မဿဲ 25:30 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယခု ဤအသုံးမကျသောအစေခံကို အပြင်ဘက်အမှောင်ထဲသို့ နှင်ထုတ်ကြလော့။ ထိုနေရာ၌ သူသည် အံကြိတ်၍ ငိုကြွေးရလိမ့်မည်’ ဟု ဆို၏။ Common Language Bible အသုံးမကျသည့်ဤကျွန်ကိုအပြင်အမှောင်ထဲ သို့ထုတ်လိုက်ကြ။ သူသည်ထိုအရပ်တွင်ငိုကြွေး မြည်တမ်း၍အံသွားခဲကြိတ်လျက်နေရလိမ့် မည်' ဟုဆို၏။'' Garrad Bible အ သုံး မ ရ သော ထို ကျွန် ကို ပြင် ပ မှောင် ထဲ သို့ ပစ် ချ လော့။ ထို အ ရပ်၌ ငို ကြွေး ခြင်း၊ အံ ကြိတ် ခြင်း ရှိ ရ လ တ္တံ့ ဟု အ မိန့် ရှိ၏။ Judson Bible အသုံးမရသော ထိုငယ်သားကို ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာ၊ ပြင်အရပ်မှောင်မိုက်ထဲသို့ နှင်ထုတ်ချလိုက်ကြဟု စီရင်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း အကျိုးမပြုသော ဤအစေအပါးကိုကား အပြင်ဘက်အမှောင်ထဲသို့ နှင်ထုတ်ကြလော့။ ထိုနေရာ၌ ငိုကြွေးခြင်းနှင့်အံကြိတ်ခြင်းရှိလိမ့်မည်’ဟု ဆိုလေ၏။ မြန်မာ အသုံးမရသော ထိုငယ်သားကို ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာ၊ ပြင်အရပ်မှောင်မိုက်ထဲသို့ နှင်ထုတ်ချလိုက်ကြဟု စီရင်တော်မူ၏။ |
ထို့နောက် ဆိုးသွမ်းသူများကို မီးဖိုထဲသို့ ပစ်ချကြသဖြင့် သူတို့သည် အံကြိတ်၍ ငိုကြွေးရလိမ့်မည်” ဟု မိန့်တော်မူ၏။
ထိုအခါ ဘုရင်က အခြွေအရံတို့အား ‘သူ၏ ခြေလက်တို့ကို ချည်၍ အပြင်ဘက်အမှောင်ထဲသို့ ပစ်လိုက်ကြလော့။ ထိုနေရာ၌ သူသည် အံကြိတ်၍ ငိုကြွေးရလိမ့်မည်’ ဟု ဆိုလေ၏။
ထိုအခါ သူ့အား ပြင်းထန်စွာ ပြစ်ဒဏ်ပေး၍ သူတော်ကောင်းယောင်ဆောင်သူများနှင့်အတူ နေရာချထားလိမ့်မည်။ ထိုနေရာ၌ သူသည် အံကြိတ်၍ ငိုကြွေးရလိမ့်မည်။
သစ်ပင်အမြစ်နားတွင် ပုဆိန်ကို ချထားပြီ။ ထို့ကြောင့် ကောင်းသောအသီး မသီးသည့်အပင်ရှိသမျှတို့သည် ခုတ်လှဲခံရ၍ မီးထဲသို့ ပစ်ချခံရလိမ့်မည်။
သင်တို့သည် ဤလောက၏ဆား ဖြစ်ကြ၏။ သို့ရာတွင် ဆားသည် အငန်ဓာတ်ပျောက်ဆုံးလျှင် ငန်သောအရသာကို မည်သို့ပြန်ရနိုင်မည်နည်း။ မည်သည့်အရာအတွက်မျှ အသုံးမဝင်တော့ဘဲ အပြင်သို့ ပစ်လိုက်သဖြင့် လူတို့၏နင်းခြေခြင်းကို ခံရရုံသာ ရှိပေမည်။
နိုင်ငံတော်သားများဖြစ်သော အစ္စရေးလူမျိုးတို့မှာမူ အပြင်ဘက်မှောင်မိုက်သောအရပ်သို့ နှင်ထုတ်ခံကြရလိမ့်မည်။ ထိုနေရာ၌ သူတို့သည် အံကြိတ်၍ ငိုကြွေးရလိမ့်မည်” ဟု မိန့်တော်မူ၏။
အာဗြဟံ၊ ဣဇာက်၊ ယာကုပ်နှင့် ပရောဖက် အားလုံးတို့သည် ဘုရားသခင်၏နိုင်ငံတော်ထဲ၌ ရှိနေသည်ကို မြင်ရသော်လည်း သင်တို့သည် အပြင်သို့ နှင်ထုတ်ခြင်းခံရကြမည်။ ထိုနေရာ၌ သင်တို့သည် အံကြိတ်၍ ငိုကြွေးရလိမ့်မည်။
ငါ၌ မတည်သောသူသည် အကိုင်းအခက်ကဲ့သို့ အပြင်သို့ လွှင့်ပစ်ခြင်းကို ခံရ၍ ခြောက်သွေ့သွားရ၏။ ထိုကဲ့သို့ အသုံးမဝင်သောအကိုင်းအခက်များကို လူတို့သည် စုပုံ၍ မီးရှို့တတ်ကြ၏။
ကျွန်ုပ်တို့၏လူတို့သည် ကောင်းမှုပြုရန် လေ့လာသင်ယူကြရမည်။ သို့မှသာ သူတို့သည် အကျိုးရှိရှိ အသက်ရှင်နေထိုင်နိုင်ပြီး အခြားသူများ အရေးပေါ်လိုအပ်ချက်ရှိသောအချိန်၌ ကူညီပေးနိုင်ကြမည်။
ထိုသူတို့သည် ခန်းခြောက်သော စမ်းရေတွင်းများ၊ မုန်တိုင်းကြောင့် လွင့်ပါသွားသော မိုးတိမ်များဖြစ်ကြ၏။ သူတို့အတွက် အမှောင်မိုက်ဆုံးအမှောင်နေရာကို ပြင်ဆင်ထား၏။
သူတို့သည် မိမိတို့၏ အရှက်ကို အမြှုပ်ကဲ့သို့ ထစေသော အထိန်းအကွပ်မဲ့ပင်လယ်လှိုင်းလုံးများနှင့်တူကြ၏။ လှည့်လည်နေသောကြယ်များနှင့် တူကြ၏။ ထိုကြယ်များအတွက် အမှောင်မိုက်ဆုံးသော ထာဝရအမှောင်ကို ပြင်ဆင်ထား၏။
သို့ရာတွင် ကြောက်တတ်သူများ၊ မယုံကြည်သူများ၊ စက်ဆုပ်ရွံ့ရှာဖွယ်ကောင်းသူများ၊ လူသတ်သမားများ၊ တရားနှင့်မညီသော မေထုန်ကို ပြုသူများ၊ ပြုစားတတ်သူများ၊ ရုပ်တုကိုးကွယ်သူများနှင့် လိမ်လည်သူများအားလုံးတို့သည် ကန့်နှင့် လောင်သောမီးအိုင်ထဲသို့ ပစ်ချခြင်းခံကြရမည်။ မီးအိုင်သည် ဒုတိယသေခြင်းဖြစ်၏” ဟုမိန့်တော်မူ၏။