ငါ၏ နောက်လိုက်များဖြစ်သောကြောင့် သင်တို့ကို အစိုးရအာဏာပိုင်များနှင့် ရှင်ဘုရင်များရှေ့သို့ ခေါ်ဆောင်သွားကြလိမ့်မည်။ သို့သော် ဤအရာသည် ထိုသူတို့နှင့် လူမျိုးခြားတို့ထံ ငါ့အကြောင်းသက်သေခံရသောအခွင့်ကို ဖြစ်စေလိမ့်မည်။
မဿဲ 8:4 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ယေရှုက ထိုသူအား “ဤအကြောင်းကို မည်သူ့ကိုမျှ မပြောနှင့်။ ယဇ်ပုရောဟိတ်ထံသို့ သွား၍ သူ့အားကြည့်ရှုစစ်ဆေးစေလော့။ သင့်ရောဂါပျောက်ကင်းကြောင်း လူတို့ရှေ့၌ သက်သေပြရန် မောရှေ၏ပညတ်ကျမ်းအတိုင်း ပူဇော်စရာများကို ဆက်သလော့” ဟု မိန့်တော်မူ၏။ Common Language Bible သခင်ယေရှုက ``ဤအကြောင်းကိုမည်သူ့အားမျှ မပြောမိစေရန်သတိပြုလော့။ ယဇ်ပုရောဟိတ်ထံ ကိုသွား၍သင်၏ကိုယ်ကိုပြလော့။ ထိုနောက်လူတို့ ရှေ့တွင်သက်သေခံအထောက်အထားဖြစ်စေရန် မောရှေမိန့်မှာခဲ့သည့်ပူဇော်သကာကိုဆက်သလော့'' ဟုမိန့်တော်မူ၏။ Garrad Bible ယေ ရှု က လည်း မည် သူ့ ကို မျှ မ ကြား မ ပြော မိ စေ ရန် သ တိ ပြု လော့။ ပ ရော ဟိတ် ထံ သွား၍ ကိုယ် ကို ပြ ပြီး လျှင် မော ရှေ စီ ရင် ခဲ့ သော အ လှူ ကို သက် သေ အ ဖြစ် ဆက် ကပ် လော့ ဟု မိန့် တော် မူ၏။ Judson Bible ယေရှုကလည်း သင်သတိပြု။ ဤအကြောင်းကို အဘယ်သူအားမျှ မပြောနှင့်။ ယဇ်ပုရောဟိတ်ထံသို့ သွား၍ ကိုယ်ကိုပြလော့။ သူတစ်ပါး၌ သက်သေဖြစ်စေခြင်းငှာ မောရှေစီရင်မှာထားသော ပူဇော်သကာကို ဆက်လော့ဟု မိန့်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ယေရှုက“မည်သူ့ကိုမျှမပြောရန် သတိပြုလော့။ ယဇ်ပုရောဟိတ်ထံသို့သာသွား၍ သင့်ကိုယ်သင်ပြပြီးလျှင် လူတို့ရှေ့၌သက်သေဖြစ်စေရန် မောရှေပညတ်ခဲ့သည့်အတိုင်း ပူဇော်သက္ကာကို ဆက်သလော့”ဟု ထိုသူအား မိန့်တော်မူ၏။ မြန်မာ ယေရှုကလည်း သင်သတိပြု။ ဤအကြောင်းကို အဘယ်သူအားမျှ မပြောနှင့်။ ယဇ်ပုရောဟိတ်ထံသို့ သွား၍ ကိုယ်ကိုပြလော့။ သူတစ်ပါး၌ သက်သေဖြစ်စေခြင်းငှာ မောရှေစီရင်မှာထားသော ပူဇော်သကာကို ဆက်လော့ဟု မိန့်တော်မူ၏။- |
ငါ၏ နောက်လိုက်များဖြစ်သောကြောင့် သင်တို့ကို အစိုးရအာဏာပိုင်များနှင့် ရှင်ဘုရင်များရှေ့သို့ ခေါ်ဆောင်သွားကြလိမ့်မည်။ သို့သော် ဤအရာသည် ထိုသူတို့နှင့် လူမျိုးခြားတို့ထံ ငါ့အကြောင်းသက်သေခံရသောအခွင့်ကို ဖြစ်စေလိမ့်မည်။
ထို့နောက် ယေရှုက မိမိသည် ခရစ်တော်ဖြစ်ကြောင်း မည်သူ့ကိုမျှ မပြောရန် တပည့်တော်တို့အား တင်းကျပ်စွာ မှာကြားတော်မူ၏။
တောင်ပေါ်မှ ဆင်းလာကြစဉ် ယေရှုက “လူသားသည် သေခြင်းမှ မထမြောက်မီအထိ သင်တို့မြင်တွေ့ခဲ့ရသော ရူပါရုံကို မည်သူ့ကိုမျှ မပြောကြနှင့်” ဟု သူတို့အား မှာကြားတော်မူ၏။
ယေရှုက “ဘုရားသခင်အလိုတော်ရှိသော အရာအားလုံးကို လုပ်ဆောင်ကြရမည်ဖြစ်သောကြောင့် ယခု ငါ့ကို နှစ်ခြင်းမင်္ဂလာ ပေးလော့” ဟု မိန့်တော်မူ၏။ ထိုအခါ ယောဟန်သည် ယေရှုအား နှစ်ခြင်းမင်္ဂလာပေးရန် သဘောတူလေ၏။
ပညတ်ကျမ်းနှင့် ပရောဖက်ကျမ်းများကို ပယ်ဖျက်ရန် ငါလာသည်ဟု မထင်ကြနှင့်။ ပယ်ဖျက်ရန် လာသည်မဟုတ်။ ထိုကျမ်းများတွင် ဖော်ပြထားသည့်အတိုင်း ဖြစ်လာစေရန် ငါလာ၏။
သင်တို့၏ ကောင်းသောအကျင့်ကို လူမြင်သာအောင် အများရှေ့တွင် မကျင့်မိရန် သတိပြုကြလော့။ လူမြင်သာအောင် ပြုလျှင် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဖထံမှ ဆုလာဘ်ကို ရရှိမည်မဟုတ်။
ထိုအခါ သူတို့သည် မျက်စိမြင်လာကြ၏။ ယေရှုက “ဤအကြောင်းကို မည်သူ့ကိုမျှ မသိစေနှင့်” ဟု တင်းကျပ်စွာ သတိပေးတော်မူ၏။
ဤအရာများစတင် ဖြစ်ပွားလျှင် သတိရှိကြလော့။ လူတို့သည် သင်တို့ကို တရားရုံးများသို့ အပ်ကြလိမ့်မည်။ ဂျူးဝတ်ပြုဆောင်များတွင်လည်း ရိုက်နှက်ကြလိမ့်မည်။ ငါ၏နောက်လိုက်များဖြစ်သောကြောင့် သင်တို့ကို ရှင်ဘုရင်များနှင့် အစိုးရအာဏာပိုင်များရှေ့သို့ ခေါ်ဆောင်သွားကြလိမ့်မည်။ ဤအရာသည် သင်တို့ကို ငါ့အကြောင်းသက်သေခံရသောအခွင့် ဖြစ်စေလိမ့်မည်။
သို့သော်လည်း ကိုယ်တော်က မိမိမည်သူဖြစ်ကြောင်း မဖော်ပြရန် ထိုနတ်ဆိုးတို့အား တင်းကျပ်စွာ သတိပေးတော်မူ၏။
ထိုအဖြစ်အပျက်ကို မည်သူ့ကိုမျှ မပြောရန် ယေရှုသည် သူတို့အား တင်းကျပ်စွာ သတိပေးတော်မူပြီးနောက် ထိုမိန်းကလေးကို စားစရာကျွေးရန် မိန့်တော်မူ၏။
သို့သော်လည်း မည်သည့်အရပ်၌မဆို သင်တို့ကို မကြိုဆို၊ သင်တို့ဟောသည့်တရားကိုလည်း မနာယူလျှင် ထိုအရပ်မှ ထွက်ခွာသောအခါ သူတို့တစ်ဖက်၌ ဆန့်ကျင်သည့် သက်သေအဖြစ် သင်တို့၏ခြေဖဝါးမှ ဖုန်မှုန့်ကို ခါချလော့” ဟု မိန့်တော်မူ၏။
ထိုအကြောင်းကို မည်သူ့ကိုမျှ မပြောရန် ကိုယ်တော်သည် လူတို့ကို မှာကြားတော်မူ၏။ သို့သော်လည်း ထိုသို့ မှာကြားတော်မူလေ၊ သူတို့သည် သတင်းတော်ကို ပြောကြလေဖြစ်၏။
ထိုအခါ ယေရှုက မိမိအကြောင်းကို မည်သူ့ကိုမျှ မပြောရန် တပည့်တော်တို့အား သတိပေးတော်မူ၏။
တောင်ပေါ်မှ ဆင်းလာကြစဉ် ယေရှုက “လူသားသည် သေခြင်းမှ မထမြောက်မီအထိ ယခု သင်တို့မြင်တွေ့ခဲ့ရသော အရာကို မည်သူ့ကိုမျှ မပြောကြနှင့်” ဟု မှာကြားတော်မူ၏။
ယေရှုသည် သူတို့ကိုမြင်သောအခါ “ယဇ်ပုရောဟိတ်များထံသို့ သွား၍ မိမိကိုယ်ကို ပြကြလော့” ဟု မိန့်တော်မူ၏။ သူတို့သည် သွားကြစဉ် သန့်ရှင်းစင်ကြယ်ကြကုန်၏။
နတ်ဆိုးတို့ကလည်း “အရှင်သည် ဘုရားသခင်၏သားတော် ဖြစ်ပါသည်” ဟု အော်ဟစ်လျက် လူများစွာထံမှ ထွက်သွားကြ၏။ ယေရှုသည် ခရစ်တော်ဖြစ်ကြောင်းကို ထိုနတ်ဆိုးတို့သိမြင်ကြသဖြင့် ယေရှုသည် သူတို့ကိုဆုံးမ၍ စကားပြောခွင့် ပေးတော်မမူပေ။
ထို့နောက် ဤအကြောင်းကို မည်သူ့ကိုမျှ မပြောရန် ထိုသူအား တားမြစ်တော်မူလျက် “ယဇ်ပုရောဟိတ်ထံသို့ သွား၍ ကြည့်ရှုစစ်ဆေးစေလော့။ သင့်ရောဂါ ပျောက်ကင်းစင်ကြယ်ကြောင်း လူတို့ရှေ့၌ သက်သေပြရန် မောရှေ၏ပညတ်ကျမ်းအတိုင်း ပူဇော်စရာများကို ဆက်သလော့” ဟု မိန့်တော်မူ၏။
ထိုမိန်းကလေး၏မိဘများသည် အလွန်အံ့အားသင့်လျက် နေ၏။ သို့သော် ကိုယ်တော်သည် ဤအဖြစ်အပျက်အား မည်သူ့ကိုမျှ ပြန်မပြောရန် သတိပေးတော်မူ၏။
ယေရှုသည် ဤအကြောင်းကို မည်သူ့ကိုမျှ မပြောရန် တပည့်တော်တို့အား တင်းကျပ်စွာ သတိပေးတော်မူလျက်
မိမိခံယူချက်အတိုင်း ဟောပြောသောသူသည် မိမိဘုန်းအသရေကို ရှာတတ်၏။ သို့သော် မိမိကို စေလွှတ်တော်မူသောအရှင်၏ ဘုန်းအသရေကို ရှာသောသူသည် ဖြောင့်မှန်သောသူဖြစ်ပြီး မလိမ်ညာတတ်။
ငါသည် ကိုယ့်ဘုန်းအသရေကို မရှာ။ သို့သော်လည်း ဘုရားသခင်သည် ငါ့အတွက် ဘုန်းအသရေကိုရှာတော်မူ၏။ ဘုရားသခင်သည် စစ်မှန်သောတရားစီရင်သူဖြစ်တော်မူ၏။