သင်သည် ဆံချည်တစ်မျှင်ကိုပင် ဖြူစေရန်၊ နက်စေရန် မစွမ်းဆောင်နိုင်သောကြောင့် သင်၏ ဦးခေါင်းကို တိုင်တည်၍ မကျိန်ဆိုရ။
မဿဲ 6:27 - ခေတ်သစ်မြန်မာ သမ္မာကျမ်း မည်သူသည် စိုးရိမ်ခြင်းအားဖြင့် မိမိ၏ အသက်ကို အချိန်တစ်ခဏရှည်စေနိုင်သနည်း။ Common Language Bible သင်တို့တွင်အဘယ်သူသည်စိုးရိမ်ကြောင့်ကြခြင်း အားဖြင့် မိမိ၏အသက်ကိုနှစ်အနည်းငယ်မျှပို ၍ရှည်စေနိုင်သနည်း။ Garrad Bible သင် တို့ တွင် မည် သူ သည် စိုး ရိမ် ခြင်း အား ဖြင့် ကိုယ့် အ ရပ် အ မောင်း ကို တစ် တောင် တိုး စေ နိုင် သ နည်း။ Judson Bible အဘယ်သူသည် စိုးရိမ်ခြင်းအားဖြင့် မိမိအသက်တာကို တစ်တောင်ခန့်မျှ တိုးပွားစေနိုင်သနည်း။- မြန်မာ့စံမီသမ္မာကျမ်း သင်တို့တွင် မည်သူသည် စိုးရိမ်သောအားဖြင့် မိမိ၏အသက်ကို တစ်တောင်ခန့်မျှ ပို၍ရှည်စေနိုင်သနည်း။ မြန်မာ အဘယ်သူသည် စိုးရိမ်ခြင်းအားဖြင့် မိမိအသက်တာကို တစ်တောင်ခန့်မျှ တိုးပွားစေနိုင်သနည်း။- |
သင်သည် ဆံချည်တစ်မျှင်ကိုပင် ဖြူစေရန်၊ နက်စေရန် မစွမ်းဆောင်နိုင်သောကြောင့် သင်၏ ဦးခေါင်းကို တိုင်တည်၍ မကျိန်ဆိုရ။
ထို့ကြောင့် သင်တို့အား ငါပြောဆိုသည်မှာ သင်တို့အသက်ရှင်ရန်အတွက် မည်သည့်အရာစားသောက်ရမည်ကိုလည်းကောင်း၊ သင်တို့ကိုယ်ခန္ဓာအတွက် မည်သည့်အရာဝတ်ရမည်ကိုလည်းကောင်း မစိုးရိမ်ကြနှင့်။ အသက်သည် အစာထက်မြတ်သည် မဟုတ်လော။ ကိုယ်ခန္ဓာသည် အဝတ်ထက်မြတ်သည် မဟုတ်လော။
သင်တို့သည် အဘယ်ကြောင့် အဝတ်အတွက် စိုးရိမ်ကြသနည်း။ လယ်ပြင်၌ရှိသော နှင်းပန်းပင်များ မည်သို့ ကြီးထွားရှင်သန်သည်ကို ကြည့်လော့။ ထိုအပင်တို့သည် ပင်ပန်းကြီးစွာ အလုပ်မလုပ်။ ချည်လည်း မငင်။
ထို့ကြောင့် မည်သည့်အရာကို စားသောက်ရမည်နည်း၊ မည်သည့်အရာကို ဝတ်ဆင်ရမည်နည်းဟု ဆိုလျက် မစိုးရိမ်ကြနှင့်။
ထို့ကြောင့် မနက်ဖြန်အတွက် မစိုးရိမ်နှင့်။ မနက်ဖြန်နှင့် သက်ဆိုင်သောစိုးရိမ်စရာသည် မနက်ဖြန်၌သာ ရှိ၏။ ယနေ့ကြုံတွေ့ရသောဒုက္ခပြဿနာသည် ယနေ့အတွက် တော်လောက်ပေ၏။
ယေရှုကလည်း “အို မာသ… မာသ… သင်သည် အလုပ်များကြောင့် စိုးရိမ်ပူပန်လျက် နှောင့်ယှက်ခြင်းကို ခံရလေပြီ။
လူတို့သည် သင်တို့ကို ဝတ်ပြုဆောင်များသို့လည်းကောင်း၊ အစိုးရမင်းများ၊ အာဏာပိုင်များထံသို့လည်းကောင်း ခေါ်ဆောင်သွားသောအခါ သင်တို့သည် မိမိကိုယ်ကိုယ် မည်သို့ခုခံပြောဆိုရမည်ကို မစိုးရိမ်ကြနှင့်။
ထို့နောက် တပည့်တော်တို့အား “ထို့ကြောင့် သင်တို့အား ငါပြောဆိုသည်မှာ သင်တို့အသက်ရှင်ရန်အတွက် မည်သည့်အရာစားရမည်ကိုလည်းကောင်း၊ သင်တို့ကိုယ်ခန္ဓာအတွက် မည်သည့်အရာဝတ်ရမည်ကိုလည်းကောင်း မစိုးရိမ်ကြနှင့်။
သို့သော်လည်း ဘုရားသခင်သည် ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာအစိတ်အပိုင်းတစ်ခုစီကို အလိုတော်ရှိသည့်အတိုင်း ကိုယ်ခန္ဓာ၌ အသီးသီး နေရာချတော်မူ၏။
မည်သည့်အမှုကိုမျှ မစိုးရိမ်ဘဲ အခြေအနေတိုင်း၌ ကျေးဇူးတော်ကို ချီးမွမ်း၍ ဆုတောင်းခြင်း၊ အသနားခံခြင်းတို့ဖြင့် သင်တို့ လိုအပ်သောအရာများကို ဘုရားသခင်ထံ တောင်းလျှောက်ကြလော့။
ကိုယ်တော်သည် သင်တို့ကို ဂရုစိုက်တော်မူသောကြောင့် သင်တို့၏ စိုးရိမ်မှုအပေါင်းတို့ကို ကိုယ်တော်ထံ အပ်နှံကြလော့။