Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 9:9 - မြန်မာ

9 ယေ​ရှု​သည် ထို​အ​ရပ်​မှ ကြွ​တော်​မူ​လျှင်၊ မဿဲ​အ​မည်​ရှိ​သော သူ​တစ်​ယောက်​သည် အ​ခွန်​ခံ​ရာ​တဲ၌ ထိုင်​နေ​သည်​ကို မြင်​သော်၊ ငါ့​နောက်​သို့​လိုက်​လော့​ဟု မိန့်​တော်​မူ၏။ ထို​သူ​သည်​လည်း ထ၍ နောက်​တော်​သို့ လိုက်​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

9 သ​ခင်​ယေ​ရှု​သည်​ထို​အ​ရပ်​မှ​ထွက်​၍​ကြွ သွား​တော်​မူ​စဉ် အ​ကောက်​ခွန်​ရုံး​ခန်း​တွင်​ထိုင် လျက်​နေ​သော​မ​ဿဲ​ဆို​သူ​လူ​တစ်​ယောက်​ကို မြင်​တော်​မူ​၏။ ကိုယ်​တော်​က ``ငါ့​နောက်​သို့​လိုက် လော့'' ဟု​မိန့်​တော်​မူ​လျှင်​ထို​သူ​သည်​ထ​၍ နောက်​တော်​သို့​လိုက်​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

9 ယေ ရှု သည် ထို အ ရပ် မှ ထွက် ကြွ တော် မူ စဉ် အ ခွန် ရုံ တွင် ထိုင် နေ သော မဿဲ အ မည် ရှိ သူ တစ် ယောက် ကို မြင်၍ ငါ့ နောက် လိုက် လော့ ဟု မိန့် တော် မူ သော် ထို သူ သည် ထ၍ နောက် တော် က လိုက်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

9 ယေ​ရှု​သည် ထို​အ​ရပ်​မှ ကြွ​တော်​မူ​လျှင်၊ မဿဲ​အ​မည်​ရှိ​သော သူ​တစ်​ယောက်​သည် အ​ခွန်​ခံ​ရာ​တဲ၌ ထိုင်​နေ​သည်​ကို မြင်​သော်၊ ငါ့​နောက်​သို့​လိုက်​လော့​ဟု မိန့်​တော်​မူ၏။ ထို​သူ​သည်​လည်း ထ၍ နောက်​တော်​သို့ လိုက်​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 ထို့နောက် ယေရှု​သည် ထို​အရပ်​မှ​ကြွ​တော်မူ​စဉ် အခွန်​ကောက်ခံ​ရာ​စခန်း​တွင်​ထိုင်​နေ​သည့် မဿဲ​ဟု​ခေါ်​သော​သူ​တစ်​ဦး​ကို​မြင်​၍“ငါ့​နောက်​သို့​လိုက်​လော့”​ဟု မိန့်​တော်မူ​သော် သူ​သည်​ထ​၍ နောက်​တော်​သို့​လိုက်​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

9 ယေရှု​သည် ထို​အရပ်​မှ ကြွ​သောအခါ မဿဲ​အမည်​ရှိသောသူ​တစ်ဦး​သည် အကောက်ခွန်ရုံး​တွင် ထိုင်နေသည်​ကို တွေ့မြင်တော်မူ​၍ “ငါ့​နောက်သို့ လိုက်​၍ ငါ့​တပည့်​အဖြစ်​ခံယူလော့” ဟု မိန့်တော်မူ၏။ သူ​သည် ထ​၍ ယေရှု​နောက်တော်​သို့ လိုက်လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 9:9
16 ပူးပေါင်းရင်းမြစ်များ  

ဇေ​ဗေ​ဒဲ၏​သား​ယာ​ကုပ်​နှင့် သူ့​ညီ​ယော​ဟန်၊ ဖိ​လိ​ပ္ပု​နှင့် ဗာ​သော​လ​မဲ၊ သော​မ​နှင့် အ​ခွန်​ခံ​မဿဲ၊ အာ​လ​ဖဲ၏​သား​ယာ​ကုပ်​နှင့် သ​ဒ္ဒဲ​ဟု အ​မည်​သစ်​ကို​ရ​သော လေ​ဗဲ၊-


သင်​တို့​လည်း ငါ့​စ​ပျစ်​ဥ​ယျာဉ်​သို့ သွား​ကြ။ တော်​လျော်​စွာ ငါ​ပေး​မည်​ဟု​ဆို​လျှင် ထို​သူ​တို့​သည် သွား​ကြ၏။-


ယေ​ရှု​က​လည်း၊ ငါ့​နောက်​သို့​လိုက်​လော့။ လူ​သေ​တို့​သည် မိ​မိ​လူ​သေ​တို့​ကို သင်္ဂြိုဟ်​ပါ​လေ​စေ​ဟု မိန့်​တော်​မူ၏။-


ထို​နောက်​မှ အိမ်​တွင် စား​ပွဲ၌ လျောင်း​တော်​မူ​စဉ်၊ အ​ခွန်​ခံ​သော​သူ​များ​နှင့် ဆိုး​သော​သူ​များ​တို့​သည် လာ၍ ကိုယ်​တော်​မှ​စ​သော တ​ပည့်​တော်​တို့​နှင့်​တ​ကွ စား​ပွဲ၌​လျောင်း​ကြ၏။-


အ​န္ဒြေ၊ ဖိ​လိ​ပ္ပု၊ ဗာ​သော​လ​မဲ၊ မဿဲ၊ သော​မ၊ အာ​လ​ဖဲ၏​သား​ယာ​ကုပ်၊ သ​ဒ္ဒဲ၊ ကာ​န​နိတ်​လူ​ရှိ​မုန်၊-


မဿဲ​နှင့် သော​မ၊ အာ​လ​ဖဲ၏​သား​ယာ​ကုပ်​နှင့် ဇေ​လုပ်​ဟု​ခေါ်​ဝေါ်​သော ရှိ​မုန်၊-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ