Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 6:28 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

28 သင်တို့​သည် အဘယ်ကြောင့် အဝတ်​အတွက် စိုးရိမ်ကြသနည်း။ လယ်ပြင်​၌​ရှိသော နှင်းပန်းပင်များ မည်သို့ ကြီးထွား​ရှင်သန်သည်​ကို ကြည့်လော့။ ထို​အပင်တို့​သည် ပင်ပန်းကြီးစွာ အလုပ်​မလုပ်။ ချည်​လည်း မငင်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

28 ``သင်​တို့​သည်​အ​ဘယ်​ကြောင့်​အ​ဝတ်​အ​တွက်​စိုး​ရိမ် ကြောင့်​ကြ​သ​နည်း။ တော​နှင်း​ပန်း​များ​အ​ဘယ်​သို့ ရှင်​သန်​လာ​သည်​ကို​ကြည့်​ရှု​ဆင်​ခြင်​ကြ​လော့။ ထို ပန်း​ပင်​တို့​သည်​အ​လုပ်​လည်း​မ​လုပ်၊ ဗိုင်း​လည်း​မ​ငင်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

28 အ ဝတ် အ တွက် လည်း အ ဘယ့် ကြောင့် စိုး ရိမ် ကြ သ နည်း။ တော ပေါက် နှင်း ပန်း ပင် များ သည် မ လုပ် မ ကိုင် မ ငင် မ ဝင့် ကြ ဘဲ မည် သို့ ကြီး ပွား သည် ကို ဆင် ခြင် ကြ လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

28 အ​ဝတ်​အ​ဖို့၌ အ​ဘယ်​ကြောင့် စိုး​ရိမ်​ရ​သ​နည်း။ တော​နှင်း​ပင်​တို့​သည် အ​ဘယ်​သို့​သော​အား​ဖြင့် ကြီး​ပွား​သည်​ကို ဆင်​ခြင်​အောက်​မေ့​ကြ​လော့။ ထို​အ​ပင်​တို့​သည် အ​လုပ်​လည်း​မ​လုပ်၊ ချည်​ဖြစ်​စေ​ခြင်း​ငှာ မ​ငင်​မ​ဝင့်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

28 အဝတ်​အတွက်​လည်း အဘယ်ကြောင့်​စိုးရိမ်​ကြ​သနည်း။ တော​၌​ရှိ​သော​နှင်းပန်း​များ မည်ကဲ့သို့​ကြီးထွား​ကြ​သည်​ကို ကြည့်ရှု​ဆင်ခြင်​ကြ​လော့။ ၎င်း​တို့​သည် အလုပ်​လည်း​မ​လုပ်။ ဗိုင်း​လည်း​မ​ငင်​ကြ​ချေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

28 အ​ဝတ်​အ​ဖို့၌ အ​ဘယ်​ကြောင့် စိုး​ရိမ်​ရ​သ​နည်း။ တော​နှင်း​ပင်​တို့​သည် အ​ဘယ်​သို့​သော​အား​ဖြင့် ကြီး​ပွား​သည်​ကို ဆင်​ခြင်​အောက်​မေ့​ကြ​လော့။ ထို​အ​ပင်​တို့​သည် အ​လုပ်​လည်း​မ​လုပ်၊ ချည်​ဖြစ်​စေ​ခြင်း​ငှာ မ​ငင်​မ​ဝင့်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 6:28
13 ပူးပေါင်းရင်းမြစ်များ  

ခရီးဆောင်အိတ်၊ အင်္ကျီ​အပို၊ ဖိနပ်​အပို၊ တောင်ဝှေး​တို့​ကို ယူမသွားကြနှင့်။ ဧည့်ခံကျွေးမွေးသည်​ကိုလည်း လက်ခံ​ရန် မတွန့်ဆုတ်ကြနှင့်။ အဘယ်ကြောင့်ဆိုသော် အလုပ်လုပ်သူ​သည် စားစရာ​ကို ရထိုက်​သောကြောင့်​ဖြစ်၏။


ထို့ကြောင့် သင်တို့​အား ငါ​ပြောဆိုသည်​မှာ သင်တို့​အသက်ရှင်​ရန်အတွက် မည်သည့်​အရာ​စားသောက်ရမည်​ကို​လည်းကောင်း၊ သင်တို့​ကိုယ်ခန္ဓာ​အတွက် မည်သည့်​အရာ​ဝတ်ရမည်​ကို​လည်းကောင်း မစိုးရိမ်ကြနှင့်။ အသက်​သည် အစာ​ထက်​မြတ်သည် မဟုတ်လော။ ကိုယ်​ခန္ဓာ​သည် အဝတ်​ထက်​မြတ်သည် မဟုတ်လော။


မည်သူ​သည် စိုးရိမ်ခြင်း​အားဖြင့် မိမိ​၏ အသက်​ကို အချိန်​တစ်ခဏ​ရှည်စေနိုင်သနည်း။


ထို့ကြောင့် မည်သည့်​အရာ​ကို စားသောက်ရမည်နည်း၊ မည်သည့်​အရာ​ကို ဝတ်ဆင်ရမည်နည်း​ဟု ဆို​လျက် မစိုးရိမ်ကြနှင့်။


ယေရှု​ကလည်း “အို မာသ… မာသ… သင်​သည် အလုပ်များ​ကြောင့် စိုးရိမ်ပူပန်​လျက် နှောင့်ယှက်ခြင်း​ကို ခံရလေပြီ။


လူတို့​သည် သင်တို့​ကို ဝတ်ပြုဆောင်များ​သို့​လည်းကောင်း၊ အစိုးရမင်းများ၊ အာဏာပိုင်များ​ထံသို့​လည်းကောင်း ခေါ်ဆောင်သွား​သောအခါ သင်တို့​သည် မိမိကိုယ်ကိုယ် မည်သို့​ခုခံပြောဆိုရမည်​ကို မစိုးရိမ်ကြနှင့်။


ထို့နောက် တပည့်တော်တို့​အား “ထို့ကြောင့် သင်တို့​အား ငါ​ပြောဆိုသည်​မှာ သင်တို့​အသက်ရှင်​ရန်အတွက် မည်သည့်​အရာ​စားရမည်​ကို​လည်းကောင်း၊ သင်တို့​ကိုယ်ခန္ဓာ​အတွက် မည်သည့်​အရာ​ဝတ်ရမည်​ကို​လည်းကောင်း မစိုးရိမ်ကြနှင့်။


နှင်းပန်းပင်များ​မည်သို့​ကြီးထွားသည်​ကို ကြည့်ရှု​ဆင်ခြင်ကြလော့။ ထို​အပင်​တို့​သည် ပင်ပန်းစွာ​အလုပ်​မလုပ်။ ချည်​လည်း မငင်။ သို့သော် ဘုန်းကြီးသော​ရှောလမုန်မင်းကြီး​ပင်လျှင် ထို​နှင်းပန်းပင်​တစ်ပင်​ကဲ့သို့ မဝတ်ဆင်ခဲ့ရ​ဟု သင်တို့​အား ငါ​ပြောဆို၏။


ထိုအခါ ယောဟန်​က “အင်္ကျီ​နှစ်ထည်​ရှိလျှင် မရှိသော​သူ​အား တစ်ထည်​ကို ဝေမျှစေ။ စားသောက်စရာ​ရှိသော​သူ​သည်လည်း ထို​နည်းတူ ဝေမျှစေ” ဟု ပြန်​၍ ဖြေလေ၏။


မည်သည့်​အမှု​ကိုမျှ မစိုးရိမ်ဘဲ အခြေအနေ​တိုင်း​၌ ကျေးဇူးတော်​ကို ချီးမွမ်း​၍ ဆုတောင်းခြင်း၊ အသနားခံခြင်းတို့​ဖြင့် သင်တို့ လိုအပ်သော​အရာများ​ကို ဘုရားသခင်​ထံ တောင်းလျှောက်ကြလော့။


ကိုယ်တော်​သည် သင်တို့​ကို ဂရုစိုက်တော်မူ​သောကြောင့် သင်တို့​၏ စိုးရိမ်မှု​အပေါင်းတို့​ကို ကိုယ်တော်​ထံ အပ်နှံကြလော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ