Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 15:28 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

28 ထိုအခါ ယေရှု​က “အို အမျိုးသမီး… သင်​သည် ယုံကြည်ခြင်း​အားကြီးလှ၏။ သင့်​ဆန္ဒ​ရှိသည့်​အတိုင်း ဖြစ်စေ” ဟု မိန့်တော်မူ၏။ ထို​အချိန်​တွင်ပင် ထို​အမျိုးသမီး​၏ သမီး​သည် ကျန်းမာလာလေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

28 ထို​အ​ခါ​သ​ခင်​ယေ​ရှု​က ``အ​ချင်း​အ​မျိုး​သ​မီး၊ သင်​၏​ယုံ​ကြည်​ခြင်း​သည်​အား​ကြီး​စွ​တ​ကား။ သင် ဆန္ဒ​ရှိ​သည်​အ​တိုင်း​ဖြစ်​စေ'' ဟု​မိန့်​တော်​မူ​၏။ ထို အ​ချိန်​မှ​စ​၍​ထို​အ​မျိုး​သ​မီး​၏​သ​မီး​သည် ရော​ဂါ​ပျောက်​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

28 ထို အ ခါ ယေ ရှု က အ ချင်း မိန်း မ၊ သင်၏ ယုံ ကြည် ခြင်း သည် အား ကြီး စွ တ ကား သင် အ လို ရှိ သည့် အ တိုင်း ဖြစ် စေ ဟု မိန့် တော် မူ သ ဖြင့် ထို အ ချိန် နာ ရီ က စ၍ သ မီး ကျန်း မာ လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

28 အို မိန်း​မ၊ သင်​သည် ယုံ​ကြည်​အား​ကြီး​လှ​ပြီ။ သင့်​အ​လို​ရှိ​သည်​အ​တိုင်း သင်၌​ဖြစ်​စေ​ဟု မိန့်​တော်​မူ၏။ ထို​အ​ချိန်​မှ​စ၍ ထို​မိန်း​မ၏​သ​မီး​သည် ကျန်း​မာ​ပ​က​တိ​ဖြစ်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

28 ထိုအခါ ယေရှု​က“အို အမျိုးသမီး၊ သင်​၏​ယုံကြည်​ခြင်း​သည် ကြီးမား​လှ​ပေ​၏။ သင်​အလို​ရှိ​သည့်​အတိုင်း သင်​၌​ဖြစ်​စေ”​ဟု မိန့်​တော်မူ​ရာ သူ​၏​သမီး​သည် ထို​အချိန်​နာရီ​မှစ၍ ကျန်းမာ​လာ​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

28 အို မိန်း​မ၊ သင်​သည် ယုံ​ကြည်​အား​ကြီး​လှ​ပြီ။ သင့်​အ​လို​ရှိ​သည်​အ​တိုင်း သင်၌​ဖြစ်​စေ​ဟု မိန့်​တော်​မူ၏။ ထို​အ​ချိန်​မှ​စ၍ ထို​မိန်း​မ၏​သ​မီး​သည် ကျန်း​မာ​ပ​က​တိ​ဖြစ်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 15:28
21 ပူးပေါင်းရင်းမြစ်များ  

ယေရှု​က ချက်ချင်း​ပင် လက်တော်​ကို​ဆန့်​၍ ပေတရု​အား ဖမ်းဆုပ်​လျက် “ယုံကြည်ခြင်း​အားနည်းသော​သူ… အဘယ်ကြောင့် သံသယစိတ်​ဝင်သနည်း” ဟု မိန့်တော်မူ၏။


အမျိုးသမီး​က “မှန်ပါသည် သခင်။ သို့သော်လည်း ခွေးများ​ပင်လျှင် သူတို့​သခင်​၏​စားပွဲ​မှ ကျသော​စားကြွင်းစားကျန်​ကို စားခွင့်​ရပါသည်” ဟု လျှောက်လေ၏။


ယေရှု​သည် ထို​တပ်မှူး​၏ စကား​ကို ကြား​သော် အံ့သြတော်မူ​လျက် နောက်တော်​သို့ လိုက်သောသူများ​ဘက်​သို့ လှည့်​၍ “သင်တို့​အား ငါ​အမှန်​ဆို၏။ ထို​ကဲ့သို့ ယုံကြည်ခြင်း​ရှိသော​သူ​တစ်ဦး​ကိုမျှ အစ္စရေးလူမျိုး​ထဲ၌ ငါ​မတွေ့ဖူးသေး။


ထို့နောက် ယေရှု​က ထို​ရောမ​တပ်မှူး​အား “အိမ်​သို့ ပြန်လော့။ သင်​၏​ယုံကြည်ခြင်း​အတိုင်း ဖြစ်ပြီ” ဟု မိန့်တော်၏။ ထိုသို့ မိန့်တော်မူသည့်​အချိန်​၌ပင် တပ်မှူး​၏ အစေခံ​သည် ပြန်လည်​ကျန်းမာလေ၏။


ယေရှု​သည် လှည့်​၍ ထို​အမျိုးသမီး​ကို မြင်တော်မူ​လျှင် “သမီး… မစိုးရိမ်နှင့်။ သင်​၏​ယုံကြည်ခြင်း​သည် သင့်​ကို ကျန်းမာစေပြီ” ဟု မိန့်တော်မူ၏။ ထိုအခါ ချက်ချင်း​ပင် ထို​အမျိုးသမီး​သည် ရောဂါပျောက်ကင်းလေ၏။


ယေရှု​က “သမီး… သင်​၏ ယုံကြည်ခြင်း​သည် သင့်​ကို ကျန်းမာစေပြီ။ ငြိမ်းချမ်း​စွာ သွားလော့။ သင်​၏​ရောဂါ ပျောက်ကင်းပြီ” ဟု မိန့်တော်မူ၏။


တမန်တော်တို့​က သခင်ဘုရား​အား “အကျွန်ုပ်တို့​၏​ယုံကြည်ခြင်း​ကို တိုးပွားစေတော်မူပါ” ဟု တောင်းလျှောက်ကြ၏။


သို့ရာတွင် ယေရှု​က ထို​အမျိုးသမီး​အား “သင်​၏​ယုံကြည်ခြင်း​သည် သင့်​အား​ကယ်တင်ပြီ။ ငြိမ်းချမ်း​စွာ​သွားလော့” ဟု မိန့်တော်မူ၏။


ယေရှု​သည် ထို​တပ်မှူး​၏​စကား​ကို ကြား​သော် အံ့သြတော်မူ​လျက် နောက်တော်​သို့​လိုက်သောသူများ​ဘက်​သို့ လှည့်​၍ “သင်တို့​အား ငါ​ပြောဆိုသည်​မှာ ဤကဲ့သို့သော ယုံကြည်ခြင်း​ကို အစ္စရေးလူမျိုး​ထဲ၌​ပင် ငါ​မတွေ့ဖူးသေး” ဟူ၍ မိန့်တော်မူ၏။


ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်တို့​သည် ပြုသင့်သည့်​အတိုင်း သင်တို့​အတွက် ဘုရားသခင်​ကို အစဉ်​ကျေးဇူးတင်ကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့​၏​ယုံကြည်ခြင်း​သည် အလွန်​တိုးပွား​ကာ အချင်းချင်း​အပေါ် ထားသော ချစ်ခြင်းမေတ္တာ​သည်လည်း ပွားများလာ​သောကြောင့် ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ