Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 8:4 - မြန်မာ

4 ယေ​ရှု​က​လည်း သင်​သ​တိ​ပြု။ ဤ​အ​ကြောင်း​ကို အ​ဘယ်​သူ​အား​မျှ မ​ပြော​နှင့်။ ယဇ်​ပု​ရော​ဟိတ်​ထံ​သို့ သွား၍ ကိုယ်​ကို​ပြ​လော့။ သူ​တစ်​ပါး၌ သက်​သေ​ဖြစ်​စေ​ခြင်း​ငှာ မော​ရှေ​စီ​ရင်​မှာ​ထား​သော ပူ​ဇော်​သ​ကာ​ကို ဆက်​လော့​ဟု မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

4 သ​ခင်​ယေ​ရှု​က ``ဤ​အ​ကြောင်း​ကို​မည်​သူ့​အား​မျှ မ​ပြော​မိ​စေ​ရန်​သတိ​ပြု​လော့။ ယဇ်​ပု​ရော​ဟိတ်​ထံ ကို​သွား​၍​သင်​၏​ကိုယ်​ကို​ပြ​လော့။ ထို​နောက်​လူ​တို့ ရှေ့​တွင်​သက်​သေ​ခံ​အ​ထောက်​အ​ထား​ဖြစ်​စေ​ရန် မော​ရှေ​မိန့်​မှာ​ခဲ့​သည့်​ပူ​ဇော်​သကာ​ကို​ဆက်​သ​လော့'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

4 ယေ ရှု က လည်း မည် သူ့ ကို မျှ မ ကြား မ ပြော မိ စေ ရန် သ တိ ပြု လော့။ ပ ရော ဟိတ် ထံ သွား၍ ကိုယ် ကို ပြ ပြီး လျှင် မော ရှေ စီ ရင် ခဲ့ သော အ လှူ ကို သက် သေ အ ဖြစ် ဆက် ကပ် လော့ ဟု မိန့် တော် မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

4 ယေ​ရှု​က​လည်း သင်​သ​တိ​ပြု။ ဤ​အ​ကြောင်း​ကို အ​ဘယ်​သူ​အား​မျှ မ​ပြော​နှင့်။ ယဇ်​ပု​ရော​ဟိတ်​ထံ​သို့ သွား၍ ကိုယ်​ကို​ပြ​လော့။ သူ​တစ်​ပါး၌ သက်​သေ​ဖြစ်​စေ​ခြင်း​ငှာ မော​ရှေ​စီ​ရင်​မှာ​ထား​သော ပူ​ဇော်​သ​ကာ​ကို ဆက်​လော့​ဟု မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 ထိုအခါ ယေရှု​က“မည်သူ့​ကို​မျှ​မ​ပြော​ရန် သတိပြု​လော့။ ယဇ်ပုရောဟိတ်​ထံသို့​သာ​သွား​၍ သင့်ကိုယ်သင်​ပြ​ပြီးလျှင် လူ​တို့​ရှေ့၌​သက်သေ​ဖြစ်​စေရန် မောရှေ​ပညတ်​ခဲ့​သည့်​အတိုင်း ပူဇော်သက္ကာ​ကို ဆက်သ​လော့”​ဟု ထို​သူ​အား မိန့်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

4 ထို့နောက် ယေရှု​က ထို​သူ​အား “ဤ​အကြောင်း​ကို မည်သူ့​ကို​မျှ မပြောနှင့်။ ယဇ်ပုရောဟိတ်​ထံသို့ သွား​၍ သူ့​အား​ကြည့်ရှုစစ်ဆေးစေလော့။ သင့်​ရောဂါ​ပျောက်ကင်းကြောင်း လူတို့​ရှေ့​၌ သက်သေပြ​ရန် မောရှေ​၏​ပညတ်ကျမ်း​အတိုင်း ပူဇော်စရာများ​ကို ဆက်သလော့” ဟု မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 8:4
31 ပူးပေါင်းရင်းမြစ်များ  

ထို​သူ​တို့​မှ​စ၍ တစ်​ပါး​အ​မျိုး​သား​တို့​အား သက်​သေ​ဖြစ်​စေ​ခြင်း​ငှာ၊ မြို့​ဝန်​မင်း၊ ရှင်​ဘု​ရင်​ထံ​သို့ ငါ့​ကြောင့် သင်​တို့​ကို ပို့​ဆောင်​ကြ​လိမ့်​မည်။-


ကိုယ်​တော်​သည် ခ​ရစ်​တော်​ဖြစ်​ကြောင်း​ကို အ​ဘယ်​သူ​အား​မျှ မ​ပြော​စိမ့်​သော​ငှာ တ​ပည့်​တော်​တို့​ကို ပ​ညတ်​တော်​မူ၏။


တောင်​ပေါ်​မှ ဆင်း​ကြ​သော​အ​ခါ ယေ​ရှု​က၊ လူ​သား​သည် သေ​ခြင်း​မှ မ​ထ​မြောက်​မီ​တိုင်​အောင်၊ သင်​တို့ ယ​ခု​မြင်​သော ရူ​ပါ​ရုံ​ကို အ​ဘယ်​သူ​အား​မျှ မ​ပြော​ကြ​နှင့်​ဟု တ​ပည့်​တော်​တို့​ကို ပ​ညတ်​တော်​မူ၏။-


ယေ​ရှု​က​လည်း အ​လုံး​စုံ​သော​တ​ရား​တို့​ကို အ​ကုန်​အ​စင် ကျင့်​သင့်​သည်​ဖြစ်၍ ယ​ခု​အ​ခွင့်​ပေး​ပါ​ဟု ပြန်​ပြော​တော်​မူ၏။ ထို​အ​ခါ ယော​ဟန်​သည် ဝန်​ခံ​လေ၏။


ပ​ည​တ္တိ​ကျမ်း၊ အ​နာ​ဂ​တ္တိ​ကျမ်း​များ​ကို ဖျက်​ပယ်​ခြင်း​ငှာ ငါ​လာ​သည်​ဟု မ​ထင်​ကြ​နှင့်။ ဖျက်​ပယ်​ခြင်း​ငှာ ငါ​လာ​သည်​မ​ဟုတ်။ ပြည့်​စုံ​စေ​ခြင်း​ငှာ ငါ​လာ​သ​တည်း။-


လူ​များ​တို့ မြင်​စေ​ခြင်း​ငှာ ကိုယ်​သီ​လ​အ​ကျင့်​ကို သူ့​ရှေ့​မှောက်၌ မ​ကျင့်​မည်​အ​ကြောင်း သ​တိ​ပြု​ကြ​လော့။ သို့​မ​ဟုတ် ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော သင်​တို့​အ​ဘ​ထံ​မှ အ​ကျိုး​ကို​မ​ခံ​မ​ရ​ကြ။-


သူ​တို့​သည် မျက်​စိ​ပွင့်​လင်း​လေ၏။ ယေ​ရှု​က​လည်း၊ အ​ဘယ်​သူ​မျှ မ​သိ​စေ​ခြင်း​ငှာ သ​တိ​ပြု​ကြ​လော့​ဟု မြစ်​တား​တော်​မူ၏။-


သင်​တို့​သည် ကိုယ်​ကို​ကိုယ် သ​တိ​ပြု​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ သင်​တို့​ကို လွှတ်​ရုံး​သို့ အပ်​နှံ​ကြ​လိမ့်​မည်။ တ​ရား​ဇ​ရပ်​တို့၌ ရိုက်​ကြ​လိမ့်​မည်။ ထို​သူ​တို့​အား သက်​သေ​ဖြစ်​မည်​အ​ကြောင်း၊ သင်​တို့​သည် ဝန်​မင်း၊ ရှင်​ဘု​ရင်​ထံ​သို့ ငါ့​ကြောင့် ရောက်​ကြ​လိမ့်​မည်။-


သ​တင်း​တော်​ကို မ​ပွင့်​စေ​မည်​အ​ကြောင်း သူ​တို့​အား ကြပ်​တည်း​စွာ ပ​ညတ်​တော်​မူ၏။


ထို​အ​မှု​အ​ရာ​ကို အ​ဘယ်​သူ​မျှ မ​သိ​စေ​မည်​အ​ကြောင်း၊ ထို​သူ​တို့​ကို ကျပ်​တည်း​စွာ ပ​ညတ်​တော်​မူ၍၊ သူ့​အား စား​စ​ရာ​ပေး​လော့​ဟု မိန့်​တော်​မူ၏။


အ​ကြင်​သူ​တို့​သည် သင်​တို့​ကို လက်​မ​ခံ၊ သင်​တို့၏ စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ၏။ ထို​သူ​တို့​နေ​ရာ အ​ရပ်​မှ ထွက်​သွား​စဉ်၊ သူ​တို့​တစ်​ဖက်၌ သက်​သေ​ဖြစ်​စေ​ခြင်း​ငှာ သင်​တို့၏​ခြေ​ဖ​ဝါး​မှ မြေ​မှုန့်​ကို ခါ​လိုက်​ကြ​လော့။ ငါ​အ​မှန်​ဆို​သည်​ကား၊ တ​ရား​ဆုံး​ဖြတ်​သော​နေ့၌ ထို​မြို့​သည် သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​ထက် သာ၍ ခံ​ရ​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။-


ထို​အ​ကြောင်း​ကို အ​ဘယ်​သူ​အား​မျှ မ​ပြော​စေ​ခြင်း​ငှာ သူ​တို့​ကို ပ​ညတ်​တော်​မူ၏။ ပ​ညတ်​တော်​မူ​သော်​လည်း သူ​တို့​သည် သာ၍ အ​လွန်​သ​တင်း ကြား​ပြော​ကြ၏။-


ကိုယ်​တော်၏​အ​ကြောင်း​ကို အ​ဘယ်​သူ​အား​မျှ မ​ပြော​စိမ့်​သော​ငှာ တ​ပည့်​တော်​တို့​ကို ပ​ညတ်​တော်​မူ၏။


တောင်​ပေါ်​မှ ဆင်း​ကြ​သော​အ​ခါ ကိုယ်​တော်​က၊ လူ​သား​သည် သေ​ခြင်း​မှ မ​ထ​မြောက်​မီ​တိုင်​အောင် သင်​တို့ ယ​ခု​မြင်​သော​အ​ရာ​ကို အ​ဘယ်​သူ​အား​မျှ မ​ကြား​မ​ပြော​ကြ​နှင့်​ဟု တ​ပည့်​တော်​တို့​ကို ပ​ညတ်​တော်​မူ၏။-


ယေ​ရှု​သည် မြင်​တော်​မူ​လျှင်၊ သင်​တို့​သည် ယဇ်​ပု​ရော​ဟိတ်​ထံ​သို့​သွား၍ ကိုယ်​ကို​ပြ​ကြ​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ သူ​တို့​သည် သွား​စဉ်​တွင် သန့်​ရှင်း​ခြင်း​သို့ ရောက်​ကြ၏။-


ထို​သို့​သော​အား​ဖြင့် သင်​တို့​သည် သက်​သေ​ခံ​ရ​သော​အ​ခွင့် ရှိ​ကြ​လိမ့်​မည်။-


နတ်​ဆိုး​တို့​လည်း၊ ကိုယ်​တော်​သည် ခ​ရစ်​တော်​တည်း​ဟူ​သော ဘု​ရား​သ​ခင်၏​သား​တော် ဖြစ်​တော်​မူ၏​ဟု ဟစ်​ကြော်​လျက် လူ​များ​မှ ထွက်​သွား​ကြ၏။ ကိုယ်​တော်​သည် ခ​ရစ်​တော်​ဖြစ်​ကြောင်း​ကို သူ​တို့​သိ​ကြ​သော​ကြောင့် စ​ကား​တစ်​ခွန်း​ကို​မျှ မ​ပြော​စေ​ခြင်း​ငှာ မြစ်​တား​တော်​မူ၏။


ယေ​ရှု​က​လည်း၊ ဤ​အ​ကြောင်း​ကို အ​ဘယ်​သူ​အား​မျှ မ​ပြော​နှင့်။ ယဇ်​ပု​ရော​ဟိတ်​ထံ​သို့​သွား၍ ကိုယ်​ကို​ပြ​လော့။ သူ​တစ်​ပါး၌ သက်​သေ​ဖြစ်​စေ​ခြင်း​ငှာ သန့်​ရှင်း​ခြင်း​သို့ ရောက်​သည်​အ​တွက် မော​ရှေ​စီ​ရင်​မှာ​ထား​သော ပူ​ဇော်​သ​ကာ​ကို ဆက်​လော့​ဟု မိန့်​တော်​မူ၏။-


သူ့​အား​စား​စ​ရာ​ပေး​လော့​ဟု မိန့်​တော်​မူ၏။ မိ​ဘ​တို့​သည် မိန်း​မော​တွေ​ဝေ​ခြင်း​သို့ ရောက်​ကြ၏။ ထို​အ​မှု​အ​ရာ​ကို အ​ဘယ်​သူ​အား​မျှ မ​ပြော​ရ​မည်​အ​ကြောင်း ပ​ညတ်​တော်​မူ၏။


ထို​အ​ကြောင်း​ကို အ​ဘယ်​သူ​အား​မျှ မ​ပြော​စိမ့်​သော​ငှာ တ​ပည့်​တော်​တို့​ကို ကြပ်​တည်း​စွာ ပ​ညတ်​တော်​မူ၏။-


လူ​ပေး​သော​ဘုန်း​အ​သ​ရေ​ကို ငါ​မ​ခံ။-


ကိုယ်​အ​လို​အ​လျောက် ဟော​ပြော​သော​သူ​သည် မိ​မိ​ဘုန်း​အ​သ​ရေ​ကို ရှာ​တတ်၏။ မိ​မိ​ကို​စေ​လွှတ်​တော်​မူ​သော​သူ၏ ဘုန်း​အ​သ​ရေ​ကို ရှာ​သော​သူ​မူ​ကား၊ ယုံ​လောက်​သော​သူ​ဖြစ်၏။ ထို​သူ၌ မု​သား​မ​ရှိ။-


ငါ​သည် ကိုယ်​ဘုန်း​အ​သ​ရေ​ကို​မ​ရှာ။ ငါ၏​ဘုန်း​အ​သ​ရေ​ကို​ရှာ၍ စီ​ရင်​တော်​မူ​သော​သူ ရှိ​သေး၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ