ခြင်း​သည်​လည်း အသေ​ဖြစ်​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ