မဿဲ 27:46 - ခေတ်သစ်မြန်မာ သမ္မာကျမ်း46 မွန်းလွဲသုံးနာရီအချိန်ခန့်တွင် ယေရှုက “ဧလိ… ဧလိ… လာမရှာဗခသာနိ” ဟု ကျယ်လောင်စွာ အော်ဟစ်တော်မူ၏။ ထိုစကား၏အဓိပ္ပာယ်မှာ “အကျွန်ုပ်ဘုရား… အကျွန်ုပ်ဘုရား… အကျွန်ုပ်ကို အဘယ်ကြောင့် စွန့်ပစ်တော်မူပါသနည်း” ဟူ၍ ဖြစ်၏။ အခန်းကိုကြည့်ပါ။Common Language Bible46 မွန်းလွဲသုံးနာရီအချိန်၌သခင်ယေရှုသည် ``ဧလိ၊ ဧလိ၊ လာမရှာဗခသာနိ'' ဟုကျယ်သောအသံ နှင့်မိန့်တော်မူ၏။ ဆိုလိုသည့်အနက်ကား ``အကျွန်ုပ် ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ်ကြောင့်အကျွန်ုပ် ကိုစွန့်ပစ်တော်မူပါသနည်း'' ဟူ၏။ အခန်းကိုကြည့်ပါ။Garrad Bible46 မွန်း လွဲ သုံး နာ ရီ ခန့် တွင် ယေ ရှု က အ ကျွန်ုပ် ဘု ရား သ ခင်၊ အ ကျွန်ုပ် ဘု ရား သ ခင်၊ အ ကျွန်ုပ် ကို အ ဘယ် ကြောင့် စွန့် ထား တော် မူ သ နည်း ဟု ဆို လို သော ဧ လိ၊ ဧ လိ၊ လာ မာ ရှ ဗတ် ခ သာ နိ ဟူ၍ ကျယ် သော အ သံ နှင့် ဟစ် တော် မူ ရာ။ အခန်းကိုကြည့်ပါ။Judson Bible46 သုံးချက်တီးအချိန်၌ ယေရှုက၊ ဧလိ၊ ဧလိ၊ လာမာရှာဗခသာနိဟု ကြီးသောအသံနှင့် ကြွေးကြော်တော်မူ၏။ အနက်ကား၊ အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ်ကြောင့် အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်းဟု ဆိုလိုသတည်း။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း46 မွန်းလွဲသုံးနာရီခန့်တွင် ယေရှုသည် ကျယ်လောင်သောအသံဖြင့်“ဧလိ၊ ဧလိ၊ လာမာ ရှာဗခသာနိ”ဟု အော်ဟစ်တော်မူ၏။ ၎င်း၏အဓိပ္ပာယ်မှာ“အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်ကို အဘယ်ကြောင့်စွန့်ပစ်တော်မူသနည်း”ဟူ၍ ဖြစ်၏။ အခန်းကိုကြည့်ပါ။မြန်မာ46 သုံးချက်တီးအချိန်၌ ယေရှုက၊ ဧလိ၊ ဧလိ၊ လာမာရှာဗခသာနိဟု ကြီးသောအသံနှင့် ကြွေးကြော်တော်မူ၏။ အနက်ကား၊ အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ်ကြောင့် အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်းဟု ဆိုလိုသတည်း။- အခန်းကိုကြည့်ပါ။ |