သူတို့ထံသို့ သွား၍ ‘ကောင်းကင်နိုင်ငံတော် ပေါ်ထွန်းချိန်နီးပြီ’ ဟု ဟောပြောကြလော့။
မဿဲ 4:17 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအချိန်မှစ၍ ယေရှုက “ကောင်းကင်နိုင်ငံတော် ပေါ်ထွန်းချိန်နီးပြီဖြစ်သောကြောင့် နောင်တရကြလော့” ဟု စတင်ဟောပြောတော်မူ၏။ Common Language Bible ထိုအခါမှစ၍သခင်ယေရှုသည် ``နောင်တရ ကြလော့။ ကောင်းကင်နိုင်ငံတော်တည်လုနီးပြီ'' ဟုဟောကြားတော်မူ၏။ Garrad Bible ထို အ ခါ မှ စ၍ ယေ ရှု က နောင် တ ရ ကြ လော့။ ကောင်း ကင် နိုင် ငံ တော် တည် လု ပြီ ဟု ဟော တော် မူ၏။ Judson Bible ထိုအခါမှစ၍ ယေရှုက၊ နောင်တရကြလော့။ ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီ ဟူသော တရားကို ဟောစပြုတော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုအချိန်မှစ၍ ယေရှုသည်“ကောင်းကင်နိုင်ငံတော်ပေါ်ထွန်းလုနီးပြီဖြစ်၍ နောင်တရကြလော့”ဟု စတင်ဟောပြောတော်မူ၏။ မြန်မာ ထိုအခါမှစ၍ ယေရှုက၊ နောင်တရကြလော့။ ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီ ဟူသော တရားကို ဟောစပြုတော်မူ၏။- |
သူတို့ထံသို့ သွား၍ ‘ကောင်းကင်နိုင်ငံတော် ပေါ်ထွန်းချိန်နီးပြီ’ ဟု ဟောပြောကြလော့။
နှစ်ခြင်းဆရာယောဟန် စတင်ဟောပြောချိန်မှစ၍ ယခုတိုင်အောင် ကောင်းကင်နိုင်ငံတော်သည် အတင်းတိုးဝင်ခြင်းခံရ၏။ ထိုအတင်းတိုးဝင်ကြသောသူတို့က နိုင်ငံတော်ကို လုယူသိမ်းပိုက်ကြ၏။
ကိုယ်တော်က “သင်တို့သည် ကောင်းကင်နိုင်ငံတော်၏ လျှို့ဝှက်နက်နဲသောအကြောင်းအရာများကို သိခွင့်ရကြသော်လည်း အခြားသူများမှာ သိခွင့်မရကြ။
အခြားပုံဥပမာတစ်ခုကို မိန့်တော်မူသည်မှာ “ကောင်းကင်နိုင်ငံတော်၏ သဘောသဘာဝသည် ဤအဖြစ်အပျက်နှင့် တူ၏။ လယ်သမားတစ်ဦးသည် ကောင်းသောမျိုးစေ့ကို လယ်၌ ကြဲ၏။
တစ်ဖန် ကောင်းကင်နိုင်ငံတော်သည် ပင်လယ်ထဲသို့ချ၍ ငါးမျိုးစုံကို ဖမ်းမိသောပိုက်ကွန်နှင့် တူ၏။
ကောင်းကင်နိုင်ငံတော်၏ သဘောသဘာဝသည် ဤအဖြစ်အပျက်နှင့် တူ၏။ အပျိုရံဆယ်ဦးတို့သည် ဆီမီးခွက်များကို ကိုင်ဆောင်လျက် သတို့သားအား ကြိုဆိုရန် ထွက်သွားကြ၏။
“ကောင်းကင်နိုင်ငံတော် ပေါ်ထွန်းချိန်နီးပြီဖြစ်သောကြောင့် သင်တို့၏အပြစ်များအတွက် နောင်တရ၍ ဘုရားသခင်ထံတော်သို့ ပြန်လာကြလော့” ဟု ဟောလေ၏။
နိုင်ငံတော်တည်ထောင်ပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်၌လည်း ပြည့်စုံပါစေသော။
‘ယဇ်ပူဇော်ခြင်းထက် သနားကြင်နာတတ်ခြင်းကို ငါပို၍အလိုရှိ၏’ ဟူသည့် ကျမ်းစကားကို သင်တို့ သွား၍ သင်ယူကြလော့။ ဖြောင့်မတ်သောသူတို့ကို နောင်တရစေရန်အတွက် ငါလာ၍ ခေါ်သည်မဟုတ်။ အပြစ်သားများကို နောင်တရစေရန်အတွက် လာ၍ ခေါ်သည်” ဟု မိန့်တော်မူ၏။
သင်တို့အား ငါပြောဆိုသည်မှာ ထိုနည်းတူ အပြစ်သားတစ်ဦး နောင်တရသောအခါ ဘုရားသခင်၏ကောင်းကင်တမန်များ ဝမ်းမြောက်ကြသည်” ဟူ၍ ဖြစ်၏။
ထိုနည်းတူ ဖြောင့်မတ်၍ နောင်တရရန် မလိုသောသူ ကိုးဆယ့်ကိုးဦးအတွက် ဝမ်းမြောက်သည်ထက် အပြစ်မှ နောင်တရ၍ ဘုရားသခင်ထံ ပြန်လာသောသူတစ်ဦးအတွက် ကောင်းကင်ဘုံတွင် ပို၍ ဝမ်းမြောက်ခြင်းရှိလိမ့်မည်။
ခရစ်တော်၏အမည်နာမအားဖြင့် အပြစ်လွတ်ခြင်းတရားနှင့် နောင်တတရားအကြောင်းတို့ကို ဂျေရုဆလင်မြို့မှစ၍ လူမျိုးတကာတို့အား ဟောပြောရမည်။
ယေရှုသည် အမှုတော်လုပ်ငန်းကို စတင်သောအချိန်တွင် အသက်တော်သုံးဆယ်ခန့်ရှိ၏။ လူတို့၏ထင်မြင်ချက်အရ ယေရှုသည် ယောသပ်၏သား ဖြစ်၏။ ယောသပ်သည် ဧလိ၏သား၊
ငါသည် ဖြောင့်မတ်သောသူတို့ကို နောင်တရစေရန်အတွက် လာ၍ ခေါ်သည်မဟုတ်။ အပြစ်သားများကို နောင်တရစေရန်အတွက် လာ၍ ခေါ်သည်” ဟု မိန့်တော်မူ၏။
ထို့နောက် ဘုရားသခင်၏နိုင်ငံတော်အကြောင်းကို ဟောပြောစေရန်နှင့် ဖျားနာသောသူများအား ကျန်းမာစေရန် တပည့်တော်တို့ကို စေလွှတ်တော်မူ၏။
ဤအကြောင်းအရာများကို ထိုသူတို့ကြားရသောအခါ ငြိမ်သက်သွားကြပြီး “ဤသို့ဆိုလျှင် ဘုရားသခင်သည် လူမျိုးခြားတို့အား ထာဝရအသက်ရှင်စေရန်နောင်တရခြင်းအခွင့်ကို ပေးသနားတော်မူပြီ” ဟု ဆို၍ ဘုရားသခင်ကို ချီးမွမ်းကြ၏။
ဤသို့ ယခင်အချိန်ကာလများတွင် လူတို့၏မသိနားမလည်ခြင်းကို ဘုရားသခင်သည် အမှုမထားခဲ့သော်လည်း ယခုမှာ နေရာအသီးသီးတွင်ရှိသော လူအပေါင်းတို့ကို နောင်တရရန် အမိန့်ပေးတော်မူ၏။
ပေတရုက “သင်တို့အပြစ်များကို ခွင့်လွှတ်ခြင်းခံရရန် နောင်တရလျက် ယေရှုခရစ်တော်၏အမည်နာမ၌ သင်တို့အားလုံး နှစ်ခြင်းမင်္ဂလာခံယူကြလော့။ ထိုသို့ပြုလျှင် သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသော လက်ဆောင်ကို လက်ခံရရှိလိမ့်မည်။
နောင်တရ၍ ဘုရားသခင်ထံတော်သို့ ပြန်လာကြစေရန်နှင့် ကျွန်ုပ်တို့၏သခင်ယေရှုကို ယုံကြည်စေရန် ဂျူးလူမျိုးများနှင့် ဂရိလူမျိုးများကို လေးနက်စွာ ဟောပြောခဲ့၏။
ဦးစွာ ဒမတ်စကပ်မြို့သူမြို့သားများ၊ ထို့နောက် ဂျေရုဆလင်မြို့သူမြို့သားများ၊ ယုဒပြည်သူပြည်သားများနှင့် လူမျိုးခြားများအား ‘သင်တို့သည် နောင်တရ၍ ဘုရားသခင်ထံ ပြောင်းလဲကြရမည်။ နောင်တနှင့် လျော်ကန်သည့်အကျင့်ကို ကျင့်ကြရမည်’ ဟု ဟောပြောခဲ့၏။
ထို့ကြောင့် သင်တို့၏အပြစ်များကို ဘုရားသခင် ဖြေလွှတ်တော်မူစေရန် နောင်တရ၍ ပြောင်းလဲကြလော့။
ထို့ကြောင့် ကျွန်ုပ်တို့သည် ခရစ်တော်နှင့်သက်ဆိုင်သော အခြေခံသွန်သင်ချက်များကို ထားရစ်ကာ ရင့်ကျက်ခြင်းသို့ တက်လှမ်းကြစို့။ သေခြင်းသို့ ပို့ဆောင်ပေးသောအကျင့်အတွက် နောင်တရခြင်း၊ ဘုရားသခင်ကိုယုံကြည်ခြင်း၊