ယုံကြည်ခြင်းအားဖြင့် လူမျိုးခြားတို့၏စိတ်နှလုံးကို သန့်စင်ပေးကာ ထိုသူတို့နှင့် ကျွန်ုပ်တို့အကြား ခွဲခြားတော်မူခြင်းမရှိ။
မဿဲ 5:8 - ခေတ်သစ်မြန်မာ သမ္မာကျမ်း စိတ်နှလုံးဖြူစင်သောသူတို့သည် မင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် ဘုရားသခင်ကို တွေ့မြင်ကြရမည်ဖြစ်သောကြောင့်ပင်။ Common Language Bible ``စိတ်နှလုံးဖြူစင်သောသူတို့သည်မင်္ဂလာ ရှိကြ၏။ ထိုသူတို့သည်ဘုရားသခင်ကိုဖူးမြင်ရကြလတ္တံ့။ Garrad Bible စိတ် နှ လုံး စင် ကြယ် သော သူ တို့၌ မင်္ဂ လာ ရှိ၏။ ထို သူ တို့ သည် ဘု ရား သ ခင် ကို ဖူး မြင် ရ ကြ လ တ္တံ့။ Judson Bible စိတ်နှလုံးဖြူစင်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ဘုရားသခင်ကို မြင်ရကြလတ္တံ့။- မြန်မာ့စံမီသမ္မာကျမ်း စိတ်နှလုံးဖြူစင်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သူတို့သည် ဘုရားသခင်ကိုမြင်ရကြလိမ့်မည်။ မြန်မာ စိတ်နှလုံးဖြူစင်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ဘုရားသခင်ကို မြင်ရကြလတ္တံ့။- |
ယုံကြည်ခြင်းအားဖြင့် လူမျိုးခြားတို့၏စိတ်နှလုံးကို သန့်စင်ပေးကာ ထိုသူတို့နှင့် ကျွန်ုပ်တို့အကြား ခွဲခြားတော်မူခြင်းမရှိ။
ယခု ကျွန်ုပ်တို့သည် ကြေးမုံထဲတွင် မြင်ရသကဲ့သို့ မှုန်ဝါးဝါးသာ မြင်နေရ၏။ သို့သော် ထိုအချိန်တွင် မျက်ဝါးထင်ထင် မြင်ကြရလိမ့်မည်။ ယခု ကျွန်ုပ်သည် တစ်စိတ်တစ်ပိုင်းကိုမျှသာ သိ၏။ သို့သော် ဘုရားသခင်သည် ကျွန်ုပ်ကို အပြည့်အစုံသိတော်မူသကဲ့သို့ ထိုအချိန်တွင် ကျွန်ုပ်တို့သည် အပြည့်အစုံသိရလိမ့်မည်။
ချစ်ရသောသူတို့… ကျွန်ုပ်တို့၌ ဘုရားသခင်ပေးတော်မူသော အထက်ပါကတိတော်များရှိသောကြောင့် ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကို ညစ်ညမ်းစေသောအရာတို့မှ မိမိကိုယ်ကိုယ် စင်ကြယ်စေ၍ ဘုရားသခင်ကို ရိုသေသောအားဖြင့် လုံးဝသန့်ရှင်းစေကြစို့။
နှလုံးသားဖြူစင်သူတို့အတွက် အရာအားလုံးသည် စင်ကြယ်၏။ သို့သော် ညစ်ညူး၍ ခရစ်တော်ကို မယုံကြည်သူတို့အတွက် မည်သည့်အရာမျှ မစင်ကြယ်။ သူတို့၏ အတွေးအခေါ်နှင့် အသိစိတ်တို့သည် ညစ်ညူး၏။
သို့ဖြစ်၍ ကျွန်ုပ်တို့၏စိတ်နှလုံးသားကို အပြစ်ရှိကြောင်းထင်မှတ်သောအသိစိတ်မှ ရှင်းလင်းစေရန် ကိုယ်တော်၏အသွေးတော်ဖြင့် ဖျန်းခြင်း၊ ကိုယ်ခန္ဓာကိုလည်း သန့်စင်သောရေဖြင့် ဆေးကြောခြင်းတို့ကို ခံယူလျက် စစ်မှန်သောစိတ်နှလုံးနှင့် ယုံကြည်ခြင်းကြောင့် ဖြစ်တည်သော စိတ်ချမှုအပြည့်ဖြင့် ဘုရားသခင်ထံ ချဉ်းကပ်ကြပါစို့။
လူတိုင်းနှင့် သဟဇာတဖြစ်ရန်၊ သန့်ရှင်းသောဘဝနှင့်နေထိုင်ရန် အစွမ်းကုန်ကြိုးစားလော့။ မသန့်ရှင်းသောသူတို့သည် ထာဝရဘုရားကို ဖူးမြင်ရမည်မဟုတ်။
ထိုသို့ဆိုလျှင် အသက်ရှင်တော်မူသော ဘုရားသခင်ကို ဝတ်ပြုနိုင်စေရန် ကျွန်ုပ်တို့၏အသိစိတ်ကို သေခြင်းသို့ ပို့ဆောင်ပေးသောအပြစ်မှ စင်ကြယ်စေရန်အတွက် ထာဝရဝိညာဉ်တော်အားဖြင့် အပြစ်အနာအဆာကင်းသော မိမိကိုယ်ကိုယ် ဘုရားသခင်ထံ ပူဇော်သည့် ခရစ်တော်၏အသွေးတော်သည် ပို၍သာလွန်သည် မဟုတ်ပါလော။
ကောင်းကင်ဘုံမှ ဆင်းသက်လာသော ဉာဏ်ပညာသည် ပထမဦးစွာ စင်ကြယ်၏။ ငြိမ်းချမ်းမှုကို မြတ်နိုး၏။ ထောက်ထားညှာတာတတ်၏။ သဟဇာတဖြစ်တတ်၏။ ကရုဏာတရားနှင့် ကောင်းကျိုးတို့ဖြင့် ပြည့်စုံ၏။ မျက်နှာမလိုက်တတ်။ ဟန်ဆောင်မှုကင်း၏။
ဘုရားသခင်ထံသို့ ချဉ်းကပ်လော့။ သို့ပြုလျှင် ဘုရားသခင်သည် သင်တို့ထံသို့ ချဉ်းကပ်တော်မူလိမ့်မည်။ အပြစ်သားတို့… သင်တို့လက်ကို ဆေးကြောကြလော့။ စိတ်နှစ်ခွရှိသောသူတို့… သင်တို့၏စိတ်နှလုံးသားကို သန့်ရှင်းစေကြလော့။
သင်တို့သည် သမ္မာတရားကို နာခံခြင်းဖြင့် မိမိကိုယ်မိမိ သန့်ရှင်းစင်ကြယ်စေပြီဖြစ်၍ သင်တို့၏ညီအစ်ကိုမောင်နှမများကို စိတ်ရင်းအမှန်ဖြင့် ချစ်နိုင်ကြ၏။ ဖြူစင်သောစိတ်နှလုံးဖြင့် အချင်းချင်းအကြွင်းမဲ့ချစ်ကြလော့။
သူတို့သည် ကိုယ်တော်၏ မျက်နှာတော်ကို ဖူးမြင်ရလိမ့်မည်။ သူတို့၏ နဖူးပေါ်တွင် ကိုယ်တော်၏ နာမတော်ကို ရေးထားလျက်ရှိလိမ့်မည်။