စာကလေးနှစ်ကောင်ကို ကြေးဒင်္ဂါးလေးတစ်ပြားနှင့်သာ ဝယ်ရသည်မဟုတ်လော။ သို့သော်လည်း သင်တို့အဖ၏အခွင့်မရှိဘဲ ထိုစာကလေးတစ်ကောင်မျှ မြေပေါ်သို့မကျရ။
မဿဲ 5:26 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့ဖြစ်လျှင် သင်ဆပ်ရမည့်ငွေကို အကုန်အစင်မဆပ်သရွေ့ ထောင်မှ လုံးဝလွတ်နိုင်မည်မဟုတ်။ Common Language Bible ပေးဆပ်ရန်ရှိသောငွေအကုန်အစင်မပေးမ ဆပ်မချင်းသင်သည်ထောင်ထဲမှထွက်ရလိမ့်မည် မဟုတ်ဟုငါဆို၏။ Garrad Bible ကျန် သော ကြေး တစ် ပြား ကို မျှ မ ဆပ် မ ချင်း ထောင် ထဲ မှ သင် ထွက် ရ မည် မ ဟုတ် ငါ အမှန် ဆို ၏။ Judson Bible လျော်ပြစ်ငွေရှိသမျှကို မလျော်မီတိုင်အောင် ထောင်ထဲကမထွက်ရဟု ငါအမှန်ဆို၏။- မြန်မာ့စံမီသမ္မာကျမ်း သင့်အား ငါအမှန်ဆိုမည်။ နောက်ဆုံးကွတ်ရန်တေးတစ်ပြားကို သင်ပြန်၍မဆပ်မချင်း ထိုနေရာမှ လုံးဝထွက်ရမည်မဟုတ်။ မြန်မာ လျော်ပြစ်ငွေရှိသမျှကို မလျော်မီတိုင်အောင် ထောင်ထဲကမထွက်ရဟု ငါအမှန်ဆို၏။- |
စာကလေးနှစ်ကောင်ကို ကြေးဒင်္ဂါးလေးတစ်ပြားနှင့်သာ ဝယ်ရသည်မဟုတ်လော။ သို့သော်လည်း သင်တို့အဖ၏အခွင့်မရှိဘဲ ထိုစာကလေးတစ်ကောင်မျှ မြေပေါ်သို့မကျရ။
သခင်သည် သူ့အား အမျက်ထွက်၍ ရှိသမျှအကြွေးကို မဆပ်မီတိုင်အောင် နှိပ်စက်ခံစေရန် ထောင်ထဲတွင်ထည့်ထားလေ၏။
ထို့နောက် ရှင်ဘုရင်က လက်ဝဲတော်ဘက်၌ ရှိသောသူတို့အား ‘ကျိန်ဆဲခြင်းခံရသောသူတို့… ငါ့ထံမှ ထွက်သွားကြလော့။ မာရ်နတ်နှင့် သူ၏ နတ်ဆိုးများအတွက် ပြင်ဆင်ထားသောထာဝရမီးထဲသို့ သွားကြလော့။
ထို့ကြောင့် ထိုသူများသည် ထာဝရအပြစ်ဒဏ်ခံရသောနေရာသို့ သွားကြလိမ့်မည်။ သို့ရာတွင် ဖြောင့်မတ်သောသူတို့မှာမူ ထာဝရအသက်ရှင်ရာ နေရာသို့ သွားကြလိမ့်မည်” ဟု မိန့်တော်မူ၏။
သင်သည် တရားလိုနှင့်အတူ တရားသူကြီးထံသို့ သွားသောအခါ လမ်း၌အမှုကျေအေးစေရန် ကြိုးစားအားထုတ်လော့။ ထိုသို့မဟုတ်လျှင် သူသည် သင့်ကို တရားသူကြီးရှေ့သို့ ဆွဲခေါ်သွားလိမ့်မည်။ ထိုမှတစ်ဖန် တရားသူကြီးသည်လည်း အရာရှိထံသို့ အပ်ကာ ထိုအရာရှိသည် သင့်ကို ထောင်ချလိမ့်မည်။
ထိုသို့ဖြစ်လျှင် သင်ဆပ်ရမည့်ငွေကို အကုန်အစင်မဆပ်သရွေ့ ထောင်မှ လုံးဝလွတ်နိုင်မည်မဟုတ်” ဟု မိန့်တော်မူ၏။
ထို့ပြင် ငါတို့နှင့် သင်တို့စပ်ကြားတွင် အလွန်နက်သောချောက်ကြီးတစ်ခု ခြားနားလျက်ရှိ၏။ ထို့ကြောင့် ဤနေရာမှ သင်တို့ထံသို့သွားလိုသူလည်း မရောက်နိုင်။ ထိုနေရာမှ ငါတို့ထံသို့ လာလိုလျှင်လည်း မည်သူမျှ ကူး၍ မရောက်နိုင်ပါ’ ဟု ဆိုလေ၏။
ထိုသူတို့သည် သခင်ဘုရားရှေ့တော်မှလည်းကောင်း၊ သခင်ဘုရား၏ ဘုန်းတန်ခိုးတော်ကို ခံစားရခြင်းမှလည်းကောင်း ဖယ်ရှားခံရကာ ထာဝရပျက်စီးမည့် ပြစ်ဒဏ်ကို ခံကြရလိမ့်မည်။
ကရုဏာကင်းမဲ့သောသူသည် ကရုဏာကင်းမဲ့စွာ တရားစီရင်ခြင်း ခံရမည်။ ကရုဏာထားသောသူသည် ဘုရားသခင်တရားစီရင်မည့်နေ့တွင် ကြောက်ရွံ့နေရန် မလိုပေ။