မဿဲ 9:9 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုသည် ထိုအရပ်မှ ကြွသောအခါ မဿဲအမည်ရှိသောသူတစ်ဦးသည် အကောက်ခွန်ရုံးတွင် ထိုင်နေသည်ကို တွေ့မြင်တော်မူ၍ “ငါ့နောက်သို့ လိုက်၍ ငါ့တပည့်အဖြစ်ခံယူလော့” ဟု မိန့်တော်မူ၏။ သူသည် ထ၍ ယေရှုနောက်တော်သို့ လိုက်လေ၏။ Common Language Bible သခင်ယေရှုသည်ထိုအရပ်မှထွက်၍ကြွ သွားတော်မူစဉ် အကောက်ခွန်ရုံးခန်းတွင်ထိုင် လျက်နေသောမဿဲဆိုသူလူတစ်ယောက်ကို မြင်တော်မူ၏။ ကိုယ်တော်က ``ငါ့နောက်သို့လိုက် လော့'' ဟုမိန့်တော်မူလျှင်ထိုသူသည်ထ၍ နောက်တော်သို့လိုက်လေ၏။ Garrad Bible ယေ ရှု သည် ထို အ ရပ် မှ ထွက် ကြွ တော် မူ စဉ် အ ခွန် ရုံ တွင် ထိုင် နေ သော မဿဲ အ မည် ရှိ သူ တစ် ယောက် ကို မြင်၍ ငါ့ နောက် လိုက် လော့ ဟု မိန့် တော် မူ သော် ထို သူ သည် ထ၍ နောက် တော် က လိုက်၏။ Judson Bible ယေရှုသည် ထိုအရပ်မှ ကြွတော်မူလျှင်၊ မဿဲအမည်ရှိသော သူတစ်ယောက်သည် အခွန်ခံရာတဲ၌ ထိုင်နေသည်ကို မြင်သော်၊ ငါ့နောက်သို့လိုက်လော့ဟု မိန့်တော်မူ၏။ ထိုသူသည်လည်း ထ၍ နောက်တော်သို့ လိုက်လေ၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ယေရှုသည် ထိုအရပ်မှကြွတော်မူစဉ် အခွန်ကောက်ခံရာစခန်းတွင်ထိုင်နေသည့် မဿဲဟုခေါ်သောသူတစ်ဦးကိုမြင်၍“ငါ့နောက်သို့လိုက်လော့”ဟု မိန့်တော်မူသော် သူသည်ထ၍ နောက်တော်သို့လိုက်လေ၏။ မြန်မာ ယေရှုသည် ထိုအရပ်မှ ကြွတော်မူလျှင်၊ မဿဲအမည်ရှိသော သူတစ်ယောက်သည် အခွန်ခံရာတဲ၌ ထိုင်နေသည်ကို မြင်သော်၊ ငါ့နောက်သို့လိုက်လော့ဟု မိန့်တော်မူ၏။ ထိုသူသည်လည်း ထ၍ နောက်တော်သို့ လိုက်လေ၏။- |
ထို့ကြောင့် ထိုသူတို့အား ‘သင်တို့သည်လည်း စပျစ်ခြံသို့သွား၍ အလုပ်လုပ်ကြ။ ထိုက်သင့်ငွေကို ငါပေးမည်’ ဟု ဆိုသဖြင့် ထိုသူတို့သည် သွားကြ၏။
သို့သော် ယေရှုက “ယခုပင် ငါ့နောက်သို့ လိုက်လော့။ ဝိညာဉ်ရေးရာ၌ သေဆုံးနေသောသူတို့သာ မိမိတို့၏လူသေကို သင်္ဂြိုဟ်ပါစေ” ဟု မိန့်တော်မူ၏။
ထို့နောက် ယေရှုနှင့် တပည့်တော်တို့သည် မဿဲ၏အိမ်တွင် ညစာသုံးဆောင်ကြ၏။ ထိုနေရာ၌ အခွန်ကောက်သူများနှင့် အပြစ်သားများလည်း ပါကြ၏။
အန္ဒြေ၊ ဖိလိပ္ပု၊ ဗာသောလမဲ၊ မဿဲ၊ သောမ၊ အာလဖဲ၏ သား ယာကုပ်၊ သဒ္ဒဲ၊ မျိုးချစ်စိတ်ထက်သန်သူ ရှိမုန်၊
ထိုမြို့သို့ ဝင်ကြသောအခါ သူတို့သည် မိမိတို့ တည်းခိုနေသောအိမ်၏အပေါ်ထပ်အခန်းသို့ တက်သွားကြ၏။ ထိုသူတို့မှာ ပေတရု၊ ယာကုပ်၊ ယောဟန်၊ အန္ဒြေ၊ ဖိလိပ္ပု၊ သောမ၊ ဗာသောလမဲ၊ မဿဲ၊ အာလဖဲ၏သားယာကုပ်၊ မျိုးချစ်စိတ်ထက်သန်သူရှိမုန်၊ ယာကုပ်၏သား ယုဒတို့ ဖြစ်ကြ၏။
ထို့နောက် သားတော်၏ သတင်းကောင်းကို လူမျိုးခြားတို့ထံ ဟောပြောနိုင်ရန် အလိုတော်နှင့်အညီ ကျွန်ုပ်ကို သားတော်နှင့် သိကျွမ်းစေတော်မူ၏။ ထိုအခါ ကျွန်ုပ်သည် မည်သူ့ထံကမျှ အကြံဉာဏ်မတောင်းခဲ့။