သို့သော် ဖာရိရှဲတို့သည် ထိုအကြောင်းကို ကြားသောအခါ “သူသည် နတ်ဆိုးတို့ကို နှင်ထုတ်နိုင်ခြင်းမှာ နတ်ဆိုးမင်းဗေလဇေဗုလ၏တန်ခိုးကို ရရှိထားသောကြောင့်ဖြစ်သည်” ဟု ဆိုကြ၏။
မဿဲ 26:61 - ခေတ်သစ်မြန်မာ သမ္မာကျမ်း “ဤသူက ‘ငါသည် ဘုရားသခင်၏ဗိမာန်တော်ကို ဖြိုဖျက်၍ သုံးရက်အတွင်း ပြန်လည်ဆောက်နိုင်သည်’ ဟု ပြောခဲ့သည်” ဟူ၍ သက်သေခံကြ၏။ Common Language Bible ``ဤသူက `ငါသည်ဘုရားသခင်၏ဗိမာန်တော်ကို ဖြိုဖျက်၍သုံးရက်အတွင်းပြန်လည်ဆောက်နိုင်သည်' ဟုပြောဆိုပါသည်'' ဟူ၍သက်သေခံကြ၏။ Garrad Bible ထို နောက် လူ နှစ် ဦး ရောက် လာ လျက် ဤ သူ က ငါ သည် ဘု ရား သ ခင့် ဗိ မာန် တော် ကို ဖြို ဖျက်၍ သုံး ရက် နှင့် တည် ဆောက် နိုင် ကြောင်း ဆို ပါ သည် ဟု သက် သေ ခံ ကြ သော် Judson Bible ဤသူက ငါသည် ဘုရားသခင်၏ဗိမာန်တော်ကို ဖြိုဖျက်၍ သုံးရက်အတွင်းတွင် တည်ဆောက်နိုင်သည်ဟု ပြောပါသည်ဟု သက်သေခံကြ၏။- မြန်မာ့စံမီသမ္မာကျမ်း “ဤသူက ‘ငါသည် ဘုရားသခင်၏ဗိမာန်တော်ကိုဖြိုဖျက်၍ သုံးရက်အတွင်း ပြန်လည်တည်ဆောက်နိုင်သည်’ဟု ပြောပါသည်”ဟူ၍ ထွက်ဆိုကြ၏။ မြန်မာ ဤသူက ငါသည် ဘုရားသခင်၏ဗိမာန်တော်ကို ဖြိုဖျက်၍ သုံးရက်အတွင်းတွင် တည်ဆောက်နိုင်သည်ဟု ပြောပါသည်ဟု သက်သေခံကြ၏။- |
သို့သော် ဖာရိရှဲတို့သည် ထိုအကြောင်းကို ကြားသောအခါ “သူသည် နတ်ဆိုးတို့ကို နှင်ထုတ်နိုင်ခြင်းမှာ နတ်ဆိုးမင်းဗေလဇေဗုလ၏တန်ခိုးကို ရရှိထားသောကြောင့်ဖြစ်သည်” ဟု ဆိုကြ၏။
ထိုအခါ ယဇ်ပုရောဟိတ်မင်းသည် ထ၍ “သင့်အား ဤသို့ စွပ်စွဲသောထွက်ဆိုချက်များကို တစ်ခွန်းမျှ မတုံ့ပြန်ဘဲနေမည်လော။ သင်၏ အမူကိစ္စနှင့်ပတ်သက်၍ မည်သို့ပြောလိုသနည်း” ဟု ယေရှုကို မေးလေ၏။
ထို့နောက် ပေတရုသည် ဝင်းတံခါးဘက်သို့ ထွက်သွားသောအခါ အခြားအစေခံအမျိုးသမီးတစ်ဦးသည် သူ့ကို သတိပြုမိသဖြင့် အနား၌ရှိသောလူတို့အား “ဤသူသည် နာဇရက်မြို့သားယေရှုနှင့် အတူရှိခဲ့သည်” ဟု ဆို၏။
“ဗိမာန်တော်ကို ဖြိုဖျက်၍ သုံးရက်အတွင်း ပြန်တည်ဆောက်မည့်သူ… သင့်ကိုယ်သင်ကယ်လော့။ သင်သည် ဘုရားသခင်၏သားတော် မှန်လျှင် လက်ဝါးကပ်တိုင်မှ ဆင်းလော့” ဟု ကိုယ်တော်အား ပြက်ရယ်ပြုကြ၏။
ထိုအခါ ယုဒသည် ထိုငွေဒင်္ဂါးပြားသုံးဆယ်ကို ဗိမာန်တော်၌ ပစ်ချ၍ ထွက်သွား၏။ ထို့နောက် အခြားတစ်နေရာသို့ သွားပြီးလျှင် မိမိကိုယ်ကိုယ် ဆွဲကြိုးချ၍ အဆုံးစီရင်လေ၏။
“ဤသူက ‘လူ့လက်ဖြင့် ဆောက်လုပ်သော ဤဗိမာန်တော်ကို ငါဖြိုဖျက်၍ လူ့လက်ဖြင့် မဆောက်လုပ်သော ဗိမာန်တော်ကို သုံးရက်အတွင်း ငါတည်ဆောက်မည်’ ဟူ၍ ပြောဆိုသည်ကို အကျွန်ုပ်တို့ ကြားရပါသည်” ဟု မဟုတ်မမှန်ထွက်ဆိုကြ၏။
ဖြတ်သန်းသွားလာသူတို့သည် ခေါင်းခါလျက် “ဗိမာန်တော်ကို ဖြိုဖျက်၍ သုံးရက်အတွင်း ပြန်တည်ဆောက်မည့်သူ…
ထိုသူတို့က “ဤသူသည် ပြည်သူလူထုကို လမ်းမှားစေ၍ ဆီဇာဘုရင်ထံ အခွန်ပေးဆောင်ခြင်းအား တားမြစ်နေသည်ကိုလည်းကောင်း၊ မိမိကိုယ်ကိုယ် ခရစ်တော်ဟူသော ရှင်ဘုရင်တစ်ပါးဖြစ်ကြောင်း ပြောဆိုနေသည်ကိုလည်းကောင်း အကျွန်ုပ်တို့တွေ့ရှိပါသည်” ဟု စွပ်စွဲကြ၏။
ဘုရားသခင်သည် မောရှေကို မိန့်မြွက်ပြောဆိုသည်ကို ငါတို့သိကြ၏။ ဤသူသည် အဘယ်ကလာသည်ကိုပင် ငါတို့မသိပါ” ဟု ကဲ့ရဲ့ရှုတ်ချလျက် ဆိုကြ၏။
ဧပိကုရု၏တပည့်များနှင့် သတောအိတ်အတွေးခေါ်ပညာရှင် တချို့သည်လည်း သူနှင့်အတူ အချေအတင်ငြင်းခုံဆွေးနွေးကြ၏။ တချို့က “ဤစကားအိုးသည် မည်သည့်အရာကို ပြောလိုသနည်း” ဟု ပြောကြ၏။ အခြားသူတို့ကလည်း “သူသည် တိုင်းတစ်ပါး နတ်ဘုရားများအကြောင်းကို ပြောပြနေဟန်ရှိ၏” ဟု ဆိုကြ၏။ ဤသို့ပြောဆိုခြင်းမှာ ပေါလုသည် ယေရှုအကြောင်းနှင့် သေရာမှပြန်ရှင်ခြင်းအကြောင်းတို့ကို ဟောပြောနေသောကြောင့်ဖြစ်၏။
သူတို့က “ဤသူသည် ပညတ်ကျမ်းနှင့် ဆန့်ကျင်ဘက်ပြုလျက် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ကြစေရန် လူတို့အား သွေးဆောင်နေပါ၏” ဟူ၍ စွဲချက်တင်ကြ၏။
လူတို့သည် ဤမျှကြာအောင် နားထောင်နေကြပြီးနောက် လူမျိုးခြားတို့အကြောင်း ပေါလုပြောဆိုသည်ကို ကြားသောအခါ မိမိတို့၏အသံကို ကျယ်လောင်စွာ အော်ဟစ်၍ “ဤကဲ့သို့သော သူကို ကမ္ဘာမြေပေါ်မှ သုတ်သင်ဖယ်ရှားလော့။ သူသည် အသက်မရှင်ထိုက်” ဟု ဆိုကြ၏။