လမ်းပေါ်တွင် ကျသောမျိုးစေ့မှာ နိုင်ငံတော်နှင့်ဆိုင်သော တရားစကားကို ကြားသော်လည်း နားမလည်သောသူကို ဆိုလို၏။ ထိုအခါ မာရ်နတ်သည်လာ၍ ထိုသူ၏စိတ်နှလုံးတွင် ကြဲထားသောမျိုးစေ့ကို နုတ်ယူလေ၏။
မဿဲ 5:37 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့သည် ဟုတ်သည်ကို ‘ဟုတ်၏၊’ မဟုတ်သည်ကို ‘မဟုတ်’ ဟူ၍ ပြောဆိုရမည်။ ထိုစကားတို့ထက် ပိုသောစကားသည် မာရ်နတ်ထံမှ လာသောစကား ဖြစ်၏။ Common Language Bible သင်တို့သည် `ဟုတ်ပါသည်' သို့မဟုတ် `မဟုတ်ပါ' ဟူ၍သာပြောဆိုကြလော့။ ဤထက်ပိုသော စကားသည်မာရ်နတ်၏ထံမှရသောစကား ဖြစ်၏။ Garrad Bible သင် တို့ စ ကား မှာ ဟုတ် မ ဟုတ် သာ ဖြစ် စေ။ ၎င်း ထက် လွန် လျှင် မူ ကား အ ဆိုး မှ ဖြစ်၏။ Judson Bible သင်၏စကားမှာ ဟုတ်သည်ကိုအဟုတ်၊ မဟုတ်သည်ကို မဟုတ်ဖြစ်စေလော့။ ဤထက်လွန်သော စကားသည် မကောင်းသောအရာနှင့် စပ်ဆိုင်ပေ၏။- မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ သင်တို့သည် ဟုတ်သည်ကို ‘ဟုတ်ပါ၏’ မဟုတ်သည်ကို ‘မဟုတ်ပါ’ဟူ၍သာ ပြောဆိုကြလော့။ ၎င်းတို့ထက် ပိုသောစကားသည် မကောင်းသောအရာနှင့်စပ်ဆိုင်၏။ မြန်မာ သင်၏စကားမှာ ဟုတ်သည်ကိုအဟုတ်၊ မဟုတ်သည်ကို မဟုတ်ဖြစ်စေလော့။ ဤထက်လွန်သော စကားသည် မကောင်းသောအရာနှင့် စပ်ဆိုင်ပေ၏။- |
လမ်းပေါ်တွင် ကျသောမျိုးစေ့မှာ နိုင်ငံတော်နှင့်ဆိုင်သော တရားစကားကို ကြားသော်လည်း နားမလည်သောသူကို ဆိုလို၏။ ထိုအခါ မာရ်နတ်သည်လာ၍ ထိုသူ၏စိတ်နှလုံးတွင် ကြဲထားသောမျိုးစေ့ကို နုတ်ယူလေ၏။
လယ်မှာမူ ဤလောကဖြစ်၏။ ကောင်းသော မျိုးစေ့မှာ ဘုရားသခင်၏နိုင်ငံတော်သားများဖြစ်၏။ ပေါင်းပင်များမှာ မာရ်နတ်၏ သားသမီးများဖြစ်၏။
ဆိုးညစ်သောကြံစည်ခြင်း၊ လူသတ်ခြင်း၊ သူတစ်ပါးသားမယားကိုပြစ်မှားခြင်း၊ တရားနှင့်မညီသော မေထုန်ကိုပြုခြင်း၊ ခိုးခြင်း၊ မမှန်သောသက်သေထွက်ဆိုခြင်း၊ စော်ကားပြောဆိုခြင်း စသည်တို့သည် စိတ်နှလုံးမှ ထွက်လာ၏။
သင်သည် ဆံချည်တစ်မျှင်ကိုပင် ဖြူစေရန်၊ နက်စေရန် မစွမ်းဆောင်နိုင်သောကြောင့် သင်၏ ဦးခေါင်းကို တိုင်တည်၍ မကျိန်ဆိုရ။
ဖြားယောင်းသွေးဆောင်ရာသို့ မကျရောက်စေဘဲ မာရ်နတ်၏ လက်မှ အကျွန်ုပ်တို့ကို ကယ်တင်တော်မူပါ။ တန်ခိုးတော်နှင့် ဘုန်းတော်သည် ကမ္ဘာအဆက်ဆက်ကိုယ်တော်၌ ရှိပါ၏။ အာမင်။
ထိုသူတို့ကို ဤလောကမှ နုတ်ယူတော်မူရန် အကျွန်ုပ်တောင်းလျှောက်သည် မဟုတ်ပါ။ သို့ရာတွင် သူတို့ကို မာရ်နတ်၏ လက်မှ လွတ်ကင်းရန်ကိုသာ အကျွန်ုပ်တောင်းလျှောက်ပါ၏။
သင်တို့၏ဖခင်သည် မာရ်နတ်ဖြစ်၏။ ထို့ကြောင့် သင်တို့သည် သင်တို့ဖခင်၏အလိုသို့ လိုက်တတ်ကြ၏။ မာရ်နတ်သည် အစဦးကပင် လူသတ်သမားဖြစ်၏။ သူ့အထဲတွင် သမ္မာတရားမရှိသောကြောင့် သမ္မာတရားကိုလည်း သူမုန်း၏။ သူသည် လိမ်လည်သောသူဖြစ်ပြီး လိမ်လည်ခြင်း၏ဖခင်လည်း ဖြစ်၏။ ထို့ကြောင့် သူလိမ်လည်ပြောဆိုခြင်းမှာ မိမိပင်ကိုစရိုက်အတိုင်း ပြောဆိုခြင်းဖြစ်၏။
ထို့ကြောင့် လိမ်လည်၍ မပြောကြနှင့်။ ကျွန်ုပ်တို့သည် ခရစ်တော်၏ ကိုယ်ခန္ဓာအစိတ်အပိုင်းများ ဖြစ်ကြသောကြောင့် တစ်ဦးကို တစ်ဦး မှန်သောစကားကိုသာ ပြောကြလော့။
ဤအရာအားလုံးအပြင် ယုံကြည်ခြင်းဒိုင်းလွှားကိုလည်း ကိုင်ဆောင်ကြလော့။ ထိုဒိုင်းလွှားဖြင့် မာရ်နတ်၏ မီးမြားအားလုံးကို ငြှိမ်းသတ်နိုင်၏။
အချင်းချင်း မလိမ်လည်ကြနှင့်။ သင်တို့သည် လူဟောင်းနှင့် ၎င်း၏ အကျင့်များကို ဖယ်ရှားပြီဖြစ်၍
လူတိုင်းကို မှန်ကန်သင့်လျော်စွာ တုံ့ပြန်ပြောဆိုနိုင်ရန် သင်တို့ပြောသောစကားသည် နားဝင်ချိုပြီး နှစ်လိုဖွယ်ဖြစ်ပါစေ။
သို့ရာတွင် သခင်ဘုရားသည် သစ္စာရှိသောအရှင် ဖြစ်တော်မူသည်နှင့်အညီ သင်တို့ကို ကြံ့ခိုင်စေ၍ မာရ်နတ်ထံက ကာကွယ်ပေးတော်မူလိမ့်မည်။
ညီအစ်ကို မောင်နှမတို့… အထူးသဖြင့် ကောင်းကင်ကိုဖြစ်စေ၊ မြေကြီးကိုဖြစ်စေ၊ အခြားအရာကိုဖြစ်စေ တိုင်တည်၍ မကျိန်ဆိုကြနှင့်။ ဟုတ်လျှင် ဟုတ်ကြောင်း၊ မဟုတ်လျှင် မဟုတ်ကြောင်း ပြောကြလော့။ သို့မှသာ အပြစ်စီရင်တော်မူခြင်းနှင့် ကင်းလွတ်နိုင်လိမ့်မည်။
ဖခင်တို့… သင်တို့သည် အစဦးကပင်ရှိတော်မူသောအရှင်ကို သိသောကြောင့် သင်တို့ထံ ကျွန်ုပ်စာရေးလိုက်၏။ လူငယ်တို့… သင်တို့သည် မာရ်နတ်ကို အောင်နိုင်သောကြောင့် သင်တို့ထံ ကျွန်ုပ်စာရေးလိုက်၏။
မာရ်နတ်နှင့် သက်ဆိုင်သူဖြစ်ပြီး မိမိညီကို သတ်သော ကာဣနကဲ့သို့ မဖြစ်စေကြနှင့်။ ကာဣနသည် အဘယ်ကြောင့် ညီကို သတ်သနည်း။ အကြောင်းမှာ သူ၏အကျင့်သည် ဆိုးညစ်၍ ညီဖြစ်သူ၏အကျင့်မှာ ဖြောင့်မတ်သောကြောင့်ဖြစ်၏။
ဘုရားသခင်ထံမှ ဖြစ်ပွားလာသောသူသည် အပြစ်မကျူးလွန်တတ်ကြောင်း ကျွန်ုပ်တို့သိကြ၏။ ဘုရားသခင်ထံမှ ဖြစ်ပွားလာသောအရှင်သည် ထိုသူကို စောင့်ရှောက်တော်မူသဖြင့် မာရ်နတ်သည် သူ့ကို မထိခိုက်နိုင်။