Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 8:3 - မြန်မာ

3 ယေ​ရှု​က​လည်း ငါ​အ​လို​ရှိ၏။ သန့်​ရှင်း​ခြင်း​သို့ ရောက်​စေ​ဟု မိန့်​တော်​မူ​လျက် လက်​တော်​ကို​ဆန့်၍ ထို​သူ​ကို တို့​တော်​မူ၏။ ထို​ခ​ဏ​ချင်း​တွင် နူ​နာ​ပျောက်၍ သန့်​ရှင်း​ခြင်း​သို့​ရောက်​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

3 သ​ခင်​ယေ​ရှု​သည်​လက်​တော်​ကို​ဆန့်​၍ ``ငါ​အ​လို ရှိ​၏။ သန့်​စင်​စေ'' ဟု​မိန့်​တော်​မူ​ပြီး​လျှင်​ထို​သူ ကို​တို့​တော်​မူ​၏။ ချက်​ချင်း​ထို​သူ​သည်​အ​ရေ ပြား​ရော​ဂါ​မှ​သန့်​စင်​၍​သွား​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

3 ကိုယ် တော် သည် လက် ဆန့်၍ တို့ တော် မူ လျက် ငါ အ လို ရှိ၏။ သန့် စေ ဟု မိန့် တော် မူ လျှင် မူ ချင်း နူ နာ သန့် ရာ ရောက် လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

3 ယေ​ရှု​က​လည်း ငါ​အ​လို​ရှိ၏။ သန့်​ရှင်း​ခြင်း​သို့ ရောက်​စေ​ဟု မိန့်​တော်​မူ​လျက် လက်​တော်​ကို​ဆန့်၍ ထို​သူ​ကို တို့​တော်​မူ၏။ ထို​ခ​ဏ​ချင်း​တွင် နူ​နာ​ပျောက်၍ သန့်​ရှင်း​ခြင်း​သို့​ရောက်​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 ကိုယ်တော်​သည် လက်​တော်​ကို​ဆန့်​၍ ထို​သူ​ကို​တို့ထိ​ကာ“ငါ​အလိုရှိ​၏။ စင်ကြယ်​ခြင်း​သို့​ရောက်​စေ”​ဟု မိန့်​တော်မူ​၏။ ထို​ခဏချင်း​တွင် သူ​သည် အနာကြီး​ရောဂါ​ပျောက်ကင်း​၍ စင်ကြယ်​ခြင်း​သို့​ရောက်​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

3 ယေရှု​သည်လည်း လက်တော်​ကို ဆန့်​၍ ထို​သူ​ကို တို့ထိတော်မူ​ပြီးလျှင် “ငါ​အလိုရှိ၏။ စင်ကြယ်စေ” ဟု မိန့်တော်မူ၏။ ထို​ခဏ​အတွင်း​၌ ထို​သူ​၏​ရောဂါ​သည်လည်း ပျောက်ကင်းလေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 8:3
19 ပူးပေါင်းရင်းမြစ်များ  

ထို​သူ​အား၊ သင်၏​လက်​ကို ဆန့်​လော့​ဟု မိန့်​တော်​မူ၍၊ သူ​သည် မိ​မိ​လက်​ကို​ဆန့်​လျှင် ထို​လက်​သည် လက်​တစ်​ဖက်​ကဲ့​သို့ ပ​က​တိ​ဖြစ်​လေ၏။-


ယေ​ရှု​သည် သ​နား​သော​စိတ်​ရှိ​သ​ဖြင့် လက်​တော်​ကို​ဆန့်၍ ထို​သူ​ကို​တို့​လျက်၊ ငါ​အ​လို​ရှိ၏။ သန့်​ရှင်း​ခြင်း​သို့ ရောက်​စေ​ဟု မိန့်​တော်​မူ၏။-


ကိုယ်​တော်​သည် ထ၍ တိတ်​ဆိတ်​ငြိမ်​ဝပ်​စွာ​နေ​ဟု လေ​နှင့် ပင်​လယ်​ကို ဆုံး​မ​တော်​မူ​သ​ဖြင့် လေ​သည်​ငြိမ်၍ အ​လွန်​သာ​ယာ​လေ၏။-


သူ​ငယ်၏​လက်​ကို ကိုင်​တော်​မူ​လျက်၊ တ​လိ​သ​ကု​မိ​ဟု မိန့်​တော်​မူ၏။ အ​နက်​ကား၊ မိန်း​မ​ငယ်​ထ​လော့ ငါ​ဆို၏​ဟု ဆို​လို​သ​တည်း။-


ထို​နောက် ကောင်း​ကင်​သို့ ကြည့်​မျှော်၍ ညည်း​တွား​သံ​ကို​ပြု​လျက်၊ ဧ​ဖ​သ​ဟု မိန့်​တော်​မူ၏။ အ​နက်​ကား၊ ပွင့်​စေ​ဟု ဆို​လို​သ​တည်း။-


ထို​အ​ခါ လူ​များ​တို့​သည် စု​ဝေး​လျက် ပြေး​လာ​ကြ​သည်​ကို ယေ​ရှု​သည်​မြင်​လျှင်၊ နား​ပင်း၍ စ​ကား​အ​သော​နတ်၊ သူ​ငယ်​မှ​ထွက်​လော့၊ နောက်​တစ်​ဖန်​မ​ဝင်​နှင့် ငါ​အ​မိန့်​ရှိ၏​ဟု ထို​ညစ်​ညူး​သော​နတ်​ကို ဆုံး​မ၍ မိန့်​တော်​မူ​သ​ဖြင့်၊-


ပ​ရော​ဖက်​ဧ​လိ​ရှဲ လက်​ထက်​တွင်​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး၌ နူ​နာ​စွဲ​သော​သူ အ​များ​ရှိ​ကြ၏။ သို့​သော်​လည်း၊ နေ​မန်​အ​မည်​ရှိ​သော ရှု​ရိ​လူ​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ သန့်​ရှင်း​ခြင်း​သို့​မ​ရောက်​ဟု မိန့်​တော်​မူ၏။-


ယေ​ရှု​က​လည်း၊ ငါ​အ​လို​ရှိ၏။ သန့်​ရှင်း​ခြင်း​သို့ ရောက်​စေ​ဟု မိန့်​တော်​မူ​လျက်၊ လက်​တော်​ကို​ဆန့်၍ ထို​သူ​ကို တို့​တော်​မူ၏။ ထို​ခ​ဏ​ချင်း​တွင် နူ​နာ​ပျောက်​လေ၏။-


ကိုယ်​တော်​က​လည်း၊ အ​ချင်း​လု​လင်၊ ထ​လော့၊ သင့်​အား ငါ​အ​မိန့်​ရှိ​သည်​ဟု မိန့်​တော်​မူ​လျှင်၊-


လာ​ဇ​ရု ထွက်၍​လာ​လော့​ဟု ကြီး​စွာ​သော​အ​သံ​နှင့် ဟစ်​ခေါ်​တော်​မူ၏။-


ငါ​သည် အ​ခြား​သူ​မ​ပြု​ဖူး​သော​အ​မှု​ကို ထို​သူ​တို့​ရှေ့​မှာ​မ​ပြု​လျှင် သူ​တို့၌​အ​ပြစ်​မ​ရှိ။ ယ​ခု​မူ​ကား၊ သူ​တို့​သည် ထို​အ​မှု​ကို​မြင်​ရ၍ ငါ​နှင့် ငါ့​ခ​မည်း​တော်​ကို မုန်း​ကြ၏။-


ခ​မည်း​တော်​သည် သေ​လွန်​သော​သူ​တို့​ကို ထ​မြောက်​ရှင်​ပြန်​စေ​တော်​မူ​သ​ကဲ့​သို့၊ ထို​နည်း​တူ သား​တော်​သည်​လည်း အ​လို​ရှိ​သ​မျှ​သော သူ​တို့​ကို ရှင်​စေ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ