ဤအရာအားလုံးသည် ပရောဖက်မှတစ်ဆင့် ထာဝရဘုရားမိန့်တော်မူခဲ့သော ဗျာဒိတ်တော်အတိုင်း ဖြစ်လာရန်ပင် ဖြစ်၏။
မဿဲ 4:14 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤအရာသည် ပရောဖက်ဟေရှာယအားဖြင့် မိန့်တော်မူသော ဘုရားသခင်၏စကားတော်အတိုင်း ဖြစ်ပျက်လာစေရန်ပင်ဖြစ်၏။ ထိုမိန့်တော်မူချက်မှာ Common Language Bible ဤသို့ပြုတော်မူရခြင်းမှာပရောဖက်ဟေ ရှာယ၏ဟောကြားချက်မှန်ကန်လာစေရန် ပင်ဖြစ်သတည်း။ ပရောဖက်ဟေရှာယက၊ Garrad Bible ထို သို့ နေ တော် မူ သည် မှာ ဇာ ဗု လုန် နယ် နဿ လိ နယ် များ ယော် ဒန် မြစ် တစ် ဖက်၊ ပင် လယ် နား တစ် လျှောက် လူ မျိုး ခြား တို့ နေ ရာ အို ဂါ လိ လဲ ပြည် မှောင် မိုက်၌ ထိုင် နေ ရ သော လူ မျိုး သည် ကြီး စွာ သော အ လင်း ကို မြင် ရ၍ သေ မင်း အ ရိပ် လွှမ် မိုး ရာ အ ရပ် တွင် ထိုင် နေ ရ သူ တို့ အ ပေါ်၌ လည်း၊ အ လင်း တောက် ပ လေ ပြီ ဟူ၍ ပ ရော ဖက် ဟေ ရှာ ယ ဖြင့် ရောက် သော ဗျာ ဒိတ် တော် အ တိုင်း ပြည့် စုံ စေ ခြင်း ငှာ တည်း။ Judson Bible ဤအကြောင်းအရာကား၊ ပရောဖက်ဟေရှာယ၏ နှုတ်ထွက်ပြည့်စုံမည် အကြောင်းတည်း။- မြန်မာ့စံမီသမ္မာကျမ်း ဤသည်ကား ပရောဖက်ဟေရှာယအားဖြင့် မိန့်တော်မူသောအရာ ပြည့်စုံခြင်းသို့ရောက်မည့်အကြောင်းတည်း။ မြန်မာ ဤအကြောင်းအရာကား၊ ပရောဖက်ဟေရှာယ၏ နှုတ်ထွက်ပြည့်စုံမည် အကြောင်းတည်း။- |
ဤအရာအားလုံးသည် ပရောဖက်မှတစ်ဆင့် ထာဝရဘုရားမိန့်တော်မူခဲ့သော ဗျာဒိတ်တော်အတိုင်း ဖြစ်လာရန်ပင် ဖြစ်၏။
ဟေရုဒ်မင်း ကွယ်လွန်သည်အထိ ထိုပြည်တွင် နေ၏။ ဤအရာမှာ “ငါသည် ငါ့သားကို အီဂျစ်ပြည်မှ ခေါ်ဆောင်ခဲ့ပြီ” ဟူသည့် ပရောဖက်မှတစ်ဆင့် ထာဝရဘုရားမိန့်တော်မူခဲ့သောစကားတော်အတိုင်း ဖြစ်လာရန်ပင် ဖြစ်၏။
နာဇရက်ဟု ခေါ်သော မြို့၌ နေထိုင်လေ၏။ သို့ဖြစ်၍ “ကိုယ်တော်ကို နာဇရက်မြို့သားဟု ခေါ်ကြလိမ့်မည်” ဟူသော ပရောဖက်တို့၏ ဟောပြောချက်သည် ဖြစ်လာ၏။
သို့ရာတွင် ငါသည် ဤသို့ပြုလျှင် ကျမ်းစာ၌ ဖော်ပြထားသည်မှာ မည်သို့ဖြစ်လာနိုင်မည်နည်း” ဟု မိန့်တော်မူ၏။
သို့သော် ဤအရာများဖြစ်ပျက်ရခြင်းမှာ ကျမ်းစာတွင် ဖော်ပြထားသည့် ပရောဖက်တို့၏ဟောပြောချက်အတိုင်း ဖြစ်လာစေရန်ပင် ဖြစ်သည်” ဟု မိန့်တော်မူ၏။ ထိုအခါ တပည့်တော်ရှိသမျှတို့သည် ယေရှုကို စွန့်ခွာ၍ ထွက်ပြေးကြ၏။
နာဇရက်မြို့သို့ ဦးစွာရောက်တော်မူပြီးနောက် ထိုမြို့မှ ထွက်ခွာ၍ ဇာဗုလုန်နှင့် နဿလိနယ်မြေစပ်ကြားတွင်ရှိသော ဂါလိလဲအိုင်အနီးရှိ ကပေရနောင်မြို့သို့ သွားရောက်နေထိုင်တော်မူ၏။
“ဂျော်ဒန်မြစ်တစ်ဖက် အိုင်နံဘေးတစ်လျှောက်၌ တည်ရှိသည့် ဇာဗုလုန်နှင့် နဿလိနယ်မြေဖြစ်သော လူမျိုးခြားများနေထိုင်ရာ ဂါလိလဲပြည်
ဤအရာသည် ပရောဖက်ဟေရှာယအားဖြင့် မိန့်တော်မူသော ဘုရားသခင်၏စကားတော်အတိုင်း ဖြစ်ပျက်လာရန်ပင် ဖြစ်၏။ ထိုဟောပြောချက်မှာ “ကိုယ်တော်သည် ကျွန်ုပ်တို့၏ ဖျားနာခြင်းနှင့် ရောဂါဝေဒနာများကို ယူဆောင်သွားတော်မူ၏” ဟူ၍ ဖြစ်၏။
သင်တို့အား ငါပြောဆိုသည်မှာ ‘သူသည် ရာဇဝတ်ကျူးလွန်သူများ စာရင်းတွင် ထည့်သွင်းခြင်းခံရ၏’ ဟူသော ကျမ်းစကားသည် ငါ၌ဖြစ်ပျက်လာရမည်။ အဘယ်ကြောင့်ဆိုသော် ငါ့အားရည်ညွှန်းသည့်အရာသည် ဖြစ်ပျက်လျက်ရှိနေသောကြောင့်ဖြစ်သည်” ဟု မိန့်တော်မူ၏။
ထို့နောက် ယေရှုက “မောရှေ၏ပညတ်ကျမ်း၊ ပရောဖက်ကျမ်းများနှင့် ဆာလံကျမ်းများတွင် ငါ့အကြောင်းနှင့် ပတ်သက်၍ ရေးသားထားသမျှသောအရာအားလုံးသည် ဖြစ်ပျက်လာရမည်ဟူ၍ သင်တို့နှင့်အတူရှိစဉ်က ငါပြောဆိုပြီ” ဟု မိန့်တော်မူ၏။
ဤအရာသည် ကျမ်းစာတွင် ‘သူတို့သည် ငါ့ကို အကြောင်းမဲ့ မုန်းကြ၏’ ဟု ဖော်ပြထားသည့်အတိုင်း ဖြစ်လာရန်ဖြစ်၏။
ယေရှုသည် အမှုအလုံးစုံ ပြီးစီးကြောင်းကို သိတော်မူသဖြင့် ကျမ်းစာ၌ ဖော်ပြထားသည့်အတိုင်း ဖြစ်လာစေရန် “ငါရေငတ်သည်” ဟု မိန့်တော်မူ၏။