ယေရှုက “သားသမီးတို့၏ မုန့်ကိုယူ၍ ခွေးများအား ချမကျွေးသင့်” ဟု တုံ့ပြန်တော်မူ၏။
မဿဲ 7:6 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သန့်ရှင်းစင်ကြယ်သောအရာကို ခွေးတို့အား မပေးကြနှင့်။ ပေးလျှင် သူတို့သည် သင်တို့ဘက်သို့ လှည့်ကာ ကိုက်ကြလိမ့်မည်။ ပုလဲရတနာများကို ဝက်တို့ရှေ့မှာ မချထားနှင့်။ ချထားလျှင် သူတို့သည် ထိုပုလဲတို့ကို ခြေဖြင့် နင်းသွားကြလိမ့်မည်။ Common Language Bible ``မွန်မြတ်သောအရာကိုခွေးတို့အားမပေးကြနှင့်။ သို့ပြုပါမူသူတို့သည်လှည့်၍သင်တို့အားကိုက် လိမ့်မည်။ ပုလဲရတနာများကိုဝက်တို့ရှေ့မှာ မချထားကြနှင့်။ သို့ပြုပါမူသူတို့သည် ထို အရာတို့ကိုကျော်နင်းသွားကြလိမ့်မည်။ Garrad Bible သန့် သော အ ရာ ကို ခွေး များ အား မ ပေး ကြ နှင့်။ သင် တို့၏ ပု လဲ များ ကို လည်း ဝက် များ ရှေ့ မ ထား ကြ နှင့်။ သို့ ပြု လျှင် ထို အ ရာ များ ကို ကျော် နင်း ပြီး နောက် သင် တို့ ကို လှည့်၍ ကိုက် ပက် ကြ လိမ့် မည် ဟု စိုး ရိမ် ရန် ရှိ၏။ Judson Bible ဖြူစင်သောအရာကို ခွေးတို့အား မပေးကြနှင့်။ ပုလဲရတနာတို့ကို ဝက်တို့ရှေ့မှာ မချမထားကြနှင့်။ သို့ပြုလျှင် ထိုအရာတို့ကို ကျော်နင်း၍ သင်တို့ကိုလှည့်လျက် ကိုက်ဖြတ်ကြလိမ့်မည်။- မြန်မာ့စံမီသမ္မာကျမ်း သန့်ရှင်းသောအရာကို ခွေးတို့အားမပေးကြနှင့်။ သင်တို့၏ပုလဲများကိုလည်း ဝက်တို့ရှေ့၌မချထားကြနှင့်။ ၎င်းတို့သည် ထိုအရာများကို မိမိတို့ခြေဖြင့်နင်းချေပြီးလျှင် လှည့်လာ၍ သင်တို့ကိုကိုက်ဖြတ်ကြမည်ကိုစိုးရိမ်ရ၏။ မြန်မာ ဖြူစင်သောအရာကို ခွေးတို့အား မပေးကြနှင့်။ ပုလဲရတနာတို့ကို ဝက်တို့ရှေ့မှာ မချမထားကြနှင့်။ သို့ပြုလျှင် ထိုအရာတို့ကို ကျော်နင်း၍ သင်တို့ကိုလှည့်လျက် ကိုက်ဖြတ်ကြလိမ့်မည်။- |
ယေရှုက “သားသမီးတို့၏ မုန့်ကိုယူ၍ ခွေးများအား ချမကျွေးသင့်” ဟု တုံ့ပြန်တော်မူ၏။
ထိုကာလ၌ လူများစွာတို့သည် ယုံကြည်ခြင်းမှ လမ်းလွဲ၍ အချင်းချင်း သစ္စာဖောက်လျက် မုန်းတီးကြလိမ့်မည်။
သူတော်ကောင်းယောင်ဆောင်သူ… သင်၏မျက်စိထဲက သစ်တုံးကို ဦးစွာထုတ်ပစ်လော့။ သို့မှသာ သင့်မိတ်ဆွေ၏မျက်စိထဲက သစ်မှုန်စကို ထုတ်ရန် ရှင်းလင်းစွာ မြင်ရလိမ့်မည်။
မကြာခဏ ခရီးသွားခဲ့ရာတွင် မြစ်၌ ကြုံတွေ့ရသော ဘေး၊ ဓားပြဘေး၊ ကိုယ့်လူမျိုးချင်းပြုသောဘေး၊ လူမျိုးခြားတို့ပြုသောဘေး၊ မြို့၌ ကြုံတွေ့ရသောဘေး၊ တောကန္တာရ၌ ကြုံတွေ့ရသောဘေး၊ ပင်လယ်၌ ကြုံတွေ့ရသောဘေး၊ ယုံကြည်သူအတုအယောင်များပြုသောဘေး စသည်တို့နှင့် ရင်ဆိုင်ခဲ့ရ၏။
ကိုယ်ခန္ဓာကို လှီးဖြတ်တတ်သူများဖြစ်သည့် အကျင့်ဆိုးကို ကျင့်သော ခွေးဖြစ်သူတို့ကို သတိပြုကြလော့။ ထိုသူတို့သည် ကယ်တင်ခံရရန် အရေပြားလှီးခြင်းမင်္ဂလာကို ခံယူရမည်ဟု ပြောဆိုကြ၏။
သို့ဖြစ်လျှင် ဘုရားသခင်၏သားတော်ကို နင်းခြေ၍ မိမိအား စင်ကြယ်စေသည့်ပဋိညာဉ်နှင့်ဆိုင်သောအသွေးကို မသန့်ရှင်းသောအရာအဖြစ် သဘောထားကာ ကျေးဇူးပြုတော်မူသောဝိညာဉ်တော်ကို စော်ကားသူသည် မည်မျှ ပို၍ ပြင်းထန်သောပြစ်ဒဏ်ကို ခံထိုက်သည်ဟု သင်တို့ထင်သနည်း။
သို့ရာတွင် နောက်ပိုင်းတွင် သူတို့သည် ဘုရားသခင်ကို စွန့်၍ ကိုယ်တော်၏သားတော်ကို လက်ဝါးကပ်တိုင်တွင် တဖန်ရိုက်လျက် လူများရှေ့မှောက်တွင် ဂုဏ်သရေပျက်စေသောသူများ ဖြစ်သောကြောင့် သူတို့ကို နောင်တရစေရန် မဖြစ်နိုင်ပေ။
“ခွေးသည် မိမိအန်ဖတ်ကို ပြန်စားတတ်၏။ ဝက်သည် ရေချိုးပြီးလျှင်ပင် ရွှံ့၌ ပြန်လူးတတ်၏” ဟူသည့် မှန်သောဆိုရိုးစကားသည် ထိုသူတို့၌ ဖြစ်ပျက်လာ၏။
မြို့ပြင်တွင်မူ ခွေးဖြစ်သောသူများ၊ ပြုစားသောသူများ၊ တရားနှင့်မညီသော မေထုန်ကို ပြုသူများ၊ လူသတ်သမားများ၊ ရုပ်တုကိုးကွယ်သူများ၊ လိမ်လည်ခြင်းကို နှစ်သက်၍ ကျင့်သုံးသောသူအပေါင်းတို့ ရှိကြ၏။