ထိုအခါ ယေရှုက “အို အမျိုးသမီး… သင်သည် ယုံကြည်ခြင်းအားကြီးလှ၏။ သင့်ဆန္ဒရှိသည့်အတိုင်း ဖြစ်စေ” ဟု မိန့်တော်မူ၏။ ထိုအချိန်တွင်ပင် ထိုအမျိုးသမီး၏ သမီးသည် ကျန်းမာလာလေ၏။
မဿဲ 9:22 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုသည် လှည့်၍ ထိုအမျိုးသမီးကို မြင်တော်မူလျှင် “သမီး… မစိုးရိမ်နှင့်။ သင်၏ယုံကြည်ခြင်းသည် သင့်ကို ကျန်းမာစေပြီ” ဟု မိန့်တော်မူ၏။ ထိုအခါ ချက်ချင်းပင် ထိုအမျိုးသမီးသည် ရောဂါပျောက်ကင်းလေ၏။ Common Language Bible သခင်ယေရှုသည်လှည့်၍ကြည့်တော်မူလျှင် ထို အမျိုးသမီးကိုမြင်တော်မူသဖြင့် ``ငါ့သမီး၊ အားမငယ်နှင့်။ သင်၏ယုံကြည်ခြင်းသည်သင်၏ ရောဂါပျောက်စေပြီ'' ဟုမိန့်တော်မူ၏။ ထိုအချိန် ၌ပင်ထိုအမျိုးသမီး၏ရောဂါပျောက်လေ၏။ Garrad Bible ငါ့ သ မီး အား ယူ လော့။ သင်၏ ယုံ ကြည် ခြင်း သည် သင့် ကို ကျန်း မာ စေ ပြီ ဟု မိန့် တော် မူ သည့် အ တိုင်း ပင် ထို အ ချိန် နာ ရီ က စ၍ ကျန်း မာ လေ၏။ Judson Bible ယေရှုသည် လှည့်၍ ထိုမိန်းမကို မြင်တော်မူလျှင်၊ ငါ့သမီး၊ မစိုးရိမ်နှင့်။ သင်၏ယုံကြည်ခြင်းသည် သင့်အနာကို ငြိမ်းစေပြီဟု မိန့်တော်မူ၏။ ထိုခဏမှစ၍ ထိုမိန်းမသည် အနာကင်းပျောက်လေ၏။- မြန်မာ့စံမီသမ္မာကျမ်း ယေရှုသည် လှည့်ကြည့်၍ သူ့ကိုမြင်တော်မူလျှင်“သမီး၊ မစိုးရိမ်နှင့်။ သင်၏ယုံကြည်ခြင်းသည် သင့်ကိုကျန်းမာစေပြီ”ဟု မိန့်တော်မူ၏။ ထိုအချိန်မှစ၍ ထိုအမျိုးသမီးသည် ကျန်းမာလာလေ၏။ မြန်မာ ယေရှုသည် လှည့်၍ ထိုမိန်းမကို မြင်တော်မူလျှင်၊ ငါ့သမီး၊ မစိုးရိမ်နှင့်။ သင်၏ယုံကြည်ခြင်းသည် သင့်အနာကို ငြိမ်းစေပြီဟု မိန့်တော်မူ၏။ ထိုခဏမှစ၍ ထိုမိန်းမသည် အနာကင်းပျောက်လေ၏။- |
ထိုအခါ ယေရှုက “အို အမျိုးသမီး… သင်သည် ယုံကြည်ခြင်းအားကြီးလှ၏။ သင့်ဆန္ဒရှိသည့်အတိုင်း ဖြစ်စေ” ဟု မိန့်တော်မူ၏။ ထိုအချိန်တွင်ပင် ထိုအမျိုးသမီး၏ သမီးသည် ကျန်းမာလာလေ၏။
ထို့နောက် ယေရှုသည် နတ်ဆိုးကို ဆုံးမသဖြင့် နတ်ဆိုးသည် သူငယ်အထဲမှ ထွက်သွား၏။ ထိုခဏချင်းတွင် သူငယ်သည် ကျန်းမာလာ၏။
ထို့နောက် ယေရှုက ထိုရောမတပ်မှူးအား “အိမ်သို့ ပြန်လော့။ သင်၏ယုံကြည်ခြင်းအတိုင်း ဖြစ်ပြီ” ဟု မိန့်တော်၏။ ထိုသို့ မိန့်တော်မူသည့်အချိန်၌ပင် တပ်မှူး၏ အစေခံသည် ပြန်လည်ကျန်းမာလေ၏။
ထိုအခါ လူတချို့သည် လေဖြတ်သူတစ်ဦးကို ထမ်းစင်ပေါ်တင်၍ ယေရှုထံသို့ ခေါ်ဆောင်လာကြ၏။ ယေရှုသည် ထိုသူတို့၏ ယုံကြည်ခြင်းကို မြင်သောအခါ လေဖြတ်သူအား “ငါ့သား… မစိုးရိမ်နှင့်။ သင်၏အပြစ်များကို ခွင့်လွှတ်ပြီ” ဟု မိန့်တော်မူ၏။
ထို့နောက် သူတို့၏မျက်စိကို တို့ထိလျက် “သင်တို့၏ယုံကြည်မှုအတိုင်း ဖြစ်စေ” ဟု မိန့်တော်မူ၏။
ယေရှုက “သွားလော့။ သင်၏ ယုံကြည်ခြင်းသည် သင့်ကို မြင်စေပြီ” ဟု မိန့်တော်မူ၏။ ထိုသူသည် ချက်ချင်းမျက်စိပြန်မြင်သဖြင့် ယေရှုကြွတော်မူရာလမ်းတွင် နောက်တော်မှ လိုက်လေ၏။
ယေရှုက “သမီး… သင်၏ ယုံကြည်ခြင်းသည် သင့်ကို ကျန်းမာစေပြီ။ ငြိမ်းချမ်းစွာ သွားလော့။ သင်၏ရောဂါ ပျောက်ကင်းပြီ” ဟု မိန့်တော်မူ၏။
ထိုသူအား “ထ၍ သွားလော့။ သင်၏ယုံကြည်ခြင်းသည် သင့်ကို ကျန်းမာစေပြီ” ဟု မိန့်တော်မူ၏။
ယေရှုကလည်း “မျက်စိမြင်စေ။ သင်၏ယုံကြည်ခြင်းသည် သင့်မျက်စိကို မြင်စေပြီ” ဟု မိန့်တော်မူ၏။
သို့ရာတွင် ယေရှုက ထိုအမျိုးသမီးအား “သင်၏ယုံကြည်ခြင်းသည် သင့်အားကယ်တင်ပြီ။ ငြိမ်းချမ်းစွာသွားလော့” ဟု မိန့်တော်မူ၏။
ယေရှုကလည်း “သမီး… သင်၏ယုံကြည်ခြင်းသည် သင့်ကို ကျန်းမာစေပြီ။ ငြိမ်းချမ်းစွာ သွားလော့” ဟု မိန့်တော်မူ၏။
ထိုအခါ ဖခင်ဖြစ်သူက ထိုအချိန်မှာ “သင်၏သား ကျန်းမာပြီ” ဟု ယေရှုမိန့်တော်မူသောအချိန်ဖြစ်ကြောင်းကို သိလေ၏။ ထို့နောက် အမတ်ကိုယ်တိုင်မှစ၍ အိမ်သူအိမ်သား အားလုံးတို့သည် ယေရှုကို ယုံကြည်ကြကုန်၏။
ထိုသူသည် ထိုင်လျက် ပေါလုဟောပြောသည်ကို နားထောင်နေ၏။ ပေါလုသည် ထိုသူကို သေချာစွာ ကြည့်လျှင် သူ့ထံ၌ အကောင်းပကတိအတိုင်းဖြစ်ရန် ယုံကြည်ခြင်းရှိသည်ကို တွေ့မြင်သဖြင့်
ရက်ပေါင်းများစွာ ထိုကဲ့သို့အော်ဟစ်လျက်နေသဖြင့် ပေါလုသည် အလွန်စိတ်အနှောင့်အယှက်ဖြစ်လေ၏။ သို့ဖြစ်၍ နောက်သို့လှည့်ကာ “သူ့အထဲမှထွက်သွားလော့။ ယေရှုခရစ်တော်၏အမည်နာမအားဖြင့် သင့်အား ငါအမိန့်ပေးသည်” ဟု ဆိုသော် နတ်ဆိုးသည် ထိုအချိန်၌ပင် ထွက်သွား၏။
အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည် ထိုသူတို့နည်းတူ သတင်းကောင်းကို ကြားရသောကြောင့်ဖြစ်၏။ သူတို့မှာမူ ကြားရသော်လည်း မယုံကြည်သောကြောင့် သူတို့အတွက် အကျိုးမရှိ။