မဿဲ 27:45 - ခေတ်သစ်မြန်မာ သမ္မာကျမ်း မွန်းတည့်ချိန်မှစ၍ မွန်းလွဲသုံးနာရီတိုင်အောင် မြေပြင်တစ်ခွင်လုံးတွင် အမှောင်ဖုံးလေ၏။ Common Language Bible မွန်းတည့်ချိန်မှအစပြု၍မွန်းလွဲသုံးနာရီတိုင် အောင် မြေတစ်ပြင်လုံးတွင်မှောင်အတိကျလေ၏။- Garrad Bible မွန်း တည့် အ ချိန် က စ၍ မွန်း လွဲ သုံး နာ ရီ အ ချိန် တိုင် တစ် ပြည် လုံး မှောင် ကျ လျက် နေ ၏။ Judson Bible မွန်းတည့်အချိန်မှစ၍ သုံးချက်တီးအချိန်တိုင်အောင် မြေတစ်ပြင်လုံး၌ မှောင်မိုက်အတိ ဖြစ်လေ၏။- မြန်မာ့စံမီသမ္မာကျမ်း မွန်းတည့်ချိန်မှစ၍ မွန်းလွဲသုံးနာရီတိုင်အောင် မြေတစ်ပြင်လုံး၌ အမှောင်ကျရောက်လေ၏။ မြန်မာ မွန်းတည့်အချိန်မှစ၍ သုံးချက်တီးအချိန်တိုင်အောင် မြေတစ်ပြင်လုံး၌ မှောင်မိုက်အတိ ဖြစ်လေ၏။- |
ထိုအချိန်သည် ပသခါပွဲတော်ကျင်းပရန်အတွက် ပြင်ဆင်ရာနေ့၏ မွန်းတည့်ချိန်ခန့် ဖြစ်၏။ ပိလတ်မင်းက “ကြည့်ကြလော့။ ဤသူသည် သင်တို့၏ ရှင်ဘုရင်ပင်ဖြစ်၏” ဟု ဂျူးလူမျိုးတို့ကို ဆို၏။
တစ်နေ့သောအခါ ဆုတောင်းရန်မွန်းလွဲသုံးနာရီအချိန်တွင် ပေတရုနှင့် ယောဟန်တို့သည် ဗိမာန်တော်သို့ သွားကြ၏။
စတုတ္ထကောင်းကင်တမန်သည် တံပိုးခရာမှုတ်သောအခါ နေ၊ လ၊ ကြယ်တို့၏ သုံးပုံတစ်ပုံသည် ထိခိုက်ပျက်စီးသွားသဖြင့် ၎င်းတို့၏အလင်းသည် သုံးပုံတစ်ပုံ လျော့နည်းသွား၏။ နေ့၏သုံးပုံတစ်ပုံနှင့် ည၏သုံးပုံတစ်ပုံသည် အလင်းရောင်မရကြ။
သူသည် တွင်းနက်ကြီးကို ဖွင့်လိုက်သောအခါ မီးခိုးသည် မီးဖိုကြီးမှ ထွက်သည့်အလား တွင်းထဲမှ ထွက်လာ၏။ ထိုမီးခိုးကြောင့် နေနှင့် အာကာသမိုးကောင်းကင်သည် မှောင်မိုက်သွားလေ၏။