Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 9:10 - မြန်မာ

10 ထို​နောက်​မှ အိမ်​တွင် စား​ပွဲ၌ လျောင်း​တော်​မူ​စဉ်၊ အ​ခွန်​ခံ​သော​သူ​များ​နှင့် ဆိုး​သော​သူ​များ​တို့​သည် လာ၍ ကိုယ်​တော်​မှ​စ​သော တ​ပည့်​တော်​တို့​နှင့်​တ​ကွ စား​ပွဲ၌​လျောင်း​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

10 သ​ခင်​ယေ​ရှု​သည်​မ​ဿဲ​၏​အိမ်​တွင်​ည​စာ​စား လျက်​နေ​တော်​မူ​သော​အ​ခါ အ​ခွန်​ခံ​သူ​များ နှင့်​အ​ခြား​အ​ပယ်​ခံ​သူ​များ​သည်​လည်း​ပါ ဝင်​စား​သောက်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

10 ယေ ရှု သည် သူ့ အိမ် တွင် တ ပည့် တော် တို့ နှင့် တ ကွ စား တော် ခေါ် စဉ် အ ခွန် ကောက် နှင့် အ ပြစ် သား အ များ လည်း အ တူ ဝင်၍ စား ပွဲ ထိုင် ကြ သည် ကို ဖာ ရိ ရှဲ တို့ မြင် ကြ သော်

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

10 ထို​နောက်​မှ အိမ်​တွင် စား​ပွဲ၌ လျောင်း​တော်​မူ​စဉ်၊ အ​ခွန်​ခံ​သော​သူ​များ​နှင့် ဆိုး​သော​သူ​များ​တို့​သည် လာ၍ ကိုယ်​တော်​မှ​စ​သော တ​ပည့်​တော်​တို့​နှင့်​တ​ကွ စား​ပွဲ၌​လျောင်း​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 ထို့နောက် ကိုယ်တော်​သည် အိမ်​ထဲတွင် စားပွဲ​၌​ထိုင်​တော်မူ​စဉ် များစွာ​သော​အခွန်​ကောက်ခံ​သူ​တို့​နှင့်​အပြစ်သား​တို့​သည် ရောက်လာ​၍ တပည့်​တော်​တို့​နှင့်တကွ ယေရှု​နှင့်အတူ စားသောက်ပွဲ​၌​ထိုင်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

10 ထို့နောက် ယေရှု​နှင့် တပည့်တော်တို့​သည် မဿဲ​၏​အိမ်​တွင် ညစာ​သုံးဆောင်ကြ၏။ ထို​နေရာ​၌ အခွန်ကောက်သူများ​နှင့် အပြစ်သားများ​လည်း ပါကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 9:10
7 ပူးပေါင်းရင်းမြစ်များ  

ဖာ​ရိ​ရှဲ​တို့​သည် မြင်​လျှင် တ​ပည့်​တော်​တို့​အား၊ သင်​တို့​ဆ​ရာ​သည် အ​ခွန်​ခံ​သော​သူ၊ ဆိုး​သော​သူ​တို့​နှင့် အ​တူ အ​ဘယ်​ကြောင့် စား​သ​နည်း​ဟု​ဆို​ကြ၏။-


ယေ​ရှု​သည် ထို​အ​ရပ်​မှ ကြွ​တော်​မူ​လျှင်၊ မဿဲ​အ​မည်​ရှိ​သော သူ​တစ်​ယောက်​သည် အ​ခွန်​ခံ​ရာ​တဲ၌ ထိုင်​နေ​သည်​ကို မြင်​သော်၊ ငါ့​နောက်​သို့​လိုက်​လော့​ဟု မိန့်​တော်​မူ၏။ ထို​သူ​သည်​လည်း ထ၍ နောက်​တော်​သို့ လိုက်​လေ၏။-


ဘု​ရား​သ​ခင်​သည် လူ​ဆိုး​တို့​စ​ကား​ကို နား​ထောင်​တော်​မ​မူ​သည်​ကို ငါ​တို့​သိ​ကြ၏။ ဘု​ရား​သ​ခင်​ကို ရို​သေ​လေး​မြတ်၍ အ​လို​တော်​ကို လိုက်​သော​သူ​ဖြစ်​လျှင် ထို​သူ၏​စ​ကား​ကို နား​ထောင်​တော်​မူ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ