Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 12:58 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

58 သင်​သည် တရားလို​နှင့်အတူ တရားသူကြီး​ထံသို့ သွား​သောအခါ လမ်း​၌​အမှု​ကျေအေး​စေရန် ကြိုးစားအားထုတ်လော့။ ထိုသို့မဟုတ်​လျှင် သူ​သည် သင့်​ကို တရားသူကြီး​ရှေ့​သို့ ဆွဲခေါ်သွား​လိမ့်မည်။ ထိုမှ​တစ်ဖန် တရားသူကြီး​သည်လည်း အရာရှိ​ထံသို့ အပ်​ကာ ထို​အရာရှိ​သည် သင့်​ကို ထောင်ချ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

58 သင်​၏​တ​ရား​တွေ့​ဘက်​နှင့်​အ​တူ တ​ရား သူ​ကြီး​ထံ​ကို​သွား​ရာ​လမ်း​တွင်​ကျေ​အေး အောင်​စေ့​စပ်​လော့။ ထို​သို့​မ​ပြု​ပါ​မူ သူ​သည် သင့်​အား​တ​ရား​သူ​ကြီး​၏​ရှေ့​သို့​ဆွဲ​ခေါ် သွား​လိမ့်​မည်။ တ​ရား​သူ​ကြီး​သည် သင့်​အား မင်း​မှု​ထမ်း​လက်​သို့​ပေး​အပ်​လိုက်​လိမ့်​မည်။ မင်း​မှု​ထမ်း​သည်​လည်း​သင့်​အား​ထောင်​ချ ထား​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

58 တ ရား ဘက် နှင့် အ တူ အ ရာ ရှိ ထံ လှမ်း သွား လျက် ရှိ စဉ် ကြေ ချမ်း အောင် ကြိုး စား ကြ လော့။ သို့ မ ဟုတ် ထို သူ သည် တ ရား သူ ကြီး ထံ ဆွဲ ငင်၍ တ ရား သူ ကြီး က မင်း မှု ထမ်း သို့ အပ် နှံ သ ဖြင့် မင်း မှု ထမ်း က လည်း သင့် ကို ထောင် ချ မည် စိုး ရိမ် ရန် ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

58 သင်​သည် တ​ရား​တွေ့​ဖက်​နှင့်​အ​တူ မင်း​ထံ​သို့​သွား​သော​အ​ခါ အ​မှု​ပြေ​စေ​ခြင်း​ငှာ လမ်း၌​ကြိုး​စား​လော့။ သို့​မ​ဟုတ် တ​ရား​တွေ့​ဖက်​သည် တ​ရား​သူ​ကြီး​ရှေ့​သို့ ဆွဲ​မည်။ တ​ရား​သူ​ကြီး​သည် လု​လင်​ခေါင်း​၌​အပ်၍၊ လု​လင်​ခေါင်း​သည် ထောင်​ထဲ၌ လှောင်​ထား​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

58 သင့်​ကို​တရားစွဲဆို​သူ​နှင့်အတူ အကြီးအကဲ​ထံသို့​သွား​ကြ​သောအခါ လမ်း​၌ သူ​နှင့်​ကျေအေး​အောင်​ကြိုးစား​လော့။ သို့မဟုတ်​ပါက သူ​သည် သင့်​ကို တရားသူကြီး​ထံသို့​ဆွဲခေါ်သွား​၍ တရားသူကြီး​သည် သင့်​ကို မင်းမှုထမ်း​လက်​သို့​အပ်​သဖြင့် မင်းမှုထမ်း​သည် သင့်​ကို ထောင်​ထဲ၌ ထည့်​ထား​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

58 သင်​သည် တ​ရား​တွေ့​ဖက်​နှင့်​အ​တူ မင်း​ထံ​သို့​သွား​သော​အ​ခါ အ​မှု​ပြေ​စေ​ခြင်း​ငှာ လမ်း၌​ကြိုး​စား​လော့။ သို့​မ​ဟုတ် တ​ရား​တွေ့​ဖက်​သည် တ​ရား​သူ​ကြီး​ရှေ့​သို့ ဆွဲ​မည်။ တ​ရား​သူ​ကြီး​သည် လု​လင်​ခေါင်း​၌​အပ်၍၊ လု​လင်​ခေါင်း​သည် ထောင်​ထဲ၌ လှောင်​ထား​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 12:58
20 ပူးပေါင်းရင်းမြစ်များ  

သို့သော် ကြွေးရှင်​သည်​လက်မခံဘဲ ထို​အကြွေး​မဆပ်​မီ​တိုင်အောင် သူ့​ကို ထောင်​ထဲတွင် ထည့်ထား၏။


အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​က “ငါ​သည် ကျေးဇူးပြု​ရန် သင့်လျော်သော​အချိန်​၌ သင့်​စကား​ကို နားထောင်ခဲ့ပြီ။ ကယ်တင်သော​နေ့ရက်​၌ သင့်​ကို ကူညီမစခဲ့ပြီ” ဟု မိန့်တော်မူခဲ့၏။ ယခု​အချိန်​သည် ကိုယ်တော်​၏​ကျေးဇူးပြုတော်မူခြင်း​ကို ခံစားရမည့်​အချိန်​ပင် ဖြစ်၏။ ယခု​အချိန်​သည် ကယ်တင်တော်မူရာ​နေ့ရက်​ပင် ဖြစ်၏။


ထို့နောက် ဝိညာဉ်တော်​အားဖြင့် အကျဉ်း​ကျနေသော ဝိညာဉ်များ​ထံသို့ သွား​၍ တရားဟောတော်မူ၏။


ကျွန်ုပ်​သေဆုံး​ပြီးနောက်​တွင်လည်း ဤ​အကြောင်းအရာများ​ကို သင်တို့​အစဉ်​သတိရနေ​စေရန် ကျွန်ုပ်​ကြိုးစား​အားထုတ်မည်။


ချစ်ရသော​သူတို့… ကျွန်ုပ်တို့​အားလုံး လက်ခံ​ယုံကြည်သော​ကယ်တင်ခြင်း​အကြောင်း​ကို သင်တို့​ထံ ရေး​ရန် ကျွန်ုပ်​အလွန်​စိတ်အားထက်သန်၏။ သို့သော် ယုံကြည်သောသူ​အပေါင်းတို့​အား တစ်ကြိမ်တည်း​နှင့်​အပြီး ကိုယ်တော်​ပေးအပ်တော်မူသော​ယုံကြည်ခြင်း​တရား​အတွက် ခုခံ​တိုက်ခိုက်ကြလော့​ဟူ၍ သင်တို့​အား စာရေး​တိုက်တွန်း​ရန် လိုအပ်​လာ၏။


အနှစ်​တစ်ထောင် ကုန်ဆုံး​သောအခါ စာတန်​သည် ထောင်​မှ လွတ်မြောက်ခွင့်​ရ​လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ